
စစ်ရေး ဝမ်းရေး အပူကြားက နေ့စားလယ်သမားတွေ
“စစ်တပ်ကသာ မတားဆီး၊ မပိတ်ပင်ရင် ကျမတို့လည်း အခုလောက် ဒုက္ခမရောက်ဘူး။ သူတို့က ကျမတို့တွေကို ဘယ်လို အငြိုးတွေနဲ့ အခုလို ဒုက္ခရောက်အောင် လုပ်နေတာလဲဆိုတာ မတွေးတတ်တော့ဘူး”

ကောလင်းနယ်က ကြယ်နှစ်ပွင့်
"လေးစားပါတယ် ရဲဘော်။ အသက်နဲ့ရင်းပြီးတော်လှန် ရေးကို ဖော်ဆောင်ခဲ့လို့။ အမျိုးသမီးတွေက အားနွဲ့တယ်တဲ့။ ဘယ်နားများ အားနွဲ့သွားသလည်းဗျာ။ ခိုင်မာတဲ့ယုံကြည်ချက်၊ တော်လှန်ရေးဆိုတဲ့အတွေး၊ ငါလုပ်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာလွန်းခဲ့တယ် ရဲဘော်။ နောက်ဆုံးချိန်မှာ လက်သုံးချောင်ထောင်ဖို့ ခင်ဗျားတို့ကြိုးစားခဲ့သေးတယ်ဆို"

မြိုင်မှာ ဒေသခံအမျိုးသမီးနှစ်ဦးက ရဲတွေသောက်မယ့် ထန်းရေထဲ ဆေးခပ်ပြီး သေနတ်တစ်လက်ယူပြေး
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ထန်းရေသောက်ရန်လာသည့် ရဲနှစ်ဦးအား ဒေသခံအမျိုးသမီးနှစ်ဦးက ထန်းရေထဲဆေးခပ်တိုက်ပြီး သေနတ်တစ်လက်ရအောင် စွမ်းဆောင် နိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ခြေမွှဖျက်ဆီးခံလိုက်ရသည့် အသိုက်အမြုံများ
"လူ့ဘဝကြီးက နေဖို့တောင် မကောင်းတော့ဘဲပဲ သေချင်စိတ်တောင် ပေါက်လာကြတာ၊ ကိုယ့်နိုင်ငံက ပြည်သူတွေက မြေလွတ်မြေရိုင်းမှာ နေခွင့်မရှိရင် မြန်မာနိုင်ငံမှာ နေဖို့တောင် မကောင်းတော့ဘူး"

ပခုက္ကူမြိုပေါ်မှ နေအိမ်တစ်အိမ်အား စစ်အုပ်စုက စီးနင်းရာ ယောကျ်ားကိုမတွေ့၍ ဇနီးနှင့် သမီးကို ဖမ်းဆီးသွား
ပခုက္ကူမြိုပေါ်ရှိ နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေရာတွင် ယောကျ်ားဖြစ်သူကိုမတွေ့သောကြောင့် ဇနီးနှင့် သမီးငယ်ကို ဖမ်းဆီးသွားကြောင်း မြိုခံများက ပြောသည်။

ကျူးလွန်တဲ့သူကို အပြစ်ပေးမှာ လား ၊ ကျူးလွန်ခံရတဲ့သူကို အပြစ်ပေးမှာလား
“တောင်ပေါ်ဒေသမှာ ကျန်းမာရေးအားနည်းပါတယ်ဆိုမှ မုဒိမ်းကျင့်ခံရလို့ ဗိုက်ကြီးလာရင် ရွာပြင်ထုတ်ပြီး ကလေးမွေးခိုင်းတာဟာ တော်တော်အန္တရာယ်များတဲ့ကိစ္စပါ။ အခန့်မသင့်ရင် အသက်ပါသေသွားနိုင်တယ်”

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုများကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် ပြုလုပ်
ယခုနှစ်တွင်ကျရောက်သော နိုဝင်ဘာလ ၂၅ မှ ဒီဇင်ဘာလ ၁၀ အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေးနေ့ ၁၆ရက်တာ လှုပ်ရှားမှုနေ့များတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်တို့အပြင် မောက်မယ်မြို့နယ်၊ ပင်လုံမြို့နယ်တို့ရှိကျေးရွာများတွင် အမျိုးသမီး အရပ်ဖက်အဖွဲ့အစည်းများက ဆွေးနွေးပွဲများနှင့်ကမ်ပိန်းများကို ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်မှ အမျိုးသမီးရည်းစားနှင့်ချိန်းတွေ့စဥ် အုတ်ခဲဖြင့်ထုပြီး ဓာတ်ဆီလောင်း မီးရှို့ခံရ
စစ်ကိုင်းပညာရေးတက္ကသိုလ်မှ စစ်ကောင်စီလက် အောက်ခံ Non-CDM အမျိုးသမီးတစ်ဦးအား အွန်လိုင်းမှချစ်ကြိုက်ခဲ့သော ရည်းစားက ဦးခေါင်းကို အုတ် ခဲဖြင့်ထု၍ ဓာတ်ဆီလောင်းမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုင်းရင်းသားများ၏ အခေါ်အဝေါ် လက္ခဏာပျောက်ကွယ်တော့မှာလား
လ.ဝ.က ရုံး တာဝန်ရှိသူက “မ” ကနေ “နန်း” ကို ပြောင်းရင် ခရိုင်ထိ တက်ရမယ်၊ အချိန်ကုန်မယ်၊ ငွေကြေးကုန်ကျတာ များမယ်။ “နန်း” ကနေ “မ” ကို ပြောင်းရေးမယ်ဆိုရင်တော့ လွယ်တယ်၊ ပြောင်းရေးပေးမယ်လို့ ပြောခဲ့ပါတယ်။

စစ်တွေက အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားထံတွင် ရောင်းစားရန် ကြံစည်ခဲ့သူသုံးဦးကို ထောင်ဒဏ် ၁၀ နှစ် စီချမှတ်
စစ်တွေက အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားထံတွင် ရောင်းစားရန် ကြံစည်ခဲ့သူသုံးဦးကို ထောင်ဒဏ် ၁၀ နှစ် စီချမှတ်


