သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မှာ အမျိုးသမီး ၈ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

ရခိုင်ပြည် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ(ရွာဟောင်း)ကျေးရွာကို ၁၃ရက်နေ့မနက် ၁၀ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် အမျိုးသမီး ၈ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မင်းပြားမြို့နယ် ဖားပြိုရွာက မုဒိမ်းကျင့် သတ်ဖြတ်ခံရမှု အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေနှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်တောင်းဆို

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ရခိုင်ပြည် မင်းပြားမြို့နယ် ဖားပြိုကျေးရွာက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုကို အကြီးမားဆုံးပြစ်ဒဏ်ချမှတ်ပေးဖို့ အမျိုးသမီးအဖွဲ့နှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၃ ရက်ကနေ ၉ ရက်နေ့အထိတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

အပစ်ရပ်ထားကြတဲ့ဧပြီလအတွင်း စစ်ပွဲကြောင့် အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့သလို မတ်လမှာလည်း ၆၆ ဦး ထပ်မံသေဆုံးခဲ့ရပါတယ်။ အပစ်ရပ်ထားတဲ့ဧပြီလမှာလည်း စစ်ကောင်စီလက်ချက်နဲ့ အမျိုးသမီး ၇၁ ဦးသေဆုံးခဲ့ရတဲ့ထိ မြင့်တက်လာတာဖြစ်ပါတယ်။

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီ ၂၇ ရက်မှ မေလ ၂ ရက်အတွင်းတစ်ပတ်တာ…

“ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ အလုပ်သမား အခွင့်အရေးတန်းတူရေး” နှင့် “လုံခြုံသောလုပ်ငန်းခွင်ဖန်တီးရေး”တို့သည် ယခုနှစ်မေဒေးတောင်းဆိုချက်ဖြစ်လာ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်မှာရှိသော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများကွန်ရက်ဖြစ်သော ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ယက်အဖွဲ့ (MRPWG) က ထိုင်းစံတော်ချိန် ညနေ ၄ နာရီမှာ ကျင်းပခဲ့ သည့် မေလ ၁ ရက် (အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့) အခမ်းအနားကို ထိုင်းအလုပ်သမားများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တက်ရောက်ခဲ့ပါသည်။

မောင်တောမှာ ပထွေးကအဓမ္မပြုကျင့်ခဲ့မှု ခြောက်လခန့်အကြာမှာ ဖော်ထုတ်နိုင်

မောင်တောမြို့နယ် ခရေမြိုင်(ချရားတန်း)ကျေးရွာက အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပထွေး ဖြစ်သူက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ကို ခြောက်လခန့်အကြာမှာ ဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အာရက္ခ တပ်တော်(AA)က ဖမ်းဆီးထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

အဓမ္မပြုကျင့်၊သတ်ဖို့ကြံစည်ခံရတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီးအမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့ GKYA တောင်း ဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာက ကလေးတစ်ဦးမိခင် အမျိုးသမီးတစ်ဦးကိုအာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင် နှစ်ဦးက အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ရန် ကြံစည်မှုနှင့် ပတ်သက်လို့ လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကိုအမြန်ဆုံးဖော်ဆောင်ပေးဖို့ နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA)က ကြေညာချက်ထုတ် ပြန်တောင်းဆိုလိုက်ပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီလ ၂၀ ရက်ကနေ ၂၆ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။