Entries by webmaster

မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ

ခင်ဘုန်းမို့ မြန်မာနိုင်ငံမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ ကျား၊ မ ရေးရာစံနှုန်းတွေက အမျိုးသမီးတွေရဲ့ စီးပွားရေးဆိုင်ရာ စွမ်းပကားမြှင့်တင်မှုကို ဟန့်တားနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရဲ့ မနေ့က (ဇူလိုင် ၁၃) ထုတ်ပြန်ခဲ့တဲ့ “ ညီမျှမှု မရှိသော ဝန်ထုပ်ဝန်ပိုးများ – မြန်မာ့စီးပွားရေး အကြပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” ဆိုတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ အမျိုးသား ၁၀ဦးမှာ ၁ ဦးက အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်ပြင်ပမှာ အလုပ်မလုပ်သင့်ဘူးလို့ ယုံကြည်ထားကြပါတယ်။ တူညီတဲ့အလုပ်ဖြစ်စေ၊ အမျိုးသားတွေက လုပ်အားခ ပိုမိုရရှိသင့်တယ်လို့ အမျိုးသား ၃၅ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၃ ရာခိုင်နှုန်းက ယုံကြည်ထားကြတဲ့အတွက် ဒီအချက်ကလည်း အမျိုးသမီးနဲ့ အမျိုးသားကြား စီးပွားရေးမညီမျှမှုကို ပုံမှန်ကိစ္စရပ်တခုလို […]

စစ်ခေါင်းဆောင်ရဲ့ရက် (၁၀၀) ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို SCEF ကဘယ်လိုမဟာဗျူဟာနဲ့တုန့်ပြန်သွားမလဲ

ငြိမ်းချမ်းရေးဆိုတဲ့အနှစ်သာရကို သေချာနားမလည်ဘဲနဲ့ အကြမ်းဖက်မှုတွေ၊ သြဇာတည်ဆောက်မှုတွေ အောက်ကနေ ကိုယ့်အာဏာကိုယ်ဆက်တည်ဆောက်ဖို့ ကြိုးစားတဲ့ပွဲဆိုရင်တော့ ကျမတို့ရှောင်ကြရမယ်

မုဒိမ်းမှုကို သေဒဏ်ပေးသင့်၊ မပေးသင့်

“တရားမျှတမှု ဆောင်ကျဥ်းပေးကြမယ့်သူတွေ သုံးသပ်ရမယ့်အချက်က သေဒဏ် ချမှတ်လိုက်တာနဲ့ ရာဇဝတ်မှု လျော့ကျသွားတယ်ဆိုတာ ထပ်တူမကျနေတဲ့အချက်ပါ”

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင်လ ၄ ရက်ကနေ ၁၀ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

 “လိင်မှုကိစ္စမှာ သူတို့လိုချင်တဲ့ ပုံစံမရဘူးဆို ရိုက်တာ၊ တခါတလေလည်း အုပ်စုဖွဲ့ ပြီး အနိုင်ကျင့်တာ ဒါမျိုးတွေလည်းရှိလာတယ်”

“စားဝတ်နေရေးဖြေရှင်းဖို့အတွက် မိသားစုဝင်တွေထဲက တယောက်ယောက် ကို ဒီလောကထဲ သွတ်သွင်းလိုက်တာ ဒါမျိုးတွေအထိ ဟိုတုန်းကရှိပေမယ့် အခု အဲဒီလိုမျိုးတွေက ပိုတွေ့နေရတယ်”

နာရီမရှိသော စက်ရုပ်များ

“လက်ရှိ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း ခေတ်ဆိုး၏ဒဏ်ကို ခံနေရသည့် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများသည် သာမန်ပင်ပန်းရုံတင်မကဘဲ ပြင်းထန်သော စိုးရိမ်ပူပန်မှုများနှင့် စိတ်ဓာတ် ကျခြင်းများဆီသို့ ဦးတည်နေပြီ ဖြစ်သည်”

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဇွန်လ ၂၇ရက်ကနေ ဇူလိုင်လ ၃ ရက်၊ ၂၀၂၆)

ဇွန်လ ၂၇ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

“အမျိုးသမီးမဟာမိတ်အင်အားစု (WAB)နဲ့အညာဒေသအမျိုးသမီးလှုပ်ရှားမှု” ဆွေးနွေးပွဲစကားဝိုင်း

“၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအညာဒေသတော်လှန်ရေးလှုပ်ရှားမှုတွေထဲမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကိုလည်းချန်လှပ်ထားလို့မရဘူး။စစ်အာဏာရှင်စနစ်ကိုတော်လှန်ဖို့အညာဒေသကအမျိုးသမီးတွေရဲ့မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုတွေကအင်မတန်ပဲလေးစားဂုဏ်ယူစရာကောင်းတယ်” ဒီနေ့မှာတော့အမျိုးသမီးမဟာမိတ်အင်အားစု (WAB)နဲ့အတူအညာဒေသကအမျိုးသမီးလှုပ်ရှားမှုတွေနဲ့လက်ရှိအခြေအနေတွေကိုဒီစကားဝိုင်းမှာဆွေးနွေးသွားမှာဖြစ်ပါတယ်။

“အမျိုးသမီးတွေရဲ့ ကိုယ်ရေးလိင်ဗီဒီယိုတွေ ဈေးကွက်တခုလို ရောင်းဝယ် ခံနေရ”

“အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ကုန်ပစ္စည်းတခုလိုမျိုး သဘောထားတဲ့ ဖိုဝါဒကြီးစိုးတဲ့အတွေးအခေါ်က ရှိနေတဲ့ အတွက်ကြောင့် ဝယ်လိုအားကလည်းရှိနေတယ်”

“အမျိုးသမီးငယ်တွေပညာသင်ယူခွင့်ဆုံးရှုံးရင်တိုင်းပြည်ကဘာတွေဆုံးရှုံးရမလဲ”

“အမျိုးသမီးတွေနဲ့  မိန်းကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်ကို ကာကွယ်ပေးတယ်ဆိုတာ ကျား၊ မ တန်းတူညီမျှရေးအတွက်တင်မဟုတ်ဘူး၊ နိုင်ငံဖွံ့ဖြိုးတိုးရေးအတွက်လည်း တကယ်ကို အရေးကြီးပြီးတော့ မဖြစ်မနေလိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတခုလို့ မြင်ပါတယ် ”       🔳 ဒီတပတ်ပေါ့ကတ်အစီအစဉ်မှာတော့ ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာအကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး အခြေခံ ပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်ထိ ရှိနေဆဲဖြစ်တယ်လို့ (ISP-Myanmar) ကထုတ်ပြန်ထားပါတယ်။ ဒီလိုမျိုးပညာသင်ယူခွင့်ဆုံးရှုံးမှုတွေက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ပညာရေးအဝန်းအဝိုင်းက ပြည်သူတွေရဲ့အမြင်ကိုမေးမြန်းထားပါတယ်။