ဖီးမင်းနစ်တယောက်ပြောတဲ့ ဖီးမင်းနစ်ဇင်အကြောင်း
ခင်စုကြည်။ ။ မြန်မာ့လူမှုအဖွဲ့အစည်းထဲကို ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလတွေမှာ ရောက်ရှိလာတဲ့ လူ့အခွင့်အရေး(Human Rights) လှုပ်ရှားမှုတွေ၊ ကျားမတန်းတူညီမျှရေး (Gender Equlity) လှုပ်ရှားမှုတွေနဲ့အတူ နောက်ထပ်ရောက် ရှိလာတဲ့ စကားလုံးတခုကတော့ ဖီးမင်းနစ်ဇင် (Feminism) ဆိုတာပဲဖြစ်ပါတယ်။ လူအများစုကတော့ Feminism ဆိုတာ မြန်မာလို တိုက်ရိုက်ဘာသာပြန်ထားတဲ့ မိန်းမဝါဒီ၊ တနည်းအားဖြင့် မိန်း မကြီးစိုးရေးဝါဒလို့ မှတ်ထင်ကြသလို feminist ဆိုတာကိုလည်း ယောကျာ်းမုန်းတီးရေးလှုပ်ရှားသူလို့ အဓိ ပ္ပါယ်ဖွင့်ကြပါတယ်။ တကယ်တော့ Feminism ဟာ မိန်းမဝါဒီဆိုတာထက် ပိုမိုလေးနက်တဲ့ လူသားများ တန်းတူညီမျှ အခွင့်အရေး ရ ရှိပြီး လူသားအချင်းချင်းလေးစားတန်ဖိုးထားမှုတွေနဲ့ တည်ဆောက်ထားတဲ့ လူနေမှုစနစ်တရပ်ပေါ်ပေါက်လာ ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ Rainfall Feminist မဂ္ဂဇင်းကို ထုတ်ဝေသူ မပျိုးလက်ဟန်ကဆိုပါတယ်။ “ကျမတို့ခံယူထားတဲ့ […]