အယ်ဒီတာ့အာဘော်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆင့်ဆင့်ကို ပါဝင်တိုက်ဖျက်ခြင်းဖြင့် ယဉ်ကျေးသော လူ့ဘောင်တစ်ရပ် ကို အစပြုဖော်ဆောင်စို့

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး လိုအပ်ချက် များကြားတွင် နှစ်ဖက်စစ်ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်နေရုံဖြင့် ပြည်သူလူထုမှ လိုအပ်နေသော တရား မျှတမှုများ အလိုအလျောက်ရရှိလာမည် မဟုတ်ပေ။

မဟာဖိုဝါဒအတွေးအခေါ်သမားများကို ဦးဆောင်မှုနေရာပေးသင့်သလား

အခုလို ဝန်ကြီးချုပ် တစ်ယောက်က ပြောလိုက်တဲ့အချိန်မှာ “အကြမ်းဖက်မှုကို အားပေးတယ်” ဆိုတာထက် ကျော်လွန်ပြီး စဉ်းစားစရာတွေ အများကြီးထွက်ပေါ်လာပါ တယ်။ ဒီစကားရဲ့ နောက်ခံအယူအဆကို သေချာဆန်းစစ်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို အမျိုးသားတွေက ပိုင် ဆိုင်တယ်၊ မိန်းမတစ်ယောက်ဟာ ယောက်ျားရသွားမှ အဆင်ပြေမယ်၊ လုံခြုံမယ်ဆိုတဲ့ “ မိန်းမတွေကို အိမ်၊ ခြံ၊ ကားစတဲ့ ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့” ပိုင်ဆိုင်မှု သတ်မှတ်ချက်ကို ထင်းထင်းကြီးတွေ့ရပါမယ်။

ခွဲခြားဆက်ဆံသောလူ့အဖွဲ့အစည်း

“ငါဟဲ့ ယောကျ်ား” လို့ ကိုယ့်ကိုယ်ကိုအားပေးတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မျိုးကို တွေ့ရပြီး ဒီလိုမဟာဖိုဝါဒနဲ့ စစ်ဝါဒတို့ ဆက်စပ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအဖြစ် လိင်အခြေပြုခွဲခြားဆက်ဆံတဲ့ လူမှုစနစ်ကြီးကို တည် ဆောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။