
HD ဖိုင်နဲ့ အကျပ်ကိုင်ပြီးလိင်အမြတ်ထုတ်နေသူကို တွန်းလှန်ခဲ့သူ
“အွန်လိုင်းကနေ အခုလို ခြိမ်းခြောက်လာပြီ။ အသရေဖျက်မယ်လို့ ပြောလာရင်တော့ အမျိုးသမီးတွေ အနေနဲ့ record (မှတ်တမ်း)ယူပြီးတော့မှ သက်ဆိုင်ရာ ဥပဒေဖြစ်တဲ့ ၆၆(ဃ)နဲ့ တရားစွဲဖို့ လိုပါတယ်။ အဲ့လိုငြိမ်ခံရင် အမျိုးသမီးတွေက ခြိမ်းခြောက်သူရဲ့ ဆန္ဒကို ဖြည့်ပေးရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်သလိုမျိုးဖြစ်လာတယ်။ ဒီလိုဖြစ်လာရင်တော့ လုံးဝသည်းမခံတော့ဘဲ သက်ဆိုင်ရာ ဥပဒေနဲ့တိုင်သင့်တယ်”

ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ အမျိုးသမီးတွေဘယ်လိုရှင်သန်နေထိုင်နေသလဲ
“စိတ်ချမ်းချမ်းသာသာနဲ့ နေချင်တယ် အရမ်းကြီး မခမ်းနားရင်နေပါ။ လုံခြုံတယ် စားအသောက် အလုံအလောက်ရှိရင် ကျေနပ်တယ်။ အခု ကျမ ကလေးက အင်္ကျီရှိရင် ဘောင်းဘီမရှိဘူး။ ကလေးတွေလည်း သူများကလေးတွေနဲ့တူအောင် ထားချင်တယ်”

သင်္ကြန်ရှိနေသမျှ သံချပ်လည်းရှိနေမယ်
“ အိမ်ကတော့မိန်းကလေးဖြစ်တဲ့အတွက် ထောင်ဆိုတဲ့နေရာနဲ့ မိန်းကလေးနဲ့ မအပ်စပ်ဘူးပေါ့။ နောက်တခါထပ်ထောင်ကျမှာအရမ်းစိုးရိမ်ကြတယ်”

စစ်မြေပြင်မှာဖြတ်သန်းရတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့
“ ကျမ တို့ဒီလအတွင်း စစ်ပွဲ၂ ကြိမ်ရှောင်ရပြီ၊ တိုက်ပွဲငြိမ်ရင်အိမ်ကိုပြန်လိုက် အသံကြားရင်ပြန်လာလိုက်ပဲ။ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ တောင်းဆိုချင်တယ်”

လူသားအချင်းချင်း တန်းတူအခွင့်အရေးရဖို့ မျှော်လင့်နေကြတဲ့ LGBT များ
“LGBT အခွင့်အရေးက အထူးအခွင့်အရေးမဟုတ်ဘူး။ LGBTအခွင့်အရေးက လူ့အခွင့်အရေးပဲ ဖြစ်ပါတယ်”

နမ့်ခမ်းမြေက ပထမဆုံး တအာင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်
“ ဒီဒေသမှာ အမျိုးသမီး အခက်အခဲကတော့အများကြီးပါပဲ။ လက်နက်ကိုင်တွေခေါ်ပြီး ပြန်လွှတ်တာတွေရှိတယ်။ ဒီကိစ္စကတော့ ကျမအနေနဲ့က ပါတီထဲမှာ လူကြီးတွေ အာဏာပိုင်တွေ သက်ဆိုင်ရာတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဆောင်ရွက်ပေးမှာပါ။ အမျိုးသမီးတွေရဲ့လုံခြုံရေးကအစ ကျမ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း၊ အကြံယူပြီးတော့ ဆောင်ရွက်သွားပါမယ်”

Q စင်တာရောက် အမျိုးသမီးတွေ လုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်ကြီးက ပေးတဲ့ သင်ခန်းစာ
“Quarantine ထပ်မဝင်ချင်တော့ဘူး။ Q စင်တာက မလုံခြုံဘူး။ သူတို့လည်း အချိန်ပြည့် မစောင့်ပေးနိုင်ဘူး။ အဲ့နေရာကို မနေချင်ဘူး အိမ်ပြန်မယ်လို့ပြောတယ်။ ပေးမပြန်ဘူး။ မနေချင်ပေမယ့် သူများကို မနိုင်တော့ Q ထပ်ဝင်ရတယ်”

“နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ချင်တယ်၊ အမျိုးသမီး နိုင်ငံရေးသမားတွေကို အလိုရှိတယ်”
“လူတွေက နိုင်ငံရေးသမားတွေဆို နည်းနည်းအထင်သေးကြတယ်။အလုပ်မရှိ အကိုင်မရှိပေါ့။ ကိုယ့်အတွက်လည်းအကျိုးအမြတ်လည်းမရပဲ ဘာမှလည်းဟုတ်တာမဟုတ်ပဲ လုပ်နေကြတယ်ပေါ့။ တကယ်တော့ နိုင်ငံရေးသမားဆိုတာ အဲ့ဒီလိုမဟုတ်ဘူး။ တကယ့်ကို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လျှောက်လှမ်းနေတဲ့သူတွေဆိုတာကို ပြချင်တာ။ အဲ့ဒီလိုဖြစ်အောင်လို့လည်း ကြိုးစားနေတယ်"

TNLA ပေးတဲ့ အကြွေးနွံထဲနစ်ခဲ့ရတဲ့ မိုးကုတ်မြို့က အမျိုးသမီး
“ဖမ်းပြီး မရိုက်ခင်တုန်းကတော့ မိုးမြန်မြန်လင်းဖို့ ဆုတောင်းရတယ်။ ရိုက်ခံရပြီးနောက်တော့ မိုးမလင်းဖို့ ညတိုင်းဆုတောင်းနေရတယ်။ အန်တီ ဘဝ အရမ်းနစ်နာခဲ့တယ်။ မရှိရှိတာ ချေးပြီး ပေးခဲ့တယ်။ ဒဏ်ရာရခဲ့တယ်။ အမေလည်းဆုံးရတယ်။ အမျိုးသမီးကိုလုပ်တာ လူမဆန်မှုတွေကို အန်တီ မကျေနပ်ဘူး”

အမျိုးသမီးတွေ တွန်းလှန်ဆန့်ကျင်နိုင်တဲ့ အိမ်တွင်းအကြမ်းဖက်မှု
“ကိုယ့်ကို ယောကျာ်းတယောက်က ဘယ်လိုပဲပြုမူဆက်ဆံပါစေ ကိုယ့်စိတ်က လက်မခံနိုင်ဘူး။ မကြိုက်ဘူးဆိုရင် ချက်ခြင်းတုန်ပြန့်ပါ။ တခါသည်းခံခွင့်လွှတ်လိုက်ရင် နောင် ကိုယ့်အသက်ပါ အန္တရာယ်ရှိလာနိုင်တာမို့ ဘယ်တော့မှ ခေါင်းငုံ့သည်းခံမနေပါနဲ့”


