မြန်မာတွေရဲ့ ကလေးမီးဖွားနှုန်းက ထိုင်းနိုင်ငံအတွက် တကယ်ပဲ ဝန်ထုပ်ဝန်ပိုးလား
“ကျမတို့ မြန်မာနိုင်ငံသားတွေရဲ့ ဘဝသည် ပျော်နေလို့ ပျော်ပျော်ကြီးကလေးယူနေကြတာ မဟုတ်ပါဘူး၊ အခက်အခဲတွေကြားထဲကပဲ ကိုယ့်ရဲ့ Generation ကို တည်ဆောက်နေကြရတာမို့လို့ ထိုင်းလူမျိုးတွေကိုလည်း အဲ့ဒိသတင်းစကားမက်ဆေ့ချ်လေးကို ပေးချင်ပါတယ်။ နားလည်ပေးစေချင်ပါတယ်ရှင်”
ဒီတပတ် ပေါ့ဒ်ကတ်စ် အစီအစဉ်မှာတော့ ထိုင်းနိုင်ငံရေးသမားတချို့နဲ့ တက်ကြွလှုပ်ရှားသူတချို့က ထောက်ပြနေကြတဲ့ နိုင်ငံခြားသားတွေရဲ့ ကလေးမီးဖွားနှုန်းက နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်ဆိုတဲ့ ဆွေးနွေးချက်တွေအပေါ် လူဦးရေအများဆုံးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းတွေရဲ့ မတူညီတဲ့ နယ်ပယ်တွေကကျွမ်းကျင်သူတွေ၊ ကိုယ်တိုင်တွေ့ကြုံခံစားနေကြရသူတွေရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။











