Entries by webmaster

အဖက်ဖက်က ပိတ်ဆို့မှုတွေကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့ ရခိုင်ပြည်သူတွေ

သန့်ရှင်းထွန်း ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဒေါ်ရီရီချိုတို့နေထိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် တွေက ဒေသခံတွေ တဖြည်းဖြည်း ပိုခံစားလာရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ၊ နိုဝင်ဘာ ၁၃ က ရခိုင်ပြည်နယ်မှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲ တွေကြောင့် ဒေသခံအရပ်သားတွေ အသက်သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးတာနဲ့ နေရပ် စွန့်ခွာ ထွက်ပြေးရတာတွေက နေရာတိုင်းမှာ ဖြစ်နေပါတယ်။ အဲဒါတွေအပြင် တိုက်ပွဲရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ လျှပ်စစ်မီးပြတ်တောက်တာ၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်း ပြတ် တောက်တာတွေပါ ကြုံတွေ့လာနေပြီလို့ ဒေါ်ရီရီချိုက ပြောပါတယ်။ “ မီးမရှိတဲ့ညဘက်မှာ လက်နက်ကြီးပစ်သံတွေကြားရင် မျက်လုံးကိုတင်းတင်းမှိတ်၊ အံကြိတ်ခံနေရတယ်။”လို့ ဒေါ်ရီရီချိုက ပြောပါတယ်။ အသက် ၃၈ နှစ်အရွယ် ဒေါ်ရီရီချိုဟာ […]

ကရင်နီပြည်က တော်လှန်ပန်းတစ်ပွင့်

“ ဒီတော်လှန်ရေးကိုအရှုံးမပေးချင်လို့ လက်နက်ကိုင်တဲ့လူမှ တော်လှန်‌ရေးလုပ်တာမဟုတ်တဲ့အတွက်ကြောင့် ကျွန်မဒီဟာကို ဆက်လက်ပြီးထမ်းဆောင်နေတာဖြစ်ပါတယ်။ ထပ်ပြီးထိခိုက်မိမှာတော့စိုးရိမ်တယ်။ ဒါပေမယ့် ပြည်သူရဲဘော်အတွက်ဆိုတဲ့ စိတ်ကိုအဓိကထားပြီး တာဝန် ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။”

ဖက်ဒရယ်ပညာရေးကို ပုံဖော်ထုဆစ်နေသူ မခင်စန္ဒာညွန့်

“ ကျမလူငယ်ဘဝက အရည်အသွေးမြင့်တဲ့ပညာရေးလည်းမရခဲ့ဘူး။ စာကြည့်တိုက်လည်း မရှိဘူး။ နိုင်ငံရေးအကြောင်းရေးလို့ ပြောလို့မရဘူး။ ဒါတွေကို ကိုယ်ရဲ့ညီမငယ်တွေကို မကြုံစေချင်ဘူး။ သူတို့ဘဝအတွက် အရည်အသွေးမြင့်ပညာရေးကို ရစေ ချင်တယ်။”

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီး Hip Hop အဆိုတော်၊ နိုင်ငံရေးသမားဇနီးရဲ့တော်လှန်ရေးခရီးလမ်း

“ ကျွန်မမှာအခုဖြစ်ချင်တဲ့ ဆန္ဒပေါ့။ ဘာတွေလုပ်ချင်လဲ ဆန္ဒနှစ်ခုရှိတယ်။ ကို‌မောင်ကျော်ကို ပြန်တွေ့ရမလားဆိုတဲ့ မျှော်လင့် ချက်နဲ့ အကျဉ်းကျခံနေရတဲ့သူတွေရဲ့ ထောင်တံခါးကိုဖွင့်ပေးချင်တယ်။ အားလုံးလွတ်လပ်တဲ့လေကိုရှူရှိုက်ပြီးတော့ လွတ် လပ်တဲ့ဘဝမှာရှင်သန်စေချင်တယ်။”

သားဖြစ်သူကို တော်လှန်ရေးမှာဆုံးရှုံးလိုက်ရပေမယ့် နိုင်ရာဝန်ဆက်ထမ်းနေဆဲ CDM ဆရာမ

“ ပင်စင်ယူပြီးရင်တော့ ငြိမ်းချမ်းတဲ့ဘဝမှာပဲ နိဂုံးချုပ်မယ်လို့ စိတ်ကူးထားတယ် ၊ဆရာမကြီးရဲ့သားလို တစ်နိုင်ငံလုံးမှာ ကိုယ့် ထက်ဆိုးရွားသူတွေရှိပါတယ်။ တော်လှန်ရေးမှာကျသွားတဲ့ကလေးတွေရဲ့နေရာတွေကို လျှောက်သွားပြီး အမျှဝေမယ်။ ဒါက နံပါတ်တစ် ရည်ရွယ်ချက်ပဲ။”

မတွန့်မဆုတ်စတမ်း သုံးနှစ်ပြည့် CDM ခရီးကြမ်း

“ မြန်မာပြည်ပြန်ကောင်းရင်း ပြန်ဝင်မယ်။ ဘဝတလျှောက်လုံး ဝန်ထမ်းဘဝနဲ့ အေးအေးလူလူအလုပ်လုပ်ခဲ့ပြီး တခြား ပြင်ပ ဘဝတွေကို မမြင်တတ်ခဲ့ဘူး။ အခုမှတွေ့မိပြီးနောင်တရတယ်။ ကလေးသူငယ်နဲ့အမျိုးသမီးရေးကိစ္စ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါချင်တယ်။ အရင်ကထက် ပိုကြိုးစားမယ်။”

သူရဲကောင်းတွေကို ပြုစုရတာ ဂုဏ်ယူတဲ့အနော်

“တခါတလေ ကျမလည်း လူသားပဲလေ။ ဒီကိစ္စကိုပြောရင် အကြီးအကျယ် ရယ်ကြလိမ့်မယ် ရုပ်ရှင်လိုပေါ့။ သူတို့တွေ ဝေဒနာ ခံစားနေရတာ နိစ္စဒူ၀တွေ့ရတယ်။ သူတို့အော်သံတွေ သူတို့ကို ဆေးထိုးသတ်ဖို့ပြောအော်ပြောသံတွေက နေ့တိုင်းကြားရတော့ သူတို့ ရှေ့မှာ အနော်ဟန်ဆောင်တယ်။ အသံတွေလည်းတုန်တယ်။ အဲ့ချိန်အနော်ရဲ့ အဖော်မွန်က နေကာမျက်မှန်ပဲ။”

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ် ။

စစ်တပ်တွင်း ဘာသာရေးဖိနှိပ်မှုတွေကြားက ရုန်းထွက်နိုင်ခဲ့သူ မူဆလင်ဇနီးသည်

“ဘုရားချင်းအတူတူတောင် ကျမဘာသာအရ ဘုရားရှိခိုးခွင့်မပေးဘူး။ သူတို့က လိုင်းခန်းတွေလည်း ဝင်စစ်တတ်တယ်လေ။ ဗုဒ္ဓဘာသာကိုယူထားပြီးတော့ မွတ်စလင်လိုနေတာကို သူတို့လက်မခံဘူး။ သူတို့နားလည်မပေးတာကို စိတ်နာတယ်။”