Entries by webmaster

မုန့်ကြွပ်လုပ်ငန်းလုပ်ကိုင်နေသော ပအိုဝ်းတောင်သူတွေရဲ့ လှုပ်ရှားမှုဓာတ်ပုံရသ

ကျောက်တလုံးကြီးမှာ ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ကြပြီး သနပ်ဖက်၊ပြောင်း၊ စပါး၊ ကြက်သွန်၊လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ တဖက်မှာလည်း တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ပအိုဝ်းရိုးရာ လွယ်အိတ်၊ ပလိုင်း၊ မုန့်ကျွတ်၊ မုန့်လက်ကောက် စတဲ့ ဒေသထွက်အစားအသောက်တွေကိုလည်း လုပ်ကြပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။

မိနစ် ၂၀ လောက် မောင်းလာလိုက်မယ်ဆိုရင် နောင်ဟဲင်းကျေးရွာကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ရွာအဝင်မှာ ပထမဆုံးတွေ့ရမှာက မိသားစုသုံးယောက် တနိုင်တပိုင်မုန့်ကြွပ်လုပ်ငန်း လုပ်ကိုင်နေ တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။