Home ဆောင်းပါး အတွေးအမြင်
Category:

အတွေးအမြင်

အတွေးအမြင်ဆောင်းပါးများ

  • ဆရာမ နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ဖမ်းဆီးခဲ့တယ်ဆိုတာတွေကို အတိအကျမသိရပေမယ့် သူတို့နှစ်ဦးကို ခံဝန် ချက်နဲ့ “ရုံးမတင်သောတရားခံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်လွှတ်ပေးတယ်ဆိုပါတယ်။ ကျမအနေနဲ့က ဥပဒေပညာ ရှင်လည်းမဟုတ်တော့ ဒီခံဝန်ချက်၊ ရုံးမတင်သောတရားခံစတဲ့ အသုံးအနှုန်းခေါင်းစဉ်အပေါ်ကို သေချာနားမ လည်သလို ငြင်းချက်ထုတ်ရှင်းလင်းမှုလည်း မလုပ်လိုပါဘူး။

  • အခွင့်အရေးနဲ့ပတ်သက်ရင် တာဝန်ခံမှုမရှိတဲ့ ခေတ်စနစ်၊ အစိုးရအဆင့်ဆင့်မှာ ပုံမှန် နေသားတကျ ကြီးပြင်းလာသူတွေအနေနဲ့ အခြေအမြစ်မရှိတဲ့ လက်ခံယုံကြည်မှုတွေ အမြစ်တွယ်နေတာ မထူးဆန်းပါဘူး။

  • ဘာသာတရားကို ကြောင်းပြု၍ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးပိနေသင့်ပါသလား စသဖြင့်အတွေးခြေဆန့်သွားပါသည်။

  • မိမိကိုယ်မိမိကာကွယ်ပါ။ သူများကိုလည်း အားပေးပါ။ တကယ်လိုအပ်တဲ့အချိန်မှာ အားပေးခြင်းခံတဲ့အခါ အားပေးတဲ့သူရော အားပေးခံရတဲ့သူရော နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ ဥပမာ – ဖုန်းလေးဆက်ပြီး အားပေးတာမျိုး၊ တကယ့်ကို အကူညီလိုအပ်နေသူတွေကို ဖော်ထုတ်ပြီး လူမှုဝန်းကျင်က စုပေါင်းကူညီခြင်းဖြင့် တလုံးတဝတည်း စုစည်းညီညွှတ်ခြင်း ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။

  • အမျိုးသားတစ်ယောက်ယောက်က နည်းလမ်းမကျတဲ့အရာ တခုခုကို ပြောဆိုနေရင်၊ လုပ်ကိုင်နေရင်၊ အဲဒီလိုပြောတတ်ကြပါတယ်။ “မိန်းမကြီးကျနေတာပဲ၊ တဗျစ်တောက် တောက်နဲ့ပြောနေလိုက်တာ” “ထမီဝတ်ထားပါလား” စတဲ့စတဲ့ စကားတွေကို ကြည့်ရင် အသုံးမကျသော ဒါမှ မဟုတ် အမှားလုပ်သော ယောက်ျားများဟာ မိန်းမနဲ့တူတယ်လို့ ဆိုလိုနေတာ မဟုတ်ပါလား။

  • မြန်မာနိုင်ငံမှာ စကားတွေကအစ အမျိုးသမီး တွေကို နှိမ့်ချတန်ဖိုးဖြတ်ထားတာတွေ အတော်များများရှိပါတယ်။ “ မိန်းမကျင့်မိန်းမကြံနဲ့ မကောက်ကျစ်ချင်နဲ့” ဆိုတာမျိုး…။ လောကမှာကောက်ကျစ်တဲ့မိန်းမတွေရှိနိုင်သလို ကောက်ကျစ်တဲ့ ယောကျ်ားတွေလည်းအများကြီး ရှိပါတယ်။

  • စိတ်ဖိစီးမှုတွေ အများကြီးကြုံတွေ့ရတဲ့ အမျိုးသားတွေမှာ တခါတလေမှာ စိတ်ဖိစီးမှုကို ဖြေ ဖျောက်ဖို့အတွက် အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေ ရှိတတ်ပါတယ်။ စိတ်ဖိစီးမှု လျော့ချနိုင်ဖို့ အရက်သောက်ကြတယ်၊ အရက်မူးတဲ့အခါမှာ စိတ်ထွက်ပေါက်အနေနဲ့ မိန်းမကို အကြမ်းဖက် လာကြတာ တွေ့ရပါတယ်။

  • ဒီဖြစ်ရပ်ကြောင့် ကာတွန်းဆရာတွေဟာ အမျိုးသမီးတွေနဲ့ပါတ်သက်ပြီး ကာတွန်းရေးဆွဲမှုတွေအပေါ် သတိထားလာကြမယ်လို့ မျှော်လင့်ရပေမယ့်လည်း ကျားမရေးရာဆိုင်ရာ အယူအဆတွေကို နားလည်ဖို့နဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ ေ၀ ဖန်သရော်လိုတဲ့အမူအကျင့်တွေကိုတော့ အများကြီးပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်။

  • ”စစ်စဖြစ် တုံးက ဒီကိုပြေးလာကြတယ်။ အဲဒီတုံးက ကလေးတွေက သေးသေးလေး အခု (၈) နှစ်ကျော်သွား ပြီလေ သူတို့တွေကြီးလာကြပြီး အခန်းက အရင်အတိုင်း သေးသေးလေးပဲ။ မဆန့်တော့ဘူး ကြပ် ပိတ်ပြီးနေနေရတယ်”

  • လူ့အဖွဲ့အစည်းလို့ သုံးနှုန်းလိုက်တာနဲ့ လိင်ကွဲပြားမှုအရ အမျိုးသားရော၊ အမျိုး သမီးပါ အကျုံးဝင်နေပါတယ်။ ခေတ်အဆက်ဆက် အမျိုးသမီးတွေအတွက် တရားမျှတမှုကင်းမဲ့တယ်ပဲဆိုဆို၊ ဒီကနေ့ထိ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတုန်းလို့ပဲပြောပြော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ဓလေ့ထုံးတမ်းတွေအရ အမျိုးသားတွေ ကို ရှေ့တန်းတင်ခြင်း၊ အမျိုးသမီးတွေအပေါ် နိုင်လိုမင်းထက် ပြုနိုင်သယောင် သင်ကြားလမ်းညွှန်ခဲ့ကြတဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ လူ့အဖွဲ့အစည်းကြီးထဲမှာ စိမ့်ဝင်ခဲ့ရပါတယ်။