Home ဆောင်းပါး အတွေးအမြင်
Category:

အတွေးအမြင်

အတွေးအမြင်ဆောင်းပါးများ

  • အတိတ်ကာလများက ကောင်းမြတ်သည်ဟူ၌ စံပြုထားရှိခဲ့ကြပြီးလျှင်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းသဖွယ် ဖြစ်နေသည့် အချက်အလက်များ၊ အကြောင်းအရာများကို ပြန်လည်ဆန်းစစ်ရသော တာဝန်မှာ မလွယ်ကူလှပါ။ တရားမျှတမှုကို ပိုမိုလိုအပ်နေဆဲ ကမ္ဘာကြီးအတွက် ကျွန်တော်တို့ စုပေါင်းလုပ်ဆောင်ရပါမည်။

  • “ဘုန်းနိမ့်လို့” “ယုတ်ညံ့လို့” “ညစ်ညမ်းလို့” ဆိုတဲ့ စကားစုတွေအောက်မှာ အမျိုးသမီးတွေ ခေါင်းငုံ့ခံနေရပါတယ်။ ပြန်ချေပမယ်ဆိုပြန်ရင်လည်း ဘာသာရေးကို မလေးစားတဲ့သူ၊ အစဉ်အလာတွေကို မလိုက်နာတဲ့သူတွေဆိုပြီး အမည်တပ်ခေါ်ဝေါ်သမုတ်ခံရမှာစိုးတဲ့အတွက် အသံတွေလည်း မထွက်လာနိုင်ကြပါဘူး။

  • ဒီလိုသာ အဓမ္မအနိုင်ကျင့်ဆက်ဆံတာကို သားမယားပြုကျင့်တယ်လို့ ဆိုလိုက်မယ်ဆိုရင် ဒါဟာ ကိုယ့်အမေ အပါအဝင် အမျိုးသမီးတွေ ရဲ့အဆင့်ကို နှိမ့်ချ စော်ကားလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒီနောက်ဆက်တွဲမှာတော့ လင်ယောကျ်ားက ဆက်ဆံတာ နဲ့ မုဒိမ်းကောင်က ပြုကျင့်တဲ့ အဓမ္မမှုဟာ အတူတူပဲလို့ အဓိပ္ပါယ် ပေါက်သွားပါတယ်။

  • LGBT တွေကို အမှန်တကယ်လက်ခံလာတဲ့ စစ်မှန်တဲ့ပြောင်းလဲမှုလား။ ဒါမှမဟုတ်ရင် ဖက်ရှင်လိုမျိုး ထင်မြင်ပြီး ဘာမသိညာမသိ ထောက်ခံနေတာလားဆိုတာကတော့ ဝေခွဲမရဖြစ်နေဆဲပါ

  • မင်္ဂလာနံနက်ခင်းပါလို့ မခံစားရလေအောင် အိပ်ရာကနိုးတာနဲ့ ပထမဆုံးကြားသိရတဲ့သတင်းတွေထဲမှာ “မုဒိမ်းမှု”ဆိုတာမပါတဲ့မနက်ခင်း မရှိသလောက်ဖြစ်နေတဲ့  မြန်မာ့လူ့အသိုင်းအဝိုင်းဟာ မုဒိမ်းမှုကို ယဉ်ပါး လာပြီလို့ ဆိုနိုင်ပါတယ်။

  • ဤကမ္ဘာပေါ်တွင် အမျိုးသမီးနှင့် အမျိုးသားတို့သည် တပြိုင်တည်း ပေါ်ပေါက်လာသော လူသား “ဓာတ်ဖို” နှင့် “ဓာတ်မ” များ ဖြစ်ကြသည်။

  • စားသောက်ကုန်ဈေးနှုန်းတက်တိုင်း ဘာကြောင့်တက်ရတယ်ဆိုတဲ့ သတင်းအချက်အလက်ကိုတော့ ဈေးထဲမှာ ကပ်ထားရင်ကောင်းမှာပဲဟု တရာ့ကိုးဇင်တွေးလေသည်။

  • ထိုင်းနိုင်ငံရဲ့ အခြားဒေသတွေမှာ စေတီပုထိုးများအတွင်း အမျိုးသမီးများမဝင်ရဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။ ဒီလိုဝင်ခွင့်မပြုတာဟာ အိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးတဲ့ မြန်မာတွေရဲ့ ဓလေ့ထုံးစံ အကြွင်းအကျန်တွေပဲ ဖြစ်ရမယ်

  • မယ်လွန်း။                   ။ ပရဟိတမင်းသားတဦးကို အလှမယ်တဦးက တရားစွဲဆိုလိုက်တဲ့သတင်း ဟိုးလေးတကျော်ဖြစ်ပြီးနောက် ပိုင်းမှာ ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့  လက်နက်တခုဖြစ်နေသလားဆိုပြီး ပုရိဿအမျိုးသားအများစုရဲ့ စိုးရိမ်မှုတွေ မြှင့်တက်နေပါတယ်။…

Older Posts