သတင်းဆောင်းပါး

အာဏာသိမ်းမှုကြောင့် ခံယူချက် ပိုမိုပြင်းထန်လာခဲ့တဲ့ အမျိုးသမီးသတင်းထောက်များ

“အစကတော့ ပင်ပန်းလွန်းလို့၊ မိသားစုအတွက် စိုးရိမ်လွန်းလို့ အလုပ်ထွက်မယ် နားမယ်လို့ တွေးပေမယ့် သတင်းထောက်မှန်းသိနေတာဆိုတော့ မထူးဘူးလေ။ ကိုယ့်ပြည်နယ်အတွက် သတင်းအမှန်တွေ စီးဆင်းနိုင်ဖို့၊ ကိုယ့်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်နေတာတွေကို တခြားသူတွေသိရှိနိုင်ဖို့ ဆိုတဲ့စိတ်က ပိုပြီးပြင်းထန်လာတယ်။ ဒီအချိန်မှာကသတင်းအချက်အလက်အမှန်တွေ စီးဆင်းနိုင်ဖို့၊ လက်လှမ်းမီသလောက်ကို ကိုယ့်လူထုတွေအတွက် ဖော်ထုတ်သွားမယ်ဆိုတဲ့ ခံယူချက်ပိုဖြစ်လာတယ်။”

ကိုဗစ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ခဲ့တဲ့ အမျိုးသမီးတွေ

"ခေါင်းတွေမူးပြီး ထတောင်မထနိုင်ပေမယ့် နို့စို့အရွယ်သားလေးရှိနေတော့ ကလေးကိုတော့ နို့ချိုတိုက်ရသေးတယ်။ နို့တိုက်တဲ့အချိန် Mask တပ်ထားတယ်။ ပြောမယ်ဆို ခါတိုင်းလိုတော့ဏခဏ နို့မတိုက်နိုင်တော့ဘူး။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပဲ တိုက်တော့တယ်။ နေ့ဘက်တွေ သူ့အဖေကြီးအမေကြီးတွေလက်ထဲ ကလေးကိုအပ်ပြီး အခန်းထဲသီးသန့် နေတယ်။ ညဘက်ရောက်မှ ကလေးကိုအခန်းထဲခေါ်သိပ်တယ်။ အိပ်ချိန်မှာလည်း Maskတပ်ပြီးပဲအိပ်တယ်။”

စစ်ရေးနဲ့ ကိုဗစ်ကြား ဗျာများနေရတဲ့ ပြည်သူတွေ

“ဆရာဝန်တွေ CDM လုပ်လို့ ရောဂါကူးစက်နှုန်းများသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ CDM လုပ်တဲ့ ဆရာဝန်တွေ၊ ပရဟိတ ကူညီရေးအသင်းတွေ၊ အလှူရှင်တွေနဲ့ ဗော်လန်တီယာလေးတွေကို ဘယ်သူတွေက လိုက်ဖမ်းနေတာလဲ။ စစ်တပ်သာလိုက်မဖမ်းခဲ့ရင် CDM လုပ်ရင်း ဆေးကုပေးလို့ရတယ်”

“ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အားပြိုင်မှုအကြား မြေစာပင်ဖြစ်နေရသူများ”

“ရှမ်းတပ်(၂)တပ် ဖြစ်လို့ ထွက်ပြေးရတာ ဒီတသက်မှာ တခါမှ မရှိခဲ့ဘူး။ ကျမ ဘာပြောရမှန်းမသိဘူး။ စစ်ရှောင်ရတာ ကိုဗစ်လည်းကြောက်ရ၊ စစ်လည်းကြောက်ရ အရာရာကိုကြောက်နေရတယ်။ အာဏာရှိသူ လက်နက်ရှိသူအနေနဲ့တော့ ဒါတွေကို ပြန်ကြည့်ပြီး စဉ်းစားသင့်တယ် ဒီချိန်စိုက်ပျိုးရာသီချိန် စစ်ပွဲတွေရပ်ပေးပါလို့ပဲ ပြောချင်တယ်။ ”

သေနတ်သံတွေကြား ပညာလိုသူများ

" ရွာတစ်ရွာမှာဆို သင်ဖို့လုပ်ပြီးတော့မှ စစ်ကြောင်းထိုးလို့ ပြန်ပျက်သွားတယ်။ စစ်ရှောင်စခန်းက တရားဝင်မရှိဘူး။ ခနပြေးလိုက် ပြန်လာလိုက် လာရင်ပြေးလိုက်နဲ့ဆိုတော့ပိုဆိုးတယ်။ အချိန်မရွေးပြေးရမယ့် အနေအထားပေါ့၊ တစ်ရက်စာ သင်ခန်းစာသင်ရရင် အဆင်ပြေတဲ့ ပုံစံမျိုးနဲ့သွားတယ်။ သင်ရတာ မလွယ်ကူဘူး"

ဖမ်းဆီးခံ သူရဲကောင်းများအတွက် ပါရမီဖြည့်ကြသူများ

“ အရင်အမှုတွေတုန်းကဆို စိတ်ခံစားချက်က ဘာမှသိပ်မရှိဘူး၊ လုပ်စရာရှိတာလုပ်တယ်။ သူတို့ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုပေးတယ်ဒီလောက်ပဲ၊ အခုကျ ကိုယ်အမှုလိုက်ပေးလည်းထောင်ကျမယ်ဆိုတာသိနေပေမယ့်လည်း သူတို့တွေ ကို အားတစ်ခုအနေနဲ့ အားမတက်တက်အောင်ပြောပြီးအမှုလိုက်ကြရတာပဲ၊အဖမ်းခံရတဲ့သူတွေ အားရှိအောင် နိုင်တဲ့ ဖက်ကကူညီပေးကြတယ် ဆိုပြီးတော့လှုပ်ရှားနေကြတာပဲ”

ရခိုင်ရိုးရာမြေထည်လုပ်ငန်းကို ထိန်းသိမ်းနေသော အမျိုးသမီးများ

“ဟိုအရင်တုန်းကဆိုရင်တော့ ကျွန်မတို့ ထုတ်လုပ်လိုက်သမျှ မြေထည်ပစ္စည်းတွေကို မိုးမကျခင် ကုန် အောင် ရောင်းချနိုင်ခဲ့တာပေါ့။ အခု ဒီဖက်နှစ်တွေမှာတော့ ကျွန်မတို့ထုတ်လုပ်လိုက်တဲ့ မြေထည်ပစ္စည်းတွေကို ခါတိုင်းလို ရခိုင်ပြည်နယ်အနှံ့ကို လှည့်လည်ရောင်းချဖို့ အခြေအနေမပေးခဲ့ဘူး။ ဒီတော့ ပစ္စည်းတွေ တင်ကျန် နေတာ တွေရှိပါတယ်။ ကျွန်မတို့လို တပိုင်တနိုင်လုပ်နေကြတဲ့ မြေထည်အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေအ တွက်ကတော့ တစ်နှစ်ထက်တစ်နှစ် စိန်ခေါ်မှု ကြီးမားလာပါတယ်။”

ဧည့်မျှော်နေတဲ့ ပုဂံက ဈေးသည်တွေရဲ့သောက

“ဒီကာလ အားလုံးကခက်ခဲကြတယ်ဆိုပေမယ့် ကျမတို့လို ဧည့်မျှော်ပြီး အလုပ်လုပ်ရတဲ့သူတွေကတော့ ပိုကျပ် တည်းတာပေါ့။ အရင်ကိုဗစ်ထက် စစ်တပ်ခေတ်မှာ ရှာဖွေရတာ ပိုခက်ခဲတယ်။ ခုဆို အလုပ်မရှိတာ ၂ နှစ်နီးပါး ရှိပြီ။ ရှိတာလေးတွေ ရောင်းစားရင်းနေရတာပေါ့”

ဇာတ်ခုံကို လွမ်းနေကြသူများ

“ ပညာတွေရဖို့ကမနည်း ကြိုးစားသင်ခဲ့ရတာထမင်းမစားဘဲနဲ့လေ့ကျင့်ခဲ့ရတာ။ အမြဲတမ်းပြန်လုပ်နေချင်တယ်။ အသက် ကြီးလို့ မကနိုင်တော့ဘူးဆိုတဲ့အချိန်မှနားချင်တယ်။ ဒီပညာကလည်းလွယ်လွယ်နဲ့ရတာ မဟုတ်တော့ အခုလိုနားနေချိန်မှာ ပိုနှမြောမိတယ်”

ဧည့်မျှော်ပြီး လုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေက ပြိုလဲကုန်ပြီ

"ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်တဲ့ အချိန်တုန်းက အကန့်အသတ်တွေ လုပ်ထားပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်တွေ လာသေးတော့ တစ်လမှာ နှစ်ခေါက်သုံးခေါက်ထွက်ရုံနဲ့ စားဝတ်နေရေးက ဖြေရှင်းလို့ ရသေးတယ်။ အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းကျတော့ လုံးဝမထွက်ရတော့ဘူး။ အာဏာသိမ်းတာရဲ့ ရိုက်ခတ်မှုက ကျွန်မတို့လို အောက်ခြေလူတန်းစားတွေကို တော်တော်ကြီးကြီးကို ထိတယ်။ မြင်းလှည်းတောင် ရောင်းလိုက်ရတဲ့ ဘဝရောက်သွားတယ်"