သံခြေချင်းတွဲထားသော ကိုယ်ဝန်ဆောင်အမျိုးသမီး သင်္ကေတပုံ — ထောင်ထဲ မီးဖွားခြင်းဆိုင်ရာ Honest Information ပေါ့ကတ် thumbnail

သံခြေချင်းနဲ့ ကလေးမီးဖွားနေရတဲ့ ထောင်ထဲက ကိုယ်ဝန်ဆောင်တွေ

“တော်တော်တော့ မလွယ်ကူဘူး၊ ပြီးတော့ ထားပြီဆိုရင်၊ ထောင်အပြင်ထွက်ပြီဆိုရင် အပြင်ဆေးရုံရောက်ပြီဆိုတာနဲ့ ကုတင်နဲ့ခြေထောက်နဲ့ကို သံခြေချင်းတွဲခတ်တယ်။ ရိုးရိုးမွေးတဲ့သူဆို မွေးပြီး၂၄နာရီပြည့်တာနဲ့ ပြန်သွင်းတယ်။ ခွဲမွေးတဲ့သူဆိုရင်တော့ (၃)ရက်လောက်တော့ ထားတာပေါ့။”

၂၀၂၁နွေဦးတော်လှန်ရေးကာလ အင်းစိန်ထောင်ထဲမှာ ကိုယ်ဝန်ဆောင်ပြီး မီးဖွားခဲ့တဲ့ နိုင်ကျဉ်းအမျိုးသမီး (၅)ယောက်မှာ (၂)ယောက်ပဲ ကလေးကိုအသက်ရှင်လျက်မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါဟာ ဘာလို့လဲ ထောင်ထဲမှာ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေက ဘယ်လိုဖြစ်နေလဲ ဆိုတာကို ကိုယ်ဝန်ဆောင်တွေနဲ့ စီဒီအမ်သူနာပြု နိုင်ကျဉ်းဟောင်းတို့ရဲ့ အတွေ့အကြုံတွေကို ဒီတပါတ် ပေါ့ကတ်မှာ နားဆင်ရမှာဖြစ်ပါတယ်။