ကမ္ဘာလုံးဆိုင်ရာ လေထုညွှန်းကိန်းတိုင်းတာချက်တွေအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီးများစာရင်းဝင် ရန်ကုန်
‼️ ကလေးတွေမဖြစ်ဘူး ကိုယ်တိုင်ဖြစ်နေတာ ၊ လည်ချောင်းတွေနာတယ် ဖျားတယ် တကိုယ်လုံးရိုက်ထားသလိုပဲခံစားနေရတာ ‼️
ဖေဖော်ဝါရီလ ကမ္ဘာလုံးဆိုင်ရာ လေထုညွှန်းကိန်းတိုင်းတာချက်တွေအရ ရန်ကုန်ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီးများစာရင်းမှာ ထိပ်ဆုံးနေရာတွေထဲမှာ ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန်နေလူထုရင်ဆိုင်နေရတဲ့ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်အရေးလုပ်ဆောင်သူတွေရဲ့ အမြင်တချို့ကို စုစည်းဖော်ပြထားပါတယ်။







