သတင်းဆောင်းပါး

မငြိမ်းချမ်းသောအရပ်မှမြေစာပင်အမျိုးသမီးများ

အဲ့ညက လက်နက်ကြီးသံတွေကလည်း တရစပ် ပစ်နေတော့ ဆေးရုံသွားဖို့ကလည်းအဆင်မပြေ။ ဒဏ်ရာနဲ့ သွေးနဲ့ ဒီတိုင်း နာကျင်ပြီးနေရတယ်။ အရဲစွန့်ပြီးတော့လည်းမသွားရဲဘူး”

ကုစားဖို့ အခြေအနေမပေးသေးတဲ့ စစ်ဘေးသင့်ဒေသက အမျိုးသမီးတွေရဲ့ ဝေဒနာများ

“ကျွန်မတို့ ဘယ်လိုပဲ ညှိနှိုင်းမှုတွေလုပ်လုပ် ခုထိ မြေပြင်အခြေအနေမှာတော့ မုဒိမ်းမှုတွေတောင် ရေတွက်လို့ မရနိုင်အောင်ဖြစ်နေဆဲပါပဲ၊ ထိရောက်တဲ့ တာဝန်ယူ တာဝန်ခံမှုမရှိသေးသရွေ့လည်း ဘယ်လိုပဲ စစ်တက္ကသိုလ်တွေ စစ်သင်တန်းတွေမှာ ကျား-မ တန်းတူညီမျှမှုတို့ စစ်ဘေးသင့်ဒေသက အမျဳိးသမီးတွေ အတွက် စာနာနားလည်မှုတို့ သင်ပေးနေတယ်ပြောပြော မြေပြင်ကို မထိရောက်ရင် အလကားပါပဲ”

၂၀၂၀ရွေးကောက်ပွဲကနေ ပထမဆုံးသောမသန်စွမ်းအမျိုးသမီးအမတ်ထွက်ပေါ်လာမည်လား

"အခု နိုင်ငံရေးနယ်ပယ်ထဲကို ကျမတို့ မသန်စွမ်းတွေဝင်လာခဲ့တယ်။ နိုင်ငံရေးနောက်ခံသမိုင်းမှာ သွေးတွေ ချွေးတွေရင်းပြီး ပါခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အနာဂတ်ကို ဖော်ဆောင်တဲ့အခါမှာ ကျမတို့ ကလည်းအုပ်တစ်ချက် သဲတစ်ပွင့် အနေနဲ့ ပါဝင်ချင်ပါတယ်"

ရှေးအစဉ်အလာပြဌာန်းမှုများအောက်က ဟိန္ဒူအမျိုးသမီးများ

“အမှန်တိုင်းပြောရရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မကြိုက်ဘူး။ ဒီဘာသာမှာ လူဖြစ်ခွင့်ရတာနဲ့ပဲ ကိုယ့်ဖြစ်တည်မှုတွေကို စွန့်လွတ်ရမလို ဖြစ်နေပြီ။ ဒါမျိုးတွေ လူကြီးမိဘရှေ့ပြောကြည့်လို့တောင်မရတဲ့ စကားမျိုးတွေပါ”

အမျိုးသမီးလုံခြုံရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ သေနတ်သံကြားများအကြားက ကိုယ်စားလှယ်လောင်း

“ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်တယ်။ အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ အမျိုးသားတွေနဲ့ တန်းတူ လုပ်ဆောင်နိုင်တယ်ဆိုတာ ပြချင်တယ်။ တိုက်ခိုက်မှုလည်းမကြောက်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်”

ပြောင်းလဲမှုများအတွက် ကိုယ်စားပြုဖို့ကြိုးစားနေကြတဲ့ ကရင်နီ အမျိုးသမီးများ

"… သူတို့ပြောတာက ဆရာမတို့က အမျိုးသမီးဖြစ်နေတာကိုတဲ့။ ကျနော်တို့က အမျိုးသားကိုပဲ မဲထည့်တာပေါ့တဲ့။ ဆိုတော့ လူထုတွေရဲ့ စိတ်ထဲမှာက အမျိုးသမီးဆိုရင် ဦးဆောင်မှုအခန်းကဏ္ဍမှာ မရှိသင့်ဘူးဆိုတဲ့ဟာက အစဉ်အဆက်မှာ တွေးလာတာမျိုးကိုပဲ သူတို့နားလည်ထားတယ်…"

အစဉ်အလာမရှိခဲ့တဲ့နေရာတခုအတွက် အစဉ်အလာတွေအောက်က ထိုးဖောက်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း

" နိုင်ငံရေးမှာကို လွှတ်တော်နိုင်ငံရေးသွားဖို့လုပ်တဲ့အချိန်မှာ ခုလိုရွေးကောက်ပွဲကာလတွေမှာ လူထုကိုပိုပြီးတော့ အချိန်ပေးရတဲ့အချိန်တွေမှာ သားသမီးကို ချန်ထားရတဲ့ကိစ္စတွေ ဒါတွေလည်း တော်တော်လေးမလွယ်ကူတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တယ်ပေါ့နော်။ ဒါကတော့ အိမ်ထောင်ရှင်နိုင်ငံရေးလုပ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ အနေအထားပေါ့နော်”

အမျိုးသမီးနဲ့လူငယ်တွေရဲ့လုပ်နိုင်စွမ်းကိုပြချင်လို့ လွှတ်တော်ထဲကိုဝင်ရောက်ချင်တဲ့ ကယန်းအမျိုးသမီး

"ကျမရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်တွေကို ဆိုရှယ်မီဒီယာမှာ အသုံးပြုပြီးလူထုဆီရောက်အောင် မပို့နိုင်ဘူးပေါ့။ ကျမတို့ ကိုယ်တိုင်သွားမှပဲဖြစ်မယ့် အနေအထားမျိုးတွေမှာ မိုးတွင်းကာလလည်းဖြစ်၊ လမ်းခရီးကြာရှည်စွာနဲ့လျှောက်ရတာမျိုး၊ ကားလမ်းတွေလည်း မရှိတဲ့အတွက်ကြောင့် ဆိုင်ကယ်လမ်းခရီးနဲ့ သွားရတာမျိုး အသက်ကိုဖက်နဲ့ထုပ်ပြီးမှ စည်းရုံးရေးဆင်းနေရတဲ့ အနေအထားဖြစ်တယ်"

ဝေးလံခေါင်ဖျားအရပ်မှ ဆယ်ကျော်သက်မိခင်များ

“ဗိုက်အောင့်လာရင် တောထဲကို သွားတယ်။ သူများမမြင်နိုင်တဲ့ နေရာရောက်ရင် ထိုင်ပြီးမွေးလိုက်တယ်။ ကလေး ထွက်လာရင် ထမိန်တွေကောင်းကောင်းပြန်ဝတ် ချက်ကြိုးကို မှန်နဲ ့ဘဲဖြတ်လိုက်တယ်။ ပြီးတာနဲ့ ကလေးကို အဝတ်နဲ့ ထုတ်ပြီး တဲရှိတဲ့နေရာကို ပြန်လာတာ…. ”

ကိုဗစ်နဲ့စစ် အကြားဗျာများနေရသော ရခိုင်စစ်ဘေးရှောင်များ

“ကိုဗစ်အကြောင်း သိပ်မသိဘူး။ ကျွန်မတို့ ခုဆန်ပဲရှိတော့တာ၊ ဟင်းက အလှည့်ကျ အုပ်စုလိုက် အပြင်ထွက် ပြီး အသီးအရွက်တွေ ခူးကြ ချက်ကြရတယ်။ အလှုရှင်တွေက လက်ဆေးရည်တို့ ဘာတို့ လာပေးကြပေမယ့် တကယ်လိုနေတာက စားစရာပါ။ ။ ပြီးတော့ ကျွန်မတို့ တကယ်လိုနေတာတွေက အတွင်းခံတို့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတို့ပါ။ နှာခေါင်းစည်းတွေ ဘာတွေကျ လာပေးလည်း ကိုယ့်အချင်းချင်းတွေ ဘယ်သူမှ တပ်မနေကြပါဘူး”