Entries by webmaster

“ပြည်သူ့ဘက်ကိုမျက်နှာမူခဲ့ကြတဲ့ ပြည်သူ့စစ်သားဇနီးများ “

“ဘဝဖြတ်သန်းပုံကတော့ အထဲနဲ့အပြင်အရမ်းကိုကွာဟပါတယ်။ လွတ်လပ်သွားသလိုခံစားရတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာမလိုဘဲ ကိုယ်ပြောချင်တာကို ပြောခွင့်ရှိတဲ့ လူတစ်ယောက်ဖြစ်လာတယ်လို့ခံစားရတယ်” လို့မသဇင်က ဖွင့်ဟပါတယ်။

အခက်အခဲကြားက လောကဓံကို ရင်ဆိုင်နေကြသူများ

“တနေကုန်ရှာပြီး ဒိုင်ဝင်စံချိန်မှီအကောင်ကြီးတွေရရင် တနေ့ကို ငွေသား ၄၀၀၀ လောက်ရတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ၁၀၀၀ လောက်တည်းပဲ ရတတ်ပါတယ်။ ရွှံ့ထဲနွံထဲမှာ သဘာဝအတိုင်းနေနေတဲ့ ဂုံးတွေကိုရှာရတာဆိုတော့ ပုံမှန်ဝင်ငွေရယ်လို့တော့ မရှိဘူးပေါ့”

ပအိုဝ်းရိုးရာ ပဲပုတ်လုပ်ငန်း လှုပ်ရှားမှု ဓာတ်ပုံရသ

ပဲပုတ်လုပ်တာက ချက်ရပြုတ်ရတာဖြစ်တာကြောင့် အမျိုးသမီးအလုပ် တစ်ခုလိုပင် သတ်မှတ်ကြပါတယ်။ အမျိုးသားတွေက အထူးတလည် လုပ်တာမျိုး မရှိပါဘူး။
တစ်ချို့တွေဆို ပဲပုတ်ချက်ပြီး ‌‌ရောင်းရတဲ့ဝင်ငွေကို တစ်ချို့အိမ်ထောင်ဦးစီးတွေက အသိအမှတ်မပြုကြပါဘူး။ ဘာကြောင့် လဲဆိုတော့ များပြားတဲ့ ဝင်ငွေမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

“သူများတွေက သတ်တယ် စစ်စတာက ပြန်မွေးပေးတယ် “

“ဆရာဝန်မဟုတ်ဘဲ ဒီလိုမျိုးတွေ လုပ်နေတယ်ဆိုပြီး ဝေဖန် အပြောခံရတာတွေတော့ရှိတာပေါ့ ။ ဒါပေမယ့် စစ်စတာရဲ့ စိတ်ထဲမှာ စီးပွားရေးလုပ်တာမဟုတ်ဘူး။ တကယ့်လူနာရဲ့ လိုအပ်ချက်ကို ကိုယ်တတ်တဲ့ပညာ၊ ဘုရားပေးတဲ့ အရည် အချင်းနဲ့ ကူညီလိုက်တာပဲ”

“ပုခက်လွဲသောလက်ဖြင့်အာဏာရှင်ကို တိုက်ထုတ်မည့် စစ်သည်တော်များ”

“မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့အနေနဲ့ အမျိုးသားတွေနဲ့တန်းတူ၊ အာဏာရှင်ကို တော်လှန်တဲ့ နေရာ တွေမှာ အားအင်အပြည့်ပါဝင်သွားမှာဖြစ်ပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရေး အတွက် စွမ်းစွမ်းတမံပါဝင်မယ့်အပြင် အနာဂတ်မှာ ကျား-မတန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်သွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်”

“ပြေးစရာမြေမရှိ၊ ပေးစရာငွေမရှိသော မိသားစုများ”

“ဒုက္ခသည်စခန်းမှာ အာဆာရဲ့ရန်ကို ကြောက်လန့်နေရသလို မြန်မာနိုင်ငံကိုဝင်လာရင်လည်း အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ ရန်ကိုလည်း စိုးရိမ်နေတယ်လို့ ပြောကြပါတယ်”

“တရားတစ်ဖက်ဓားတစ်လက်နဲ့ တော်လှန်ရေးမုန်တိုင်းထဲက ပါဝါရိန်းဂျားအညိုကောင်”

” လက်နက်လည်း မကိုင်ချင်ဘူး၊လူလည်းမသတ်ချင်ဘူး၊ ဒါပေမယ့်ကိုယ့်ကိုယ်ကိုတော့ ကာကွယ်ရမှာဆိုတော့ လုပ်သင့် လုပ်ထိုက်တာတော့ လုပ်ရမှာ။”

အမျိုးသမီးများအပေါ် ပစ်မှတ်ထား ကျူးလွန်သည့် လူမဆန်သည့် အပြုအမူများ

“ စစ်ကောင်စီက အရင်ခေတ်ကသုံးတဲ့ နည်းဗျူဟာတွေကိုပြန်သုံးနေတာ။ ရွာသားတွေက ပေါ်တာဆွဲမှာကြောက်လို့ ရွာ ပြန်မအိပ်ရဲတော့ ရွာမှာကျန်တဲ့အမျိုးသမီးတွေကိုပါ စစ်ကြောင်းလမ်းပြအဖြစ်ခေါ်သွားတယ်”

အာဏာရှင်ကို အဆုံးထိတိုက်မယ့် တော်လှန်ရေးလက်တွဲဖော်များ

” Pre-Wedding လှလှလေးရိုက်ကြမယ်၊ ဘယ်လိုလေးဝတ်ကြမယ်ဆိုတာကအစ ကြိုပြီးစိတ်ကူးယဉ်ခဲ့ကြတဲ့ အနာဂတ် အိမ်မက်တွေဟာ တစ်ခုမှဖြစ်မလာသေးပေမယ့် ပိုကောင်းတဲ့အနာဂတ်အတွက် ဒီနေရာကိုရောက်ပြီး အတူတိုက်ပွဲဝင် နေတာ ငါးလနီးပါးရှိသွားပြီ “