အိမ်တွင်းငရဲခန်းများအလွန်
ဒီနေရာမှာ ကျူးလွန်ခံရသူအမျိုးသမီးတွေအပေါ်လူတိုင်းလိုလိုက မေးတတ်တဲ့ မေးခွန်းတခုရှိပါတယ်။ “ဘာလို့ ချက်ချင်း မရုန်းထွက်ခဲ့ ကြတာလဲ” တဲ့။ အဖြေကတော့ ရှင်းပါတယ်။ ဖိုဝါဒကြီးစိုးတဲ့ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဒီနေ့အချိန်အထိ မလွှတ်ပစ်နိုင်ဘဲ ဖက်တွယ်ထားကြဆဲ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ စံနှုန်းတွေကြောင့်ပါပဲ။
ဒီနေ့မှာ သောတရှင်တွေနားဆင်နိုင်ဖို့ ရွေးချယ်ထုတ်လွှင့်ပေးမယ့် ဆောင်းပါးတပုဒ်ကတော့ “ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်က ရေးသားဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးရှင် ခင်ဘုန်းမို့ရဲ့ “အိမ်တွင်းငရဲခန်းများအလွန်” ဆိုတဲ့ ဆောင်းပါး တပုဒ်ပဲဖြစ်ပါတယ်။











