Entries by webmaster

ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အကြောင်း သိကောင်းစရာ Quiz

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ဘာလဲ? 🤔 ဒီ Quiz ရဲ့ အဖြေမှန်တွေက ဘာဖြစ်မလဲဆိုတာကို ဗီဒီယိုလေးကြည့်ရင်း အတူတူ ဖြေဆိုကြည့်ရအောင်။ မိမိတို့သိထားတဲ့ အဖြေတွေနဲ့လည်း တခါတည်း တိုက်စစ်ကြည့်လို့ရတာမို့ အဆုံးထိ ကြည့်လိုက်ကြရအောင်နော်။” https://youtu.be/WBdXQPzVs4s

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာက လူမှုရေးအမည်းစက်လား

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မုဒိမ်းမှု၊ အမျိုးသမီး၊ လူမှုအသိုင်းအဝိုင်း၊
ကောက်စာ “ကျူးလွန်သူက ကျူးလွန်ရဲတယ်ဆိုရင်တောင်မှ လူ့အဖွဲ့အစည်းက မျက်ကွယ်မပြုဘူး၊ အတိုင်းအတာ တခုအထိကို အမြဲတမ်းစောင့်ကြည့်နေမယ်၊ ပြောဆိုနေမယ်ဆိုရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက လက်ရှိမြင်တွေ့၊ ကြုံတွေ့နေရတဲ့ ပမာဏလောက်တော့မြင့်တက်နေမှာ မဟုတ်ဘူး”

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်း အရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်း ဖော်ပြအပ်ပါတယ်။

ကလေးငယ်တဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကိုင်တွယ်ပြီး ပြတ်လုံးထုတ်ခဲ့တဲ့ဇာတ်အဖွဲ့ တာဝန်ရှိသူတွေက ဝန်ချတောင်းပန်

ဒေဝီ အောင်ဇဗ္ဗူဇာတ်သဘင် အဖွဲ့က လူရွှင်တော်တွေဟာ ကလေးငယ်တဦးကိုစင်ပေါ်မှာ အဝတ်အစားချွတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်တွယ်ပြီး ပြတ်လုံးထုတ်ခဲ့တဲ့အတွက် ဇာတ်သဘင်တာဝန်ရှိသူတွေက ဝန်ချတောင်းပန်ပြီး ခံဝန်လက်မှတ်‌ရေးထိုးခဲ့တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး( ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလလယ်က ပဲခူးတိုင်း(အနောက်ပိုင်း)၊ အင်းမမြို့၊ အရှေ့ရွှေကျောင်းဘုရားပွဲမှာ ကပြဖျော်ဖြေခဲ့တဲ့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ လူရွှင်တော်တွေက ပရိတ်သတ်အတွင်းက အရွယ်ငယ်ကလေးတဦးကို ဇာတ်စင်ပေါ်မှာ အဝတ်အစားချွတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်တွယ်ပြက်လုံးထုတ်ကာ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့လုပ်ရပ်ကို ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) မြောက်တယ်လို့ ကလေးသူငယ် အခွင့်အရေး တန်ဖိုးထားသူ လူထုကြားဝေဖန်မှုမြှင့်တက်ခဲ့ပြီး အရေးယူဖို့ တောင်းဆိုမှုတွေ ရှိခဲ့ကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ဥပဒေစိုးမိုးပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို မိခင်ဖြစ်သူက ခွင့်ပြုခဲ့ရင်တောင် ပတ်ဝန်းကျင်က တရားလိုပြုပြီး တရားစွဲဆိုလို့ရတဲ့ ကိစ္စရပ်မျိုးဖြစ်တယ်လို့ […]

ဖိုဝါဒကျိန်စာသင့်နေကြသူတွေ

ထနောင်းမေ //သူ့အတွေးသူ့အမြင် // “သမီးမိန်းကလေးမွေးပါစေ” ကျွန်မတို့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အမျိုးသားတဦးဟာ အမျိုးသမီးကို အကြမ်းဖက်တာဖြစ်စေ၊ အမျိုးသားတဦးက အမျိုးသမီးတဦးဦးအပေါ် မကောင်းတဲ့လုပ်ရပ်တွေကို ကျူးလွန်တဲ့အခါဖြစ်စေ၊ နှစ်ဦးသဘောတူ ချစ်ကြိုက်လွန်ကျူးကြပြီးမှ တာဝန်မယူဘဲ ယေက်ျားလေးက ရှောင်ပြေးတဲ့အခါ ဖြစ်စေ “သမီးမိန်းကလေး မွေးပါစေ” ၊ “နင့်သမီးအလှည့်ကျရင် နင့်လိုယောကျာ်းမျိုးနဲ့မတွေ့ပါစေနဲ့” စတဲ့ စကားတွေကို ကျိန်စာသဖွယ် ပြောဆိုလေ့ရှိကြပါတယ်။ အမျိုးသမီးတွေအပေါ် မကောင်းတဲ့လုပ်ရပ်တခုခု ကျူးလွန်ထားတဲ့ အမျိုးသားတွေကို အဲ့ဒီ အမျိုးသမီး ခံစားရသလို ပြန်လည်ခံစားစေချင်တဲ့အခါ ဒီစကားကို သုံးနှုန်းလေ့ရှိကြတာပါ။ ဒီစကားအသုံးအနှုန်းကို အများအားဖြင့်ပိုပြီးသုံးနှုန်းတာက ကျမ သတိထားစောင့်ကြည့်မိသလောက် အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမျိုးသား ကျူးလွန်တဲ့ အပြစ်ကိုဘာကြောင့် အမျိုးသားကမခံရဘဲ အမျိုးသမီးတွေက ခံရပါစေလို့ ပြောဆိုကြတာပါလဲ။ တာဝန်မဲ့သူအမျိုးသားကြောင့် ထိခိုက်နာကျင်ခံစားရတာဟာလည်း အမျိုးသမီးဖြစ်ပြီး၊ အမျိုးသမီးတွေ […]

အမျိုးသမီးတွေအပေါ် စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လိင်အကြမ်းဖက်မှု

“တော်လှန်ရေးအင်အားစုတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေရာအတိုင်းမလိုက်ဖို့လိုတယ်” ___ ဒီတပတ်ပေါ့ကတ်စ်အစီအစဉ်မှာတော့ “စစ်တမ်းတွေအရ ပဋိပက္ခဇုန်ထဲက အမျိုးသမီးတွေအပေါ် စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လိင်အကြမ်းဖက်မှု ဖြစ်စဉ်အရေအတွက် မတိမ်းမယိမ်းရှိနေတဲ့အပေါ် အမျိုးသမီးအရေး လုပ်ဆောင်နေသူအချို့ရဲ့ အမြင်”တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မသန်စွမ်းအမျိုးသမီးတဦးကို မုဒိမ်းကျင့်ခဲ့တဲ့ရာအိမ်မှူးဘက်က ကျူးလွန်ခံရသူမိသားစုကို အမှုပိတ်သိမ်း ပေးဖို့အတွက် ဖိအားပေးနေ

ဒေဝီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရာအိမ်မှူးတဦးက နေအိမ်မှာတဦးတည်းရှိနေတဲ့ မသန်စွမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျူးလွန်သူရဲ့ မိသားစုဘက်က ကျူးလွန်ခံရသူအမျိုးသမီးရဲ့ မိသားစုဝင်တွေကို အမှုပိတ်သိမ်းပေးဖို့ ဖိအား ပေးနေတယ်လို့ ဒီအမှုကို လိုက်ပါ ကူညီနေသူဆီက စုံစမ်းသိရှိရပါတယ်။ ကျူးလွန်ခံရသူ မသန်စွမ်းအမျိုးသမီးရဲ့ မိသားစုဘက်က အမှုပိတ်သိမ်းပေးရင် သိန်းရာဂဏန်း ငွေကြေး ပေးမယ်ဆိုပြီး ကျူးလွန်သူရာအိမ်မှုးရဲ့ မိသားစုဘက်က ညှိနှိုင်းသလို၊ ဖိအားပေးတာ၊ လိုက်ပါကူညီသူတွေရဲ့ နောက်ကိုလည်း ဆိုင်ကယ်တွေနဲ့ လိုက်လံ စောင့်ကြည့်တာတွေလုပ်တယ်လို့ သိရပါတယ်။ ဒီအမှုကို လိုက်ပါကူညီနေသူက “ကောင်မလေးအမေက ကြောက်လာပြီ၊ ကျေအေးပေးရမလားဆိုပြီး၊ ကျွန်မ ကတော့ ကျေအေးတာ၊ မကျေအေးတာထက် အမတို့နစ်နာမှုကို ကျေနပ်တယ်ဆို အမတို့သဘောလို့ ပြောလိုက် တယ်”လို့ HI – Honest Information […]

အာဏာရှင်စနစ်နဲ့အတူ တော်လှန်ရမယ့် စစ်ဝါဒနဲ့ ဖိုဝါဒတွေ

ထ‌နောင်းမေ //သူ့အတွေးသူ့အမြင်// အမျိုးသမီးတဦးဦးရဲ့ ဓာတ်ပုံကို ‌ရည်ရွယ်ပြီး “ချဲပေါက်ရင် ခေါ်တီးမယ်”ဆိုတဲ့ ပြောဆိုမှုတွေဟာ ဒီနေ့ခေတ် လူမှုကွန်ရက်ပေါ်မှာ အသုံးများလာတဲ့ ဗန်းစကားအသုံးအနှုန်းတခု ဖြစ်လာပါတယ်။ ချဲလို့ခေါ်တဲ့ လောင်းကစားပြုလုပ်ရင်း အနိုင်ရလို့ ငွေကြေးရရှိလာတဲ့အခါ အဲဒီအမျိုးသမီးကိုခေါ်ယူ ပျော်ပါးမယ် ဆိုတဲ့သဘောနဲ့ စနောက်သလို ရေးသားကြတာဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ အတွေးနဲ့အပြောတွေပဲဆိုတာကို ဖတ်ရှိမိသူတိုင်း သိနားလည်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုအသုံးအနှုန်းတွေနဲ့ ရေးသားတာတွေကို ဒီနေ့ခေတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ အများဆုံး တွေ့ရလေ့ ရှိလာပါတယ်။ ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံတွေကို “ချဲပေါက်ရင်ခေါ်တီးဦးမယ်”ဆိုတဲ့ စာသားနဲ့အတူ စစ်ကောင်စီဘက်တော်သားတွေဟာ သူတို့ရဲ့ဝါဒဖြန့် လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေဓာတ်ပုံတွေ၊ သတင်းဌာနတွေမှာဖော်ပြတဲ့ အမျိုးသမီးရဲဘော်တွေရဲ့ ဓာတ်ပုံတွေ၊ သတင်းတွေရဲ့ မှတ်ချက်တွေမှာလည်း “ဒီလိုမျိုးဆို […]

ကလေးငယ်တဦးကို ဘောင်းဘီဆွဲချွတ်ပြပြီး ပြက်လုံးထုတ်ခဲ့တဲ့ ဇာတ်အဖွဲ့ကို လိင်ပိုင်းဆိုင်ရာ ထိပါးမှုကျူးလွန်ကြောင်း လူထုက ဝေဖန်

ဒေဝီ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ လူရွှင်တော်တွေက အရွယ်မရောက်သေးတဲ့ကလေးတဦးကို ဇာတ်စင်ပေါ်မှာ အဝတ်အစားချွတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်တွယ်ပြက်လုံးထုတ်ကာ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့လုပ်ရပ်ကို ပြည်သူတွေက ဝေဖန်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ မနေ့ကထုတ်ပြန်လိုက်ပါတယ်။ ဇာတ်သဘင်အဖွဲ့ လူရွှင်တော်တွေက ပရိတ်သတ်ထဲက ကလေးငယ်တဦးကို ပွေ့ချီပြီး ကလေးရဲ့ ဘောင်းဘီကိုဆွဲချွတ်ခဲ့သလို ခန္ဓာကိုယ်အစိတ်အပိုင်းကို ထိကိုင်ပွတ်သပ်ပြီး စင်ပေါ်မှာ ဟာသလုပ်ပြောဆိုတဲ့ ဗီဒီယိုတခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် ကြည့်ရှု့သူတွေက ဟာသအဖြစ်မရှုမြင်သင့်ဘဲ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း (sexual harassment) ဖြစ်တယ်လို့ ဝိုင်းဝန်းထောက်ပြခဲ့ပါတယ်။ လူအများရှေ့မှာ ကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြုလုပ်တာကို ဟာသပြက်လုံးလို့ အမည်တပ်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ကြည့်ရှု့သူတွေက သူတို့ရဲ့ လူမှုကွန်ယက်မှာ အသီးသီးမှာ မျှဝေခဲ့ကြပါတယ်။ ကလေးငယ်တယောက်ရဲ့ Private Part တွေကို […]

ရင်ဘတ်ထဲကဓား – ဖျော်ဖြေရေးကဏ္ဍထဲကဂျဲန်ဒါ

ဖို၀ါဒလို့ပြောရင် အမျိုးသားဖြစ်မှုကို ဦးစားပေးပြီး အမျိုးသားတွေကို ပါ၀ါ၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေ ပိုပေးထားတဲ့ လူမှုရေးစနစ်တစ်ခုလို့ ကျွန်မတို့ သိမြင်ရမှာဖြစ်ပြီး ဒီစနစ်ကို လက်ခံကျင့်သုံးနေတာဟာ အမျိုးသားတွေချည်းမဟုတ်ဘဲ အမျိုးသမီးတွေကပါ စနစ်ကချထားတဲ့ ပုံစံခွက်ထဲကနေ ကျင့်သုံးနေကြတယ်ဆိုတာကို သတိပြုဖော်ထုတ်ကြဖို့လိုအပ်ပါတယ်။ ဒီတပတ် ဖျော်ဖြေရေးကဏ္ဍထဲကဂျဲန်ဒါအစီအစဉ်မှာတော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ အပါအဝင် သရုပ်ဆောင်များစွာ ပါ၀င်ထားတဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်တဲ့ “ရင်ဘတ်ထဲကဓား” ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။