Home ဆောင်းပါး အမျိုးသမီးတွေအပေါ် စံတန်ဖိုးသတ်မှတ်မှု မြင့်မားတဲ့လူ့အဖွဲ့အစည်း

အမျိုးသမီးတွေအပေါ် စံတန်ဖိုးသတ်မှတ်မှု မြင့်မားတဲ့လူ့အဖွဲ့အစည်း

နန်းဆိုင်နွမ်။       ။

 “ အမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံရေးလုပ်ဖို့၊ အနည်းဆုံး လွှတ်တော်ကိုယ်စား လှယ်အမတ်လုပ်တဲ့နေရာမှာတောင် စိန်ခေါ်မှုတွေ အများကြီးပါ။ တချို့ယောကျ်ားတွေ က အမျိုးသမီးဆိုရင် အထင်မကြီးကြဘူး။ မျက်လုံးပေါင်းတထောင်နဲ့ စောင့်ကြည့်ခံနေရပါ တယ်”

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်းက Honest Information( HI) ကို ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံက ရိုးရာဓလေ့ ထုံးစံတွေအရ အမျိုးသမီးတွေကို အိမ်တွင်းမှုကိစ္စက လွှဲပြီး တခြားနိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေမှာ ဦးဆောင်ဦးရွက်ပြုလာရင် လူမှုဝန်းကျင်က လက်ခံဖို့ ခက်ခဲနေဆဲပါ။

အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းတယ်လို့ သတ်မှတ်ထားတာကြောင့် အ မျိုးသမီးတွေအနေနဲ့ အရေးကြီးတဲ့အလုပ်တွေကို ဦးဆောင်ဦးရွက်ပြုလုပ်မယ်ဆိုရင် အ များစုက မယုံသင်္ကာဖြစ်တတ်ကြပါတယ်။

နယ်ပယ်အသီးသီးမှာ  အောင်မြင်နေတဲ့  အမျိုးသမီးတွေကို ဝေဖန်တိုက်ခိုက်မှု ပြုလုပ်ကြ တဲ့အခါမှာလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ပုံစံကို အဓိကရွေးချယ်လုပ်ဆောင်ကြပြီးတော့ သူတို့ရဲ့ ဓာတ်ပုံတွေကို မတော်တလျော်ပုံတွေအဖြစ် ဖြတ်ညှပ်ကပ်တွေ ပြုလုပ်ပြီး ဆိုရှယ် မီဒီယာပေါ် ဖြန့်ဝေတာမျိုးတွေ တွေ့မြင်ရတတ်ပါတယ်။

အောင်မြင်နေတဲ့ အမျိုးသမီးတွေကို ဘက်ပေါင်းစုံကကြည့်ပြီး အပြစ်ရှာတတ်ကြသလို အားနည်းချက်တစုံတရာတွေ့ရင်ဖြစ်ဖြစ်၊ သူနဲ့အမြင်မတူရင်ဖြစ်ဖြစ်၊ ရစရာ မရှိအောင် ပုတ်ခတ်ပြောဆိုမှုတွေ  ပြုလုပ်တတ်ကြပါတယ်လို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ် ရှားသူတွေက ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ Triangle Women support group မှ မခင်လေးက “အမျိုးသမီးခေါင်းဆောင်တွေ တခုခုလုပ်လို့ အားနည်းချက် ချို့ယွင်းချက်ဖြစ်ရင် မီးမောင်းထိုးပြတာမျိုး ပိုလုပ်ချင်ကြတယ်။ အဲဒီအမျိုး သမီးခေါင်းဆောင်ရဲ့ ဝတ်ပုံစားပုံ၊ သူ့ရဲ့အပြုအမူတွေကို လိုက်ပြီးပြောကြတယ်။ နိုင်ငံတ ကာမှာလည်း လုပ်ပါတယ်” လို့ပြောပါတယ်။

“ အမျိုးသမီးတွေဟာ ဦးဆောင်သူဖြစ်ခဲ့ရင် အမျိုးသမီးတစ်ဦးအဖြစ် လုပ်နိုင်စွမ်းထက် ဝတ်စားဆင်ယင်မှုတွေကို အဓိကကြည့်ကြသလို အိမ်ထောင်ရှင် အမျိုးသမီးဖြစ်ခဲ့ရင် လည်း ဒီအမျိုးသမီးရဲ့ အိမ်တွင်းရေးကိစ္စတွေကို ပိုပြီးဝေဖန်တတ်ကြတယ်” လို့ မခင်လေး က  ပြောပြပါတယ်။

“လူမှုအသိုင်းအဝန်းတခုလုံးက အမျိုးသားကြီးစိုးတဲ့ဝါဒအောက်မှာ နှစ်ပေါင်းများစွာ အ သားကျနေခဲ့ပြီး အမျိုးသမီးတွေကို တဆင့်နိမ့်အမြင်တွေနဲ့သာ မြင်ကြပါတယ်” လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ဥက္ကဌ ဒေါ်တင်တင်ညိုက ပြောပါတယ်။

“အမျိုးသမီးတွေကို လူ့အသိုင်းအဝန်းက အမြဲတမ်းဘောင်ခတ်ပြီး ဘယ်လိုပုံစံနေရမယ်၊ ဘယ်လိုတာဝန်တွေ ယူရမယ်ဆိုတာ သတ်မှတ်ထားကြတာမို့ အဲဒီလို သတ်မှတ်ချက် ဘောင်ကို ဖယ်ရှားခဲ့ရင် ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်ဝေဖန်တာကို ခံရမှာပါ” လို့ ဒေါ်တင် တင်ညိုက ဆိုပါတယ်။

“ အမျိုးသမီးတွေက နိုင်ငံရေးလှုပ်ရှားမှုတွေကို ဦးဆောင်မယ်၊ ကုမ္ပဏီတွေမှာ ဦးဆောင် မယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့နယ်ပယ်ကနေ  ခွဲထွက်သွားတာမို့ လူအများစုက သိပ် လက်မခံနိုင်သေးတဲ့ အနေအထားရှိပါတယ်” လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို အနောက်တိုင်းယဉ်ကျေးမှုအရ နှုတ်ဆက်တဲ့အနေနဲ့ အမေရိကန် သမ္မတ ဟောင်း ဘားရက်အိုဘားမား မြန်မာပြည်ကိုလာခဲ့စဉ် ပါးကို နမ်းခဲ့တာကို မြန်မာ့ယဉ်ကျေး မှုနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ဦးမင်းဆွေ (ငါးမင်းဆွေ)က ဗဟန်းတရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုဦးတိုက်လျှောက်ထားတရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားရုံးက  လက်မခံ ဘဲ ပယ်ချလိုက်တဲ့အတွက် ခရိုင်အဆင့်ကို ဆက်လက် တင်ပြသွားမယ်လို့ ဦးမင်းဆွေ (ငါးမင်းဆွေ)က ဆိုခဲ့ပြန်ပါသေးတယ်။

အဲဒီလိုပဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဟောင်းတွေထဲက အချို့လူပုဂ္ဂိုလ်တွေက လည်း ဒီကိစ္စကို ဝေဖန်သရော်တာမျိုးတွေ သူတို့ရဲ့ဆိုရှယ်မီဒီယာကတဆင့် ဖြန့်ဝေခဲ့ပါ သေးတယ်။

ဒါတွေကို ကြည့်ရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေနဲ့ပါတ်သက်ရင် ဒီလိုအတွေး အမြင်တွေ လွှမ်းမိုးနေတယ်ဆိုတာ မြင်တွေ့ရမှာပါ။

အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးနဲ့ဖြစ်စေ၊ အမျိုးသားများစွာနဲ့ဖြစ်စေ၊ အလုပ်အတူ လုပ်ကိုင်ခြင်း၊ ယှဉ်တွဲသွားလာခြင်း၊ သူစိမ်းအမျိုးသားများကို လက်ဆွဲနှုတ်ဆက်ခြင်း၊ ရင်းနှီးစွာဆက်ဆံပြောဆိုခြင်း၊ စတဲ့အပြုအမူတွေကို ထူးဆန်းတဲ့အပြုအမူများအဖြစ် မြန် မာ့အသိုင်းအဝန်းက ဓလေ့ထုံးတမ်း၊ အစဉ်အလာများအရ သတ်မှတ်ပြောဆိုကြပါတယ်။

“ ဖက်နမ်းတာမျိုးက တနေရာနဲ့တနေရာ အမြင်မတူဘူး။ ကိုယ့်သားသမီးလို၊ မိသားစုလို ချစ်ခင်လို့ ရိုးရိုးမေတ္တာသန့်သန့်နဲ့ ဖက်တာနမ်းက ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး” လို့ မခင် လေးက ဆိုပါတယ်။

ဒီလိုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးမှာ ထိပ်ပိုင်းရောက်နေတဲ့ ပါဝါရှိတဲ့ ခေါင်းဆောင်တစ် ယောက်ကိုတောင် ပုဂ္ဂိုလ်ရေးအရ အနှောက်အယှက်ပေးဖို့ ဒီလိုနည်းလမ်းတွေကို သုံးပြီး နည်းမျိုးစုံနဲ့ သိက္ခာကျအောင် လုပ်ဆောင်မှုတွေရှိနေတာဟာ အမျိုးသမီးများ နိုင်ငံရေး ပါဝင်မှုအတွက် အဟန့်အတားဖြစ်စေကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တွေက ပြောဆိုကြပါတယ်။

ဆက်လက်ပြီး မခင်လေးက “အဲ့ဒါက အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းထက် နိုင်ငံရေး မနှစ်ခြိုက်မှုလို့ ကျမမြင်ပါတယ်။ အမျိုးသမီးဖြစ်တဲ့အတွက် သူတို့လုပ်ရတဲ့နည်းလမ်းက လွယ်ကူသလို ဖြစ်သွားပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် သမ္မတအိုဘားမား က နှုတ်ဆက်စဉ် ပါးကိုနမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေဦးရောဘတ် စန်းအောင်က “  နိုင်ငံတကာဆက်ဆံရေး ယဉ်ကျေးမှုနယ်ပယ်မှာ အပြစ်မဟုတ်ပါဘူး။ နမ်းတယ်ဆိုတာ တဏှာမပါရင် ဂုဏ်ပြုခြင်းသာဖြစ်တယ်” လို့ဆိုပါတယ်။

“နိုင်ငံရေးအရ မကျေနပ်မှု၊ မလိုလားမှုတွေကို ထုတ်ဖော်တဲ့နေရာမှာ မဆိုင်တဲ့ ပုဂ္ဂိုလ်ရေး တွေကို ပြောဆိုခြင်းသာဖြစ်တယ်” ဦးရောဘတ်စန်းအောင်က ထပ်မံထောက်ပြပါတယ်။

ဆက်လက်ပြီး ဦးရောဘတ်စန်းအောင်က “အမျိုးသမီးခေါင်းဆောင်တစ်ဦးကို လက်မခံဘူး ဆိုတဲ့ သဘောလည်း ပါသလို နိုင်ငံရေးခေါင်းဆောင် အမျိုးသမီးတစ်ဦးကို  ချိုးနှိမ်လိုတဲ့ သဘောလည်းပါတယ်” လို့ဆိုပြန်ပါတယ်။

ဒါတွေကြောင့် အမျိုးသမီးတွေရဲ့ဦးဆောင်မှုကို  ဘောင်ခတ်ထားတဲ့ စံတန်ဖိုးတွေနဲ့ ကန့် သတ်ထားပြီး၊ အမျိုးသမီးတွေ တခုခုဖြစ်ရင် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီကြောင်း လူ့အ သိုင်းအဝန်းက ပြောဆိုတတ်ကြပါတယ်လို့ အမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်နေသူ တွေက ပြောဆိုကြတာပါ။

ဆုံးဖြတ်ချက်ချတဲ့နေရာနဲ့ ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ လုပ် ဆောင်လာတာနဲ့ တပြိုင်နက်တည်းမှာ အများအတွက် အကျိုးမရှိတဲ့ အရိုးစွဲ အတွေး အခေါ်တွေ၊ အယူအဆတွေကို စပြီး ပြောင်းလဲနိုင်ဖို့လည်း လိုအပ်ပါတယ်လို့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပြန်ပါတယ်။

အမျိုးသမီးတွေအတွက် လူမှုတရားမျှတမှုမရှိတဲ့ စံတန်ဖိုးတွေကို ပယ်ဖျက်ဖို့နဲ့ အမျိုးသမီး တွေကို ကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့ ရှုမြင်နေတာကိုလည်း ပညာပေးဖို့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ကြိုးစားဆောင်ရွက်နေကြရပါတယ်။

Related Articles