Entries by webmaster

ဂီတနဲ့ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာကိုဖြေသိမ့်ပေးနေသူ

ဒေဝီ။ ။ အစိမ်းရောင်တာလပတ်တွေမိုးထားတဲ့ တဲတစ်ခုထဲမှာ အသက်ရွယ်စုံကလေးတွေနဲ့ လူငယ်တစ်ချို့က တူရိယာကိုယ်စီနဲ့ အလုပ်များနေကြပါတယ်။ သူတို့က ဂစ်တာတီးသူတီး၊ တယောထိုးသူက တယောထိုးပြီး ကျန်ကလေးငယ်တွေက  သီချင်းကို သံစဉ်အလိုက် ပျော်ပျော် ပါးပါး သီဆိုနေကြပါတယ်။ လက်နက်ကြီးလက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုအသံတွေ ကြားနေ့စဉ်ဖြတ်သန်းနေရတဲ့ စစ်ဘေးရှောင်ကလေးငယ် တွေအဖို့ ဂီတသံစဉ်တွေတီးခတ်ပြီး တေးသီချင်းတွေသီဆိုရချိန် အခိုက်အတန့်က သူတို့အတွက် ပျော်ရွင်စရာ ဖြစ်နေပါတယ်။ ဒါကတော့ ဂီတဆရာမ မော်ဖရေးမြာ ဦးဆောင်ဖွင့်လှစ်တဲ့ ထဲဖိုးဂီတသင်တန်းက စစ်ဘေးရှောင်ကလေးတွေကို ဂီတပညာ သင်ကြားပေးနေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ ရွှေပန်းကလေးတွေလို့ အဓိပ္ပါယ်ရတဲ့ ထဲဖိုး (Htel Phoe) ဂီတသင်တန်းကို ဂီတဆရာမ  မော်ဖရေးမြာက လွန်ခဲ့တဲ့ နှစ်နှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အသက်၂၃နှစ်အရွယ် မော်ဖရေးမြာက ရန်ကုန်က ဂီတကျောင်းတစ်ခုမှာ တယောနဲ့စန္ဒယားမေဂျာနဲ့ ကျောင်းတက်ရင်း […]

ဖျားနာမှုကြောင့် သေဆုံးမှုရှိလာတဲ့စစ်ရှောင်တွေ

“ ဒီမှာဘာဆေးမှမရှိဘူး။ ဆေးအလှူရှိပေမယ့် အဖျားပျောက်ဆေးပဲရှိတာ။ ဌက်ဖျားဆေးက ဖြစ်တဲ့သူများတော့ မျှသောက် ရတယ်။ ဆေးမရှိလို့သေရတာတဲ့ တကယ်ရင်နာရတယ်။”

LWF Myanmar က အမျိုးသမီး ၄၃ ဦးအပါ အဝင် ဝန်ထမ်း ၈၀ ဦးကို လစာမပေးဘဲ အလုပ်ထုတ်

မီးဖွားခါနီးကိုယ်ဝန်ဆောင်လေးဦးနှင့် နို့တိုက်မိခင်လေးဦးပါဝင် နွေဦးမောင် စက်တင်ဘာ ၁၀၊ ၂၀၂၃။ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်နေသော ဆွစ်ဇာလာနိုင်ငံ၊ ဂျနီဖာမြို့အခြေစိုက် လူသာရမ်ဖက်ဒရေးရှင်း(Lutheran World Federation – LWF)မြန်မာက စစ်တွေရုံးခွဲမှ ဝန်ထမ်း ၈၀ ဦးအား အလုပ်မှထုတ်ပယ်ခဲ့ရာ အမျိုးသမီးဝန်ထမ်း ၄၃ ဦးပါဝင်ကြောင်း အလုပ်မှထုတ်ပယ်ခံရသောဝန်ထမ်းများက ဆိုသည်။ ယခုကဲ့သို့ အလုပ်မှ ထုတ်ပယ်လိုက်ခြင်းကို စက်တင်ဘာ ၄ ရက်က ဝန်ထမ်းများထံ အီးမေလ်းမှတဆင့် အကြောင်းကြားစာပေးပို့လာခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် သြဂုတ်လအတွက် လုပ်ခလစာများကိုလည်း ပေးအပ်ခြင်းမရှိသေးကြောင်း အလုပ်ထုတ်ခံ အမျိုးသမီးဝန်ထမ်းများက ပြောသည်။ LWF မှဝန်ထမ်းများကို လစာငွေပေးရာတွင် ယူရိုငွေမှ မြန်မာကျပ်ငွေလဲလှယ်၍ ပေးအပ်ရာတွင် စျေးကွက်ပေါက်စျေးအတိုင်းမပေးဘဲ စစ်ကောင်စီဘဏ်ကသတ်မှတ်သော ငွေလဲလှယ်နှုန်းအတိုင်းပေးသည့်အပေါ် မကျေနပ်၍ ပေါက်စျေးအတိုင်းပေးရန် တောင်းဆိုရာမှ ယခုကဲ့သို့ […]

မြေမြှုပ်မိုင်းက နုတ်ယူလိုက်တဲ့ အမျိုးသမီးတွေရဲ့ အသက်နဲ့ဘဝတွေ

“ဒေသတွင်းတိုက်ပွဲလည်း ဖြစ်နေတာဆိုတော့ ဘယ်သူတွေထောင်တဲ့ မိုင်းဆိုတာ ပြောဖို့ခက်တယ်။ ဘာလို့ဆို မိုးတွင်းမှာ ထောင်ထားတဲ့မိုင်းတွေက နေရာရွေ့သွားတတ်တော့ ဒါကို သတိထားဖို့လိုတယ်။”လို့ ပေါက်-PDF မှ မိုင်းရှင်းလင်းရေး တာဝန်ခံတစ်ဦးက သတိပေးပါတယ်။

Honest Information အမျိုးသမီးသတင်းဌာန၊ အမျိုးသမီး Podcastအစီအစဉ် (Episode – 15)

HIသတင်းဌာနရဲ့ ဒီအပတ်ပေါ့ကတ်အစီအစဉ်မှာတော့ အမျိုးသားများသာ သီးသန့်ပါဝင်ဆွေးနွေးနေတဲ့ မန်နယ်စကားဝိုင်းတွေအပေါ် အမျိုးသားတွေရဲ့ အမြင်နဲ့အတူ အားကစားနဲ့ အမျိုးသမီးတွေကိုကာကွယ်ပေးမယ့် ဗိုဗီနမ်လက်ရွေးစင်ဆိုတဲ့ လူမှုဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

အနာဂတ်ကြယ်ပွင့်လေးတွေကို ပျိုးထောင်သူ

“ ကျွန်မတို့က ကောင်းတဲ့ကလေးတွေကိုပဲ လက်ခံသင်ကြားပေးရမယ်ဆို ကျောင်းသား၊ကျောင်းသူရှိတော့မှာ မဟုတ်ဘူး။ ကျောင်းတက်ဖို့ ရောက်လာတဲ့ကလေးအားလုံးကို လက်ခံပေးတယ်။”

စစ်ဒဏ် မိုးဒဏ်အောက်က အသက်လု ရှင်သန်နေရတဲ့ ဘဝတွေ

“ည ၁၂ နာရီ လောက်မှာ လေကြောင်းသံ ဗုံးကြဲသံတွေကြောင့် ထွက်လာတာ၊ ဓာတ်မီးကလည်း မထွန်းရဲ။ ဘာမှလည်း မပါ။ ကလေး နှစ်ယောက်ကိုတွဲပြီး ပုန်းတလှည့်၊ ပြေးတလှည့် လမ်းလျှောက်တလှည့်နဲ့ ရောက်လာတာ။ ကျည် ဗုံးထိမှာတော့ ကြောက်ရတယ်”

ရေပြင်မှာ ရေရှားတဲ့ဒဏ် ခံနေရတဲ့ မွတ်ဆလင် ဒုက္ခသည် အမျိုးသမီးတွေ

“ ဒီမှာ လုပ်စရာအလုပ် မရှိဘူး။ အပြင်ထွက်လုပ်ဖို့ကလည်း အဆင်မပြေ။ အရေးကြီးဆုံး အခက်အခဲက ရေမရတာပဲ။” လို့ သူက ပြောပါတယ်။