စစ်ကြောရေး လိင်ငရဲတွင်းကို ဖြတ်သန်းခဲ့ရသူနှင့် အင်တာဗျူး

အာဏာသိမ်းစစ်တပ်ကို UG အဖြစ်တော်လှန်ခဲ့သူ မ___ ဟာ ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက် ရဲစခန်းနဲ့ စစ်ကြောရေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကာလရှည် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

ငရဲခန်းလို့ တင်စားခံရတဲ့ စစ်ကော်မရှင်တပ်စစ်ကြောရေးမှာ သူ ဘယ်လိုတွေကြုံတွေ့ခဲ့ရလဲဆိုတာနဲ့ အဲ့ဒီညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် လွတ်မြောက်လာချိန်ကနေ လက်ရှိအထိ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှု အခြေအနေတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

 💢 HI – Honest Information  နှင့် မြေလတ်အသံ တို့ ပူးပေါင်း တင်ဆက်သည်။ 💢