Entries by webmaster

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိတပတ်တာအတွင်း မြန်မာသတင်းမီဒီယာ စာမျက်နှာတွေမှာ မှတ်တမ်းတင်နိုင်တဲ့ အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြ လိုက်ပါတယ်။

 “ကျူးလွန်သူတွေက တဖန်ပြန်ခြိမ်းခြောက်တာတွေ မြေပြင်မှာကြုံနေရတယ်”      

(မြန်မာအမျိုးသမီးတွေအပေါ် စစ်အုပ်စုနဲ့ တော်လှန်ရေးဘက်တော်သားတွေက ကျူးလွန်နေတဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမြေပြင်အချက်အလက်တွေကို မှတ်တမ်းတင်နေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂနဲ့ ဆက်သွယ်မေးမြန်းချက်)  

စစ်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရ

🚨 ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးမှုအတွက်သာမကဘူး နောက်ထပ် မျိုးဆက်ကြီးတခုလုံးကို ထိခိုက်စေတဲ့အရာတွေ ဖြစ်သွားနိုင်တယ်။🚨 —- ဒီတပတ်ပေါ့ကတ်အစီအစဉ်မှာတော့ “စစ်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရ အလုံအလောက် မရရှိတဲ့အတွက် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ကျန်းမာရေးပညာရှင်တွေနဲ့ မိခင်တွေရဲ့ သုံးသပ်ချက် စကားသံ”ကိုနားဆင်ရမှာပဲဖြစ်ပါတယ်။

လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ တနှစ်တာအတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံး

အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ တနှစ်တာအတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၄ ခုနှစ်ထက် မြင့်တက်လာတယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU)က ယနေ့ ထုတ်ပြန်ပါတယ်။

လိုချင်တာ မိဘုရား၊ ညားတော့ ဘုရင်မ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

‼️ဒီအတွေးအမြင်မျိုးကို သေချာပြန်ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်ကြမယ်ဆိုရင် အိမ်ထောင်ရှင် ဇနီးမယားကို ဒီလိုရှေ့တန်းတင်ထားတာဟာ အိမ်ထာင်ဘက်လင်ယောင်္ကျားကို ဂုဏ်နိမ့်စေတယ်၊ သိက္ခာကျစေ တယ်ဆိုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ဖို၀ါဒအခြေပြုအတွေးအမြင်တွေကို လက်ဆင့်ကမ်းနေတယ်လို့ ကျမတို့ ပြောရမှာပါ။‼️ ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ အစီအစဉ်မှာတော့ ခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ်ရေးစပ်ပြီး စိုင်းထီးဆိုင် သီဆိုထားတဲ့ “လိုချင်တာ မိဘုရား၊ ညားတော့ ဘုရင်မ” ဆိုတဲ့ အင်မတန် လူသိများခဲ့တဲ့ သီချင်းကို ဂျဲန်ဒါ ရှု့ထောင်ကနေ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

“ကရင်နီအမျိုးသမီးအင်အားစုနှင့် ဂျဲန်ဒါလှုပ်ရှားမှု” အမျိုးသမီးများ နိုင်ငံရေးစကားဝိုင်း

— Moderator  တိုးတိုး (BWU) Speakers နော်ဖောဝါး (ဒါရိုက်တာ၊ LAIN Technical Support Group) မော်ဒေးမြာ (အထွေထွေအတွင်းရေးမှူး၊ KSCC) ဇူးပဒုမ္မာ (အတွင်းရေးမှူး ၁၊ IEC) ——- အကြမ်းဖက်မှုကျူးလွန်သူများအပေါ် ပြစ်ဒဏ်ကင်းလွတ်နေမှုရပ်တန့်ဖို့တိတ်ဆိတ်မှုကိုဖြိုခွင်းစို့ ——-

ခင်ပွန်းသည်တွေ စစ်မှုထမ်းပေါ်တာဆွဲခံလိုက်ရတဲ့အခါ

အရွယ်ငယ်ကလေး ၂ယောက်မိခင်၊ ကိုယ်ဝန်လည်းလရင့်နေပြီဖြစ်တဲ့ မအေးဟာ ၂၀၂၄ ခုနှစ် ဆောင်းလတလ ညအချိန်မတော်မှာ အိမ်ကို ဧည့်စစ်လို့ အကြောင်းပြပြီး ခင်ပွန်းကို ဖမ်းခေါ် သွားတာကို ကြုံလိုက်ရပါတယ်။

မျက်လုံးကို အဝတ်စနဲ့ပိတ်လိုက်ပြီးတော့ သူတို့စခန်းရှိတဲ့နေရာကို ခေါ်သွားပါတယ်

(RSO အဖွဲ့ဆီက  တာကာငွေ၁ သိန်းပေးပြီး ပြန်မြောက်လွတ်လာတဲ့ ရခိုင်အမျိုးသမီးတဦးနဲ့ သီးသန့်အင်တာဗျူး)

ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်ကို ထိုင်းရောက်မြန်မာနိုင်ငံသားတွေလည်းခံစားခွင့်ရှိနိုင်မလားဆိုတဲ့ အပေါ် ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတချို့ရဲ့ အမြင်

🚨မြန်မာနိုင်ငံသားတွေအတွက်ကျတော့ အထောက်အထားမရှိကြတော့ စစချင်းမှာ ကြောက်လန့်နေရတဲ့အနေအထားတွေရှိတာဆိုတော့ ရဲစခန်းကို ကိုယ်တိုင်ကိုယ်ကျသွားပြီး Report လုပ်ဖို့တွေ၊ တရားရေးဆိုင်ရာကိစ္စတွေကို စီမံဖို့ကျတော့ မလုပ်ရဲကြဘူး။🚨 — ဒီတပတ် ပေါ့ကတ် အစီအစဉ်မှာတော့ “ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်ကို ထိုင်းရောက်မြန်မာနိုင်ငံသားတွေလည်းခံစားခွင့်ရှိနိုင်မလားဆိုတဲ့ အပေါ် ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတချို့ရဲ့ အမြင်”တွေကို မေးမြန်းစုစည်းတင်ဆက်လိုက်ပါတယ်။