အရိုးကွဲအောင်ရိုက်တာ အသည်းစွဲအောင်ချစ်ဖို့တဲ့လား
“လင်မယားရန်ဖြစ်တဲ့အချိန်က အဝတ်လျှော်နေရင်းဖြစ်တယ်။ခင်ပွန်းဖြစ်သူက တွေ့တဲ့ ခုံနဲ့ ကောက်ထုတယ်။ ဒါကို မျက်မြင်သက်သေမရှိလို့ဆိုတဲ့အခ်က်နဲ့ တရားသေလွှတ်လိုက်တယ်။ ဒဏ်ရာတွေကလည်း ၁၀ ရက်ခြားပြီးတိုင်တာဖြစ်လို့ ယုတ္တိမရှိဘူးလို့ပြောတယ်။ ရဲစခန်း သွားတိုင်တုန်းက ရဲသက်သေလည်းရှိတယ်။ ဆေးစာအတူလိုက်ပါတဲ့ ရဲကလည်း သက်သေ ထွက်ဆိုထားတယ်။ အဲ့ဒါကိုအမှုက တရား သေလွှတ်လိုက်တယ်။ ပတ်ဝန်းကျင်သက်သေကို ထည့်သွင်း မသုံးသပ်တာကတော့ အမျဳိးသမီးတစ်ယောက်အတွက် နစ်နာတယ်”