
ကျမတို့ စစ်ပွဲတွေကို မဖန်တီးခဲ့ပါ … ဒါပေမယ့် …
“ဘာမှမလိုချင်ပါဘူး ကျမရဲ့မူလအတိုင်းတော့လိုချင်တာပေါ့။ ဆုံးသွားတဲ့ သားတွေကိုတော့ လိုချင်တာပေါ့။ ဒါပေမဲ့ မကျေနပ်ရင်လည်း ဘယ်လိုလုပ်လို့ရမှာလဲ။ မရသင့်တဲ့ အရာတွေကို ကျမ မတောင့်တတော့ပါဘူး။ သားသမီးတွေ အတွက်တော့ လိုအပ်တာပေါ့။ ကျမဒါမျိုးတွေပြောရင် ကျမ မျက်ရည်ကျပါတယ်”

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှု ရပါ့မလား
“ရဲက ကျင့် (ကျင့်ထုံး ဥပဒေ) ၁၅၄ အရ အမှုမဖွင့်သေးရင်တောင် ရဲလက်စွဲ ၁၇၆၄ အရ မိဘအုပ်ထိန်းသူ မပါသေးရင်တောင် ရှေးဦးပြုစုနိုင်ဖို့ ဆေးရုံပို့ ကူညီတဲ့အနေနဲ့ ပို့ဆောင်သလား မေးရမှာဖြစ်ပါတယ်။ အဲဒီအချက်တွေ တစ်ခုမှ မလုပ်ခဲ့ပဲ ဒီအတိုင်း ပြန်လွှတ်ရင်တော့ ရဲမှားတယ်လို့ပဲ ဖြေပါရစေ”

မုဒိမ်းမှုနဲ့ သဘောတူခွင့်ပြုချက်
“ကျမတို့နိုင်ငံမှာ အခုချိန်ထိ သုံးနေတဲ့ ရာဇသတ်ကြီးက အမျိုးသမီးတွေ မုဒိမ်း ပြုကျင့်ခံရရင်တောင်မှ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးက ဒါဟာမုဒိမ်းမှုမြောက်ပါတယ် ဆိုတာကို သက်သေပြနေရတာ။ အဲတော့ ဒီဥပဒေရဲ့ အနှစ်သာရနဲ့ ကျမတို့ပြောတဲ့ သဘောတရားက ဘာလဲဆိုရင် ဒီအမျိုးသမီး သဘောတူလို့ လုပ်လိုက်ပါတယ်ဆိုတာကို ဘာနဲ့သက်သေပြမလဲလို့ ကျူးလွန်တဲ့သူကို တဖန် မေးခွန်းထုတ်စေချင်တာပါ”

သံတောင်ကြီးဒေသနဲ့ ပြည်တော်ပြန်များ
“တောင်ပေါ်မြို့ကသူတွေဆိုတော့လည်း အသိပညာအားနည်းကြတယ်။ တော်တော်များက လျှောက်ထွက်နေကြတုန်း။ ကျမတို့က စိတ်ပူတော့ အရမ်းကိုတိုက်တိုက်တွန်းတွန်းလုပ်ဆောင်နေရတယ်။ ကျောင်းတွေ ကျောင်းခန်းတွေမှာ ရက်အလိုက် အခန်းတွေထဲမှာ အမျိုးသမီး အမျိုးသားသက်သက်စီ ခွဲထားပေးတယ်။ ရေချိုးခန်းအိမ်သာတွေကို သီးသန့်လုပ်ထားပေးတယ်။ အရေးပေါ်ကိစ္စတွေရှိလာရင် အခက်ခဲရှိမှာစိုးလို့ အမျိုးသမီးသုံးပစ္စည်းတွေလည်း ထားထားပေးတယ်”

အရှက်ရခဲ့သည့် လိုင်းကားပေါ်က ရက်စွဲများ
“လိုင်းကားပေါ်မှာ ပညာပေးမှုတွေက အမြဲလုပ်စေချင်တယ်။ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လုပ်ရင် ဥပဒေဘယ်လောက်နဲ့ တရားစွဲလို့ရတယ်။ နောက်ပြီး အကြမ်းဖက်မှုတွေနဲ့ ပက်သက်တဲ့ ပညာပေးမှုတွေ လုပ်ပေးစေချင်တယ်”

ပအိုဝ်းဓလေ့ထုံးတမ်းက မုဒိမ်းမှုအပေါ် တရားမျှတမှု ရယူခွင့်ရှိသလား…
ပေါင်းသင်းလက်ထပ်ဖို့ တဖက်ဖက်က အဆင်မပြေဖြစ်ခဲ့ရင်တော့ အတင်းအကြပ်ယူခိုင်းတာ မျိုး မရှိပေမယ့် ကျူးလွန်သူဖက်က လက်ထပ်ဖို့ လက်ခံရင်တော့ အမျိုးသမီးရဲ့အသံကို ထည့်သွင်းစဉ်းစားမှု မလုပ်တော့ပဲ အမှုကို လက်ထပ်ပေါင်းသင်းခြင်းနဲ့ အဆုံးသတ်ကြပါတယ်။

အိပ်မက်ဆိုးမှ မနိုးသေးတဲ့ ရှမ်းအရှေ့ဒေသက ဆယ်ကျော်သက်လေးတစ်ယောက်..
“ တရုတ်ပြည်မှာ လစာကောင်းတယ်ဆိုပြီး ညာခေါ်ကြတယ်။ တကယ်တော့ တရုတ်အမျိုးသားတွေဆီ သွားရောင်း စားခံရတာ။ အခုထိ မလွှတ်လာသေးတဲ့ သူတွေလည်းရှိသေးတယ်”

နာဂတောင်တန်းပေါ်က ဘဝခရီးကြမ်းနဲ့ အားမာန်မလျှော့သူများ
“ယောကျ်ားနဲ့ မိန်းမအလုပ်လုပ်ရတာချင်းအတူတူ မိန်းမတွေ တောင်ယာက ပြန်လာတာနဲ့ မိသားစုစားဖို့ ချက် ပြုတ်၊ လျှော်ဖွတ်ရတယ်။ ဝယ်စရာလိုလို့ ငွေမရှိရင် ဈေးရောင်းရတယ်။ အကုန်လုပ်ရတယ်။ ဒါပေမယ့် ရပိုင်ခွင့် ကျရင်တော့ မိန်းမတွေက ဘာမှ မရတော့ အရမ်းနစ်နာတယ်”

ရှာလေဝေးဝေးငြိမ်းချမ်းရေးနဲ့ တိုက်ပွဲထဲက အမျိုးသမီးနှင့်ကလေးငယ်များထိခိုက်သေဆုံးမှု
“ ကျမတို့ ရခိုင်ပဋိပက္ခအကြား သေဆုံးတဲ့အမျိုးသမီးတွေ (၃၀) အထက်ရှိပြီး ဒဏ်ရာရတဲ့သူတွေ (၆၀)ကျော်ရှိပါတယ်။ ကျမ တို့ မကောက်နိုင်သေးတဲ့ အချက်အလက်တွေ ရှိနေသေးတယ်”

အမျိုးသမီးအဖွဲ့များကို ပြည်နယ်အစိုးရက ပိုထိန်းချုပ်နေသလား..
“ကယားပြည်နယ်မှာတော့ မြို့ပေါ်မှာဘဲလုပ်လုပ် ကျေးရွာမှာဘဲလုပ်လုပ် အစိုးရက ပိတ်ပင် တာမျိုး ခဏခဏကြုံရတယ်။ အစိုးရစာထုတ်တာမျိုး၊ ကျေးရွာအုပ်ချုပ်ရေးမှုးကိုယ်တိုင်က ခွင့် မပြုဘူး။ ဘာလို့လဲဆိုရင် ဘယ်အဖွဲ့ဘဲလာလာ လက်မခံဖို့ ထွေအုပ်က ထုတ်ပြန်ထားတယ်လို့ ပြောတယ်။ ကယားပြည်နယ်မှာ အဓိက ပိုပြီးကြုံတွေ့နေရတယ်”


