Home ကဗျာ “အားလုံးကို ရင်ဆိုင်မယ် (သို့မဟုတ် ) Fighting #meesaw”

“အားလုံးကို ရင်ဆိုင်မယ် (သို့မဟုတ် ) Fighting #meesaw”

ဘယ်အချိန်များ အိမ်ပြန်ခွင့်ရမလဲ
တွေးခဲ့ရတာ ညပေါင်းများစွာ။

ဘယ်အချိန်ထိ နံရံတွေထဲရှိဦးမလဲ
တွေးခဲ့ရတာ နေ့ပေါင်းများစွာ ။

အခုတော့ ဒါတွေမတွေးတော့ဘူး အမေ
အမေပြောတဲ့ စကားဟာ
ကျမ ပြောင်းလဲစေခဲ့ပြီ။

ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်
အမေ့စကားဟာ
အိပ်မရတဲ့ ညများစွာ
စိုးရွံခဲ့တဲ့ နေ့များစွာကို
ရဲ့ရင့်စေခဲ့ပြီ။

ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့အသိဟာ
အားလုံးကို ကျော်ဖြတ်ခွင့်ပေးလိုက်ပြီ။
ဘဝကို အပေါ့ပါးဆုံး ရှင်သန်မယ်။
အသန့်ရှင်းဆုံး ဖြတ်သန်းမယ်။
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်။
အားလုံးကိုရင်ဆိုင်မယ်။
ကျမရင်ဆိုင်မယ်။

#FREEMEESAW

ကိုသက်နိုင်စိုး

မှတ်ချက်။ ။ဆရာမ နန်းရှဲန်းလာ(ခ) မိဆောဟာ ကျိုင်းတုံမြို့မှာတကိုယ်တော် ပရဟိတလုပ်ကိုင်နေသူဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် လက်မခံကြောင်း ဖဲကြိုးနီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သလို၊ CDM လုပ်ထားသူလည်း ဖြစ်ပါတယ်။ သူ့ကို ဆန္ဒပြမှုကြောင့် ဖေဖော်ဝါရီ ၉ ရက် သူမရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ကြတာဖြစ်ပြီး ယခုအချိန်ထိမလွတ်မြောက်လာသေးပါ။

Related Articles