Home စကားဝိုင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်း စကားဝိုင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်း စကားဝိုင်း

ရွှေရည်။ ။

ပြည်ထောင်စုလွှတ်တော်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း)ကို အများပြည်သူဆိုင်ရာ လေ့လာအကြံပြုနိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အချိန်(၇)နှစ်နီးပါး ရေးဆွဲခဲ့တဲ့ ဒီဥပဒေ မူကြမ်းမှာတော့ အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီး ပွားရေးဆိုင်ရာစတဲ့ အကြမ်းဖက်မှုတွေကို အကာအကွယ်ပေးထားတာတွေ့ရပါတယ်။ ဒါပေ မယ့် အဓိပ္ပါယ်ကောက်လွဲနိုင်တဲ့ ပြဌာန်းချက်တွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ ဥပဒေစာသားတွေ လည်း ပါဝင်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။ တဖက်မှာလည်း ဒီဥပဒေ(မူကြမ်း)နဲ့ ပတ်သက်ပြီး အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေအပေါ် ထည့်သွင်းစဉ်းစားခဲ့တာ မျိုး မရှိခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလို့နေပါတယ်။ ဒါတွေကိုတော့ သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ဒီကနေ့ စကားဝိုင်းမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

စကားဝိုင်းမှာ ပါဝင်ဆွေးနွေး ပေးမယ့်သူတွေနဲ့ အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ ပထမဦးဆုံး မိတ်ဆက်ပေးချင်တာတော့ ရန်ကုန်မြို့ မဲဆန္ဒနယ်မြေအမှတ်(၁၀)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုးဖြစ်ပါတယ်။ ဒုတိယတစ်ဦးအနေနဲ့ မိတ်ဆက်ပေးချင်တာကတော့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နာင်းမို့မို့  ဖြစ်ပါ တယ်။ တတိယတစ်ယောက်အနေနဲ့ကတော့ တရားလွှတ်တော်ရှေ့နေ ဦးတင်ဝင်းအောင်တို့ ဖြစ် ကြပါတယ်။

မေး : ဆရာမတို့ ဆရာတို့ မင်္ဂလာပါရှင့်။ ပထမဦးဆုံး ဒီဥပဒေအပေါ် အမြင်လေးနဲ့ စတင်လိုက်ချင်ပါတယ်။ ဒီဥပဒေမူကြမ်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီးတော့ အခန်း(၁၂)ခန်းနဲ့ ပုဒ်မ(၇၂)ခုပါဝင်တာ တွေ့ရပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲချိန် က (၇)နှစ်လောက်ကြာခဲ့ပြီး အမျိုးသမီးအဖွဲ့တွေဆီက အကြံဉာဏ်တွေရယူခဲ့ပေမယ့် ထည့် သွင်းစဉ်းစားတာမျိုး မရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဆိုတော့ ဒီလောက်အချိန် ကြာကြာယူခဲ့တာရယ်၊ ရရှိထားတဲ့အကြံပြုချက်တွေအပေါ် ထည့်သွင်းစဉ်းစားတာမျိုး မရှိဘူးဆို တဲ့အချက်တွေအပေါ် ဆရာမတို့၊ ဆရာတို့ရဲ့ အမြင်လေးတွေ ဆွေးနွေးပေးစေချင်ပါတယ်။

နော်လှလှစိုး : (၇)နှစ်လောက် ကြာခဲ့တယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း သူများ နိုင်ငံတွေမှာလည်း အဲဒီလောက်ကြာတယ်ပေါ့နော်။ အဲဒီထက်တောင်မှ ကြာတဲ့နိုင်ငံတွေ ရှိသေး တယ်။ အိန္ဒိယမှာဆိုရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးဥပဒေဆိုရင် သူတို့ (၁၀) နှစ်လောက် အချိန်ယူပြီးတော့ ရေးဆွဲရတယ်လို့ သိရတယ်ပေါ့နော်။ နောက်ပြီးတော့ အမျိုးသမီး အဖွဲ့တွေရဲ့ အသံပါမပါဆိုတာကတော့ အမျိုးသမီးအဖွဲ့တွေကိုမေးရင် ပိုပြီးသင့်တော်မယ် ထင်ပါ တယ်။

တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နာင်းမို့မို့  (WLB)

မေး :ဆရာမ နန်းမို့မို့ကတော့ ဒီအပေါ်မှာ ပိုပြီးတော့ ဆွေးနွေးပေးနိုင်မယ်လို့ထင်ပါ တယ်။ ဆရာမတို့ WLB အနေနဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ထိရောက်ဖို့ အလုံးစုံ ပြည့်စုံဖို့ အတွက်ဆိုပြီးတော့ အကြံပြုချက်တွေ ပေးပို့ထားတာ ဆိုတော့လေ။

နာင်းမို့မို့  : ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဒီဥပဒေက အချိန်အကြာကြီးယူပြီးတော့ ရေးဆွဲတာနဲ့ ပတ်သက်ပြီး ကျမတို့အမြင်ကတော့ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲပြဌာန်းမယ်ဆိုရင် အချိန်အ ကြာကြီးပေးပြီး လုပ်သင့်တယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် နားလည်တယ်၊ ဖြစ်လည်းဖြစ်သင့် တယ်။ ဒါပေမယ့် အချိန်အကြာကြီးယူရတဲ့ အကြောင်းရင်းတွေတော့ ရှိပါတယ်။ အဓိကက ပိုမိုကျစ်လစ်တဲ့ ဥပဒေဖြစ်ဖို့၊ အောက်ခြေလူထုတွေရဲ့ အသံတွေပါဝင်ဖို့၊ နေရာဒေသ အသီးသီး မှာရှိတဲ့ အမျိုးသမီးအသံတွေပါဖို့၊ ဥပဒေမူကြမ်းရေးဆွဲချိန်မှာ Consultation တွေ၊ ဆွေးနွေးပွဲ တွေ၊ သင်တန်းတွေ၊ အချက်အလက်တွေ ပြုစုစုဆောင်းရမယ်။ ဒါမှပဲ ဥပဒေပြဌာန်းတဲ့အခါမှာ အားလုံးအတွက် တကယ့်ကို ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ ဥပဒေဖြစ်မှာပေါ့။ ဒါပေမယ့် အခု POVAW Law ဥပဒေ မူကြမ်းရေးဆွဲတဲ့ ဖြစ်စဉ်က(၇)နှစ်ကြာခဲ့တယ်။ (၇)နှစ်ထဲမှာ ကျမတို့ ပြောသလို ဘာ Consultation, workshop, data collection တွေမလုပ်ခဲ့ဘူး။ မလုပ်ခဲ့တဲ့ အပြင် လျို့လျို့ဝှက်ဝှက်နဲ့သာ လုပ်သွားတဲ့ပုံစံ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့လည်း ခုလို မပြည့်စုံ တဲ့ ဥပဒေမူကြမ်းထွက်လာတယ်လို့ ယူဆပါတယ်။


နောက်ပြီး ဥပဒေ မူကြမ်းရေးဆွဲတဲ့ အခါမှာ ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ မူဝါဒဆိုင်ရာ အကြံပြုချက်တွေ အကြောင်းအရာနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို စဉ်ဆက်မပြတ် အကြံပြုခဲ့တယ်။ ဒါပေမယ့် ကျမတို့ရဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစား ခြင်းမရှိဘူး။ အထူးသဖြင့် ကျမတို့က တိုင်းရင်းသားနယ်မြေမှာရှိတဲ့ အမျိုးသမီးနဲ့ ပဋိပက္ခ အလွန်ဒေသတွေမှာ ရှိတဲ့ အမျိုးသမီးတွေအတွက် ကာကွယ်မှုနဲ့ ပတ်သက်ပြီး အကြံပြုတယ်။ ဒါတွေကို မယူဘူး။ အခုပါမလာဘူး။ ဒီလိုပဲ တခြားအဖွဲ့အစည်းတွေလည်း အကြံပြုချက်တွေ ပေးတာရှိတယ်။ ဒါကို ထည့်သွင်းစဉ်းစားခဲ့တာ မရှိဘူး။ ကျမတို့အမြင်ကတော့ အစိုးရက နိုင်ငံ တကာရဲ့ဖိအား၊ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ဖိအားကြောင့်မို့ ဒီဥပဒေကို မဖြစ်မနေ ရေးဆွဲခဲ့ရ တယ်လို့ မြင်တယ်။ တကယ်တမ်းတော့ အစိုးရအနေနဲ့က ဒီဥပဒေကိုစေတနာပါပါနဲ့ တကယ်ကို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ဖို့ မရည်ရွယ်ဘူးလို့ မြင်တယ်။ အနှစ် သာရရှိတဲ့ ပြီးပြည့်စုံတဲ့ ဥပဒေဖြစ်ဖို့ ကြိုးပမ်းတာ မဟုတ်ဘဲ ဒီအစိုးရ သက်တမ်းမှာ မဖြစ်မနေ ပြဌာန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲလုပ်ဆောင်တယ်လို့ မြင်ပါတယ်။

ဦးတင်ဝင်းအောင် : ကျွန်တော့်အနေနဲ့ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်အပေါ် သီးခြားဆွေးနွေး စရာ မရှိပါဘူးခင်ဗျ။

မေး : ဟုတ်ကဲ့ပါ။ နောက် ဒုတိယမေးခွန်းကတော့ ဥပဒေပိုင်းနဲ့ ပိုပြီးတော့ သက်ဆိုင် မယ်ထင်ပါတယ်။ မေးခွန်းကတော့ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ် ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု ဆိုပြီး ဖော်ပြပါရှိရာမှာ လူပြောသူပြောများပြီး လူအများကြားအဓိပ္ပါယ်ကောက် လွဲနေကြတာ တွေ့ရပါတယ်။ အဲဒါက ရာဇသတ်ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုပဲ ပြန်သုံးထားလို့လား။ တခြား ဘယ်လို လွဲမှားမှုတွေရှိနေပါသလဲ။ ဆရာက စပြီး ဆွေးနွေးပေးစေချင်ပါတယ်။

ဦးတင်ဝင်းအောင် : ဟုတ်ကဲ့။ လူအများကြား အဓိပ္ပါယ်ကောက်လွဲနေကြတာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ကောက်လွဲနိုင်တဲ့အချက်တွေရှိနေတာဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေကို ပြန်သုံး ထားလို့ မဟုတ်ပါဘူး။ ရာဇသတ်ကြီးကို ပြန်ယူသုံးထားတဲ့ အချက်မှာ ကောင်းမွန်ပါတယ်။ ဥပမာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာဆိုရင် ဒီဥပဒေကြမ်းပါ အမျိုးသမီးဆိုတဲ့ စကားရပ်မှာ အမျိုးသမီးအားလုံးပါဝင်ကြောင်း ပုဒ်မ ၃ (က)မှာ ပြဌာန်းထားပါတယ်။ ဇနီး၊ သမီး၊ တခြား အမျိုးသမီး စသည်ဖြင့် ခွဲခြားထားခြင်း မရှိပါဘူး။ ဒီလို ခွဲခြားထားတာ မရှိဘူးဆိုရင် ယောကျာ်း တစ်ယောက်က တခြားအမျိုးသမီးတစ်ဦးနဲ့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရာမှာ လက်နဲ့ ရိုက်မိလိုက်တယ်။ ဒီလို ရိုက်လိုက်မိရင် ဒီဥပဒေကြမ်းအရ အကြမ်းဖက်မှုဖြစ်ပြီး အနည်းဆုံး ထောင်(၃)လကျခံရမှာဖြစ်ပါတယ်။ အမျိုးသားအနေနဲ့က အမျိုးသမီးဖြစ်ခြင်း မဖြစ်ခြင်းပေါ် အခြေခံခွဲခြားပြီး ရိုက်လိုက်မိခြင်းမဟုတ်ဘဲ ရုတ်တရက်ဒေါသကြောင့် ရိုက်လိုက်မိတဲ့အပေါ် အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခံရပြီး ပြစ်ဒဏ်ပေးခံရမယ်ဆိုရင် မျှတမှာ မဟုတ်ပါဘူး။ ဒီလို အမျိုးသမီးဖြစ်ခြင်းအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမဟုတ်တဲ့ ကိစ္စတွေအပေါ် ကျုးလွန်တဲ့ ပြစ်မှုတွေကို ရာဇသတ်ကြီးဥပဒေအရ အရေးယူခြင်းက ပိုမိုမျှတလိမ့်မယ်လို့ ဆွေးနွေးချင်ပါ တယ်။

နာင်းမို့မို့ :တကယ်တမ်းကတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ အဓိပ္ပါယ်နက်နဲပါ တယ်။ အခုလက်ရှိ မူကြမ်းမှာ ဖော်ပြထားတဲ့ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၊ မုဒိမ်းမှုရဲ့ ဖွင့်ဆိုချက်တွေက အရင်တုန်းက ပီနယ်ကုတ်က ဟာပဲဖြစ်နေတော့ ဒါလည်း ဝေဖန် စရာပဲလေ။ ခုမုဒိမ်းမှုနဲ့ဆိုင်တဲ့ ဥပဒေတွေက အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် တရားမျှတမှု မဖော်ဆောင်ပေးနိုင်တာ အဲဒါကိုပဲ အပြောင်းအလဲမရှိ refer ပြန်လုပ်တော့ အဆင်မပြေဘူး ပေါ့နော်။

နော်လှလှစိုး : ဒါတွေက လွှတ်တော်မှာ တင်ထားတုန်းပဲ ရှိသေးတယ်။ မဆွေးနွေးသေးဘူး။ ဆွေးနွေးလို့ရှိရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့အမြင်ကို ထပ်မံပြီးတော့ တင်ပြဦးမှာ ဖြစ်ပါတယ်။ တို့တစ်ယောက်ထဲရဲ့ အမြင်မှာတော့ စီးပွားရေးဆိုင်ရာ အကြမ်းဖက် မှုမှာ လိုအပ်တာလေးတွေရှိတယ်လို့ မြင်တယ်လေ။ ဥပမာ ချင်းတောင်တန်းလို နေရာမျိုးဆို လို့ရှိရင် အမျိုးသမီးတွေ အမွေဆက်ခံပိုင်ခွင့်ပေါ့နော်။ အဲဒါလေးတွေကိုလည်း သူတို့ စိတ်ဝင်စား ကြတယ်။ အဲဒါလေးတွေကို ဒီဥပဒေမှာ တွေ့ချင်တယ်ပေါ့နော်။ နောက်ပြီးတော့ လက်ထပ်ပြီး တဲ့အခါမှာ တွဲပြီးတော့ ပိုင်ဆိုင်တဲ့ အကျိုးစီးပွားကိုလေ အမျိုးသမီးကိုလည်း ပိုင်ဆိုင်ခွင့်ပေါ့။ ဘာလို့လဲဆိုတော့ အန်တီရဲ့ မဲဆန္ဒနယ်မှာ အဲဒီလိုအမှုတွေ အရမ်းလာတယ်။ အန်တီက ဥပဒေ ရေးရာလည်း မရှိတဲ့အတွက်ကြောင့် ကူညီလို့မရဘူး။ လူမှုရေးကျတော့လည်း သွားကူညီလည်း ပဲ ဟိုဘက်က တင်းခံနေတယ်ပေါ့။ ဥပမာ ခင်ပွန်းဆုံးပါးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ မုဆိုးမကို အိမ်ကနေ မောင်းထုတ်ပစ်တာ။ အဲဒါတွေက အန်တီရဲ့ မဲဆန္ဒနယ်တွေမှာ အများကြီးပဲ ဒါတောင် မြို့ပေါ်မှာ ဖြစ်နေတာလေ။ အဲဒီလိုတွေဖြစ်နေတဲ့အတွက်ကြောင့် ဒါတွေကို ဥပဒေကြမ်းမှာ တွေ့ရလို့ ရှိရင် ပိုပြီးကောင်းပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုး (Photo: Naw Hla Hla Soe’s Facebook)

မေး :နယ်စပ်ဒေသ အခြေစိုက် အမျိုးသမီးအဖွဲ့တွေကလည်း ပဋိပက္ခဒေသက အမျိုးသမီးတွေရဲ့ အခြေအနေတွေနဲ့ တရားမျှတမှု ရရှိရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားမှု မရှိဘူးလို့ ထောက်ပြနေကြတဲ့အပေါ် ဒီလိုလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တပ်မတော်နဲ့ဆိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေအပေါ် ဒီဥပဒေမူကြမ်းက ဘယ်လောက်အထိ ထည့်သွင်းစဉ်းစား လုပ်ဆောင် ပေးထားပါသလဲ။ ဒီအပေါ်မှာရော ဘယ်လို ဆွေးနွေးချင်ပါသလဲ။

နာင်းမို့မို့ : ဒီဥပဒေမူကြမ်းက အမျိုးသမီးတွေ အဓိကနယ်စပ်မှာ အခြေစိုက်ခဲ့တဲ့ အမျိုးသမီး အဖွဲ့အစည်းတွေက ပဋိပက္ခအတွင်းဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ပေးတဲ့ဥပဒေဖြစ်ဖို့လို အပ် တယ်ဆိုတာ အမြဲတမ်းတိုက်တွန်းခဲ့တယ်။ လက်ရှိထွက်ရှိလာတဲ့ ဥပဒေကတော့ တပ်မတော်က ကျုးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အာဏာပိုင်တွေက ကျုးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးပေးနိုင်ခြင်းမရှိဘူး။ ဆိုတော့ ဒီဥပဒေက အဲဒါတွေကို မကာကွယ် မတားဆီးပေးနိုင်ဘူးဆိုရင် Ongoing Impunity ကို အရေးယူတားဆီးနိုင်မှာ မဟုတ်ဘူး။

နော်လှလှစိုး : အဲဒီတစ်ခုတော့ အန်တီလည်း မတွေ့ဘူးပေါ့နော်။ အန်တီတို့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေထဲမှာတောင်မှ ပဋိပက္ခအခြေအနေမှာ ရှိတဲ့ ကလေးသူငယ်ဆိုတဲ့ အခန်းလေးပါတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပဋိပက္ခမှာရှိတဲ့ ကလေးတွေအကုန် ကာကွယ်ဖို့ အတွက် အဲဒါလေးတွေတော့ ရှိခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီအမျိုးသမီးမှာ အဲဒီအခန်းက မပါတဲ့ အတွက်ကြောင့် အန်တီတို့ ခုနက ပြောသလိုပဲပေါ့ လွှတ်တော်မှာ အဲဒီဟာကိုလည်း ဆွေးနွေး မယ့်သူတွေလည်း ရှိမှာပါ။ ရှိခဲ့လို့ရှိရင်တော့ ဝိုင်းဝန်းဆွေးနွေးပြီးတော့ ထည့်သွင်းသင့်တာ ထည့် သွင်းပြီးတော့ ပိုမိုပြည့်စုံတဲ့ ဥပဒေဖြစ်လာမယ်လို့လည်း အန်တီမျှော်လင့်ပါတယ်။

မေး :ဒီမူကြမ်းကို အမျိုးသား(ယောက်ျား)တွေဖက်ကလည်း စိတ်ပူမှုဖြစ်စေတဲ့ အချက် တွေ၊ မလိုလားအပ်တဲ့ပြဿနာတွေဖိတ်ခေါ်သလိုဖြစ်စေတယ်လို့ အချို့ဥပဒေ ပညာရှင် တွေက လည်း ထောက်ပြနေတဲ့အပေါ် ဘယ်လိုအချက်မျိုးတွေလဲ၊ ဒီလိုဖြစ်နေတဲ့အပေါ် ဘယ်လိုပုံစံ စဉ်းစားသင့်သလဲ ဆိုတာတွေကို နည်းနည်း ဆွေးနွေးပေးစေချင်ပါတယ်။

ဦးတင်ဝင်းအောင် : ဒီဥပဒဒေကြမ်းပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို သဘောတူပါတယ်။ သီးခြားဆွေးနွေးလိုတာတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ် ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု ပြဌာန်းချက်တွေအရ အမျိုးသား တိုင်းက အချိန်မရွေး အကြမ်းဖက်မှု ကျုးလွန်သူတွေ ဖြစ်နိုင်ပါတယ်။ ဒီလို မဖြစ်ဖို့ အမျိုးသမီး ဖြစ်ခြင်းအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံခြင်းဆိုတဲ့ စကားရပ်ကို ရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆို သင့်ပါတယ်။ ဒီဥပဒေကြမ်းပုဒ်မ (၁၇)အရ လင်မယားကွာရှင်းခွင့်ကို ဇနီးဖြစ်သူကိုသာ ပေးအပ် ထားပါတယ်။ ဇနီးဖြစ်သူအနေနဲ့ ဒီဥပဒေအရ လင်မယားကွာရှင်းခွင့်ကို အလွယ်တကူ ကျင့်သုံး ခြင်းမရှိစေရန် ဒီဥပဒေကြမ်းအခန်း (၆) ပါ အကာအကွယ်ပေးရေးဆိုင်ရာ အမိန့်ရရှိပြီးမှ သော် လည်းကောင်း ပြစ်မှုကျုးလွန်သူကို ဒီဥပဒေအရ ပြစ်ဒဏ်ချမှတ်ပြီးနောက်မှသော်လည်းကောင်း လင်မယားကွာရှင်းခွင့် ပြုခြင်းက ပိုမိုသင့်လျော်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ဝင်းအောင် (Photo: DVB Law Lab)

နော်လှလှစိုး : ဥပမာ အားဖြင့် မိန်းမကို မုန့်ဖိုးပဲပေးလို့ရှိရင်တော့ ထောင်ကျမယ်လို့ ပြောနေကြ တာ။ အမှန်အဲဒါမဟုတ်ဘူးလေ။ ဥပဒေထဲမှာလည်း မပါဘူး။ နောက်ပြီးတော့ အတူနေပြီးတော့ လက်မထပ်လို့ရှိရင် ထောင်ကျမယ်။ အဲဒါကလည်း အရင်ကထဲက ကာမလိမ်လည်မှု ဥပဒေဆို တာလည်းရှိပြီးသားပဲလေ။ ဒါအသစ်တော့လည်းမဟုတ်ပါဘူး။ အဲဒါကို မီဒီယာတွေကလည်း Highlight လုပ်ကြတယ်။ အဲဒီတော့ စိုးရိမ်တဲ့သူတွေကလည်း စိုးရိမ်ကြတယ်ပေါ့နော်။ အမှန် တော့ ဒီဥပဒေက အဲဒီလောက်ထိ မပေါ့ဘူးပေါ့နော်။ ပေါ့ပေါ့လေး မဟုတ်ဘူးပေါ့။ အိမ်ထောင်မှာ တစ်ယောက်နဲ့တစ်ယောက် respect လည်းပိုရှိစေဖို့၊ နောက်ပြီးတော့ လူလူချင်းပေါ့နော်၊ နှိပ် စက်ခြင်းလည်းမရှိဖို့။ အထူးသဖြင့် ဒီအိမ်ထဲမှာ ဖြစ်နေတဲ့ နှိပ်စက်ညှင်းပန်းခြင်းတွေ အကြမ်း ဖက်ခြင်းတွေက အပြင်ကလူတွေ ဘယ်လိုမှမသိနိုင်ဘူးလေ။ တော်တော်လေးရင်နာစရာ ကောင်းတဲ့ အမှုတွေရှိနေပြီး ဒါတွေကို ကာကွယ်ချင်လို့ ဖြစ်တယ်။ ပေါ့ပေါ့ပျက်ပျက်အမှု လေးတွေ မဟုတ်ဘူး။

အဲဒီထက်ကျော်လွန်တာကို သွားချင်လို့ အန်တီတို့က ဒီဥပဒေကို ဆွဲရခြင်းဖြစ်တယ်။ ကျမတို့က ဒါကိုမျှတအောင်လည်း ဆောင်ရွက်သွားမှာဖြစ်တယ်။ နောက် ပြီးတော့ ဆွေးနွေးဖို့ အချိန်တွေလည်းရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အိမ်ထောင်၊ မိသားစု တွေ ပျော်ရွှင်တဲ့ အိမ်ထောင်ဘဝကို ထူထောင်နိုင်ဖို့အတွက် ဒီဥပဒေက အထောက်အကူဖြစ် မယ်လို့ ယုံကြည်ပါတယ်။

မေး :လူအမျိုးသမီးဆိုတဲ့သတ်မှတ်ချက်ဟာ ခေတ်အခြေအနေအရ ပြည့်စုံမှုမရှိတဲ့ အပေါ် အားလုံးလွှမ်းခြုံနိုင်အောင် စဉ်းစားပေးနိုင်ရင် ပိုမသင့်တော်ဘူးလား၊ အဲဒီလိုစဉ်းစားရင် ဘယ်လို အခက်အခဲတွေဖြစ်လာနိုင်မလဲဆိုတာလည်း ဆရာ-ဆရာမတို့ အမြင်သဘောထားများ ပြောပြ ပေးစေချင်ပါတယ်။

နာင်းမို့မို့ : ပြီးပြည့်စုံတဲ့ဥပဒေ ဖြစ်ဖို့ဆိုတာ အမျိုးသမီးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကအစ ကျယ် ပြန့်ဖို့လိုတာပေါ့နော်။ အခုမေးနေတာက မိမိကိုယ်ကို အမျိုးသမီးလို့ ခံယူတဲ့ အမျိုးသားတွေကို ဘယ်လိုစဉ်းစားပေးမှာလဲ ဘယ်လိုကာကွယ်ပေးမှာလဲဆိုတာရယ် ယောကျာ်းကဲ့သို့ ဝတ်စားဆင် ယင်တဲ့ အမျိုးသမီးတွေကိုရော ဒီဥပဒေက ဘယ်လောက် ထိထိရောက်ရောက်နဲ့ ကာကွယ်တား ဆီးပေးမှာလဲဆိုတာတွေ မေးစရာဖြစ်လာတယ်။ ဒါကြောင့်မို့ ဥပဒေရဲ့ အမည်နဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်တွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သင့်ပြီးတော့ အကုန်လုံးကို အကာအကွယ်ပေးတဲ့ ဥပဒေ ဖြစ်သင့်တာပေါ့။

နော်လှလှစိုး : ကျမတို့ကလည်း အခြေခံဥပဒေကို ကျော်လို့မရသေးဘူးလေ။ အဲဒါမျိုး ပြင်ချင် တယ်ဆိုလို့ရှိရင် အခြေခံဥပဒေမှာ ကိုယ်က အဲဒီလိုအချက်အလက်တွေ စဉ်းစားပြီးတော့မှ လုပ်ရ မယ့်ပုံစံမျိုးဖြစ်နေတယ်။ အဲဒါတွေကလည်း ကျမထင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးလို့ရှိရင် တော့ ဒါတွေက စဉ်းစားစရာ အချက်အဖြစ်ပေါ်ပေါက်လာမယ်လို့ ကျမထင်ပါတယ်။

မေး : ဒီမူကြမ်းကို အနာဂတ်ဒီမိုကရက်တစ်ပြည်ထောင်စုမြန်မာနိုင်ငံက ဘာသာပေါင်း စုံလူမျိုးစုံ အမျိုးသမီးအားလုံးအတွက် အကြုံးဝင်ပြီး အကျိုးပြုစေမယ့် အခြေအနေကို ရောက်ရှိ အောင် ဘယ်လိုဆက်လက်လုပ်ဆောင်သွားသင့်ပါသလဲ။

နာင်းမို့မို့ : ပြင်ဆင်ဖို့လိုတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေ အရပ်ဖက်အဖွဲ့ အစည်းတွေရဲ့ ပါဝင်မှုတွေကို မြှင့်တင်မှရမယ်။ တကယ့်အောက်ခြေမှာ အထူးသဖြင့် စစ်ဖြစ်နေ တဲ့နေရာဒေသက အမျိုးသမီးတွေ၊ ပဋိပက္ခအလွန်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေ တိုင်းရင်း သားအမျိုးသမီးတွေရဲ့ အသံပါဝင်ဖို့ လုပ်ဆောင်ရမယ်။ တကယ် ဖက်ဒရယ်ဒီမိုကရေစီကို ဦး တည်တယ်ဆိုရင် ဥပဒေမြန်မြန်ပြဌာန်းနိုင်ဖို့ ဆောင်ရွက်တာထက် ပြီးပြည့်စုံတဲ့ဥပဒေဖြစ်ဖို့ ကြိုးပမ်းသင့်တယ်။ အားလုံးလက်ခံတဲ့ ဥပဒေ၊ တရားမျှတမှုရှိတဲ့ ဥပဒေ Impunity ကို အဆုံး သတ်နိုင်တဲ့ ဥပဒေဖြစ်ဖို့ ကြိုးပမ်းရမယ်။

နော်လှလှစိုး : ဥပဒေထဲမှာတော့ ဘာသာမရွေး လူမျိုးမရွေး အမျိုးသမီးတွေအားလုံး ပါဝင်နိုင်ဖို့ ရေးထားတဲ့အတွက်ကြောင့် ကျမထင်တယ်လေ။ အဲဒီတစ်ချက်ကတော့ စိုးရိမ်စရာ အကြောင်း မရှိဘူးလို့ ကျမမြင်ပါတယ်။ ဒါတွေက ဘာသာလူမျိုးမခွဲခြားဘဲနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်လို့ရှိရင် ဒီဥပဒေနဲ့ကာကွယ်ပေးနိုင်တယ်ဆိုတာကို ဖော်ပြထားပါတယ်ရှင့်။

Author:

Related Articles