“ပေးတဲ့အတိုင်းပြန်ယူပါ”ဇာတ်လမ်းတိုကို ဂျဲန်ဒါရှုထောင့်က သုံးသပ်ချက်
“အမျိုးသားတွေရဲ့ အတူနေချင်စိတ်ရှိလာဖို့၊ စိတ်ကျေနပ်မှု ရဖို့တစ်ခုအတည်းအတွက် သုံးရမှာမဟုတ်ပါဘူး။ ဒီလိုအတွေးအခေါ်မှားတွေက အမျိုးသမီးတွေက အမျိုးသားတွေကို ဖြည့်ဆီးပေးဖို့ လုပ်ရမယ်၊ တာဝန်ရှိတယ်ဆိုတဲ့ အတွေးတွေကို ဆက်ပြီး လက်ခံလာနိုင် စေပါတယ်။ ဒီလိုဖို၀ါဒဆန်တဲ့ အယူအဆတွေကိုပဲ အမျိုသမီး အချင်းချင်းလက်ဆင့်ကမ်းနေတာဟာ သတိပြုရမှာ ဖြစ်ပါတယ်။”
ဒီတပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “ပေးတဲ့အတိုင်းပြန်ယူပါ” ဆိုတဲ့ ဇာတ်လမ်းတိုကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။











