Entries by webmaster

အိမ်တွင်း ဥယျာဉ်မှူး (သို့မဟုတ်) Gi Gi – Home Garden ပဲ့ကိုင်ရှင်

“အစားအစာဆိုတာ အမြဲဝယ်ယူ စားသောက်လို့ မရတဲ့အချိန် ကြုံလာရနိုင်တယ်။ ဒါကြောင့် ကိုယ်တိုင် ထုတ်လုပ်တာကို လုပ်နိုင်မှ ဆိုတာ ပိုမြင်သာလာတဲ့အခါ ကျမ တတ်နိုင်သမျှ အပင်တွေ တိုးစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်”

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ မဲဆောက်တွင်ပြုလုပ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး – ၁၆ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၅ရက်နေ့က ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။

နှိမ့်ချ ခွဲခြားမှုတွေကြား ရှင်သန်နေတဲ့ စိမ်း

“အရင်ကတော့ သူမိန်းကလေးလို ဝတ်တာ မကြိုက်ဘူး။ ဒါပေမဲ့ မိန်းကလေးလို ဝတ်တာက သူများကို ထိခိုက်နေတာမှ မဟုတ်ဘဲ။ ကျမအတွက်တော့ စိမ်းက ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် လိမ္မာအားကိုးရတဲ့ ကလေးပါ။”

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ – CRSBV

HI ရဲ့ “မှတ်သားစရာ အသိပညာ” အစီအစဉ်ကနေ ဒီအပတ်မှာတော့ ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တင်ဆက်ပေးထားပါတယ်။

ဖဲကြိုးဖြူနှင့်ကတိပြု

စစ်ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်သည့် ယန္တရားများ တည်ဆောက်ရန် လိုအပ်နေပြီး နိုင်ငံရေး ဦးဆောင်အဖွဲ့များအနေဖြင့် တာဝန်ယူတာဝန်ခံမှုရှိပြီး တရားမျှတမှုရရှိစေမည့် လမ်းကြောင်းများကို မဖြစ်မနေ ဖော်ဆောင်ရန် လမ်းညွန်ရမည်ဖြစ်သည်။

စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲ လာရောက်လည်ပတ်သူနည်းပါး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ၂၀၂၃ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်ပွဲတွေနဲ့စာရင် လာရောက်သူ အင်မတန်နည်းပါးခဲ့ ပါတယ်။

ပေါက်တောမြို့ပေါ်ကျောင်းက ကျောင်းဆရာမ ရှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အင်အားဖြည့် တင်းထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ မနေ့က နိုဝင်ဘာ ၁၇ ရက်နေ့မှာ မြို့ပေါ်စာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမ ရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ထောင်တွင်းငရဲခန်းကလွတ်မြောက်ပြီးနောက် ယုံကြည်ရာလမ်းကိုဆက်လျှောက်နေကြတဲ့အမျိုးသမီးတွေ

“ အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတော့ ကျွန်မလူအသိုင်းအဝိုင်းနဲ့တခြားစီဖြစ်နေသလို ခံစားရတယ်။ လူတွေနဲ့ လည်းစကားမပြောချင်ဘူး။ တစ်ယောက်ထဲနေချင်တယ်။ တွေးငေးနေတာမျိုး ညလည်းမအိပ်ဘူး။ ဘယ်အချိန်ပြန်လာဖမ်းဦး မလဲဆိုတဲ့ အတွေးနဲ့နေ့ရောညရော လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။”

နိုင်ငံရေးပဋိပက္ခတွေကြား အမျိုးသမီးတွေကို အသက်အန္တရာယ်ချိန်းခြောက်နေတဲ့ အွန်လိုင်းမှုခင်းများ

“တစ်ယောက်တည်းကြိတ်ဖြေရှင်းတာက အလုပ်မဖြစ်ဘူး။ ရှက်စရာမလိုဘူး။ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲရမယ်။”