သတင်း

သြဂုတ်လတွင် စစ်အုပ်စုလက်ချက်ဖြင့် အမျိုးသမီး ၇၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရ

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများကိုပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က စက်တင်ဘာလ ၈ရက်နေ့ ရက်စွဲဖြင့်  ထုတ်ပြန်လိုက်သည်။

မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရသူများထဲမှ  အမျိုးသမီးတဦး ထပ်မံသေဆုံး

မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲက ဆေးကုသနေတဲ့ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံး ၁၅ဦးရှိသွားကြောင်း သိရပါတယ်။

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၃၁  ရက်ကနေ စက်တင်ဘာ…

အမျိုးသမီး ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့သူကို  ထောင်ဒဏ်နှစ် ၄၀ ချ

ရခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်သုံးခုက အမျိုးသမီးငယ် ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အမှုလေးခုအတွက် ထောင်ဒဏ်နှစ် ၄၀ အမိန့်ချမှတ်ခဲ့ပြီး ၇မှုအအတွက်ထပ်မံအမိန့်ချရန် ကျန်သေးတယ်လို့ သတင်းရရှိပါတယ်။

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို စစ်ကော်မရှင်က ကန့်သတ်

ပဋိပက္ခဒေသအချို့မှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို စစ်ကော်မရှင်က ကန့်သတ်ကုန်ပစ္စည်းအဖြစ်သတ်မှတ်ပြီး ပိတ်ပင်ထားတာနဲ့ပတ်သတ်လို့ ဒေသခံတွေဘယ်လိုအခက်အခဲကြုံတွေ့နိုင်မလဲဆိုတဲ့ မေးမြန်းချက်များ

ပြည်အကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများ ကျန်းမာရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများအပါအဝင် အကျဉ်းသားများအားလုံး အပုပ်နံ့ ထွက်နေသော သောက်သုံးရေများကိုသာ သောက်သုံးနေရပြီး ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၂၄ ရက်ကနေ ၃၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။