Entries by webmaster

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီလ ၇ ရက်ကနေ ၁၃ ရက်အထိ ပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက် နှုတ်စုစည်းဖော်ပြအပ်ပါတယ်။

တော်လှန်ရေးထဲကအမျိုးသမီးတွေကြုံတွေ့နေရတဲ့ ဒစ်ဂျစ်တယ်အခြေပြု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ

“သူတို့တွေက ဒီလိုမျိုးယုတ်မာနေတဲ့အချိန်မှာ ငါတို့က ပျော့ညံ့နေလို့ မရဘူးဆိုတဲ့စိတ် ဝင်တယ်”

မိစွာတေး – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

💢 အမျိုးသမီး တွေဟာ အိမ်ထောင်သည်အမျိုးသားတွေနဲ့ မသိလို့ဖြစ်စေ၊ သိရက်ဖြစ်စေ၊  မှားယွင်းမိကြရင် အတိတ်ကံကိုပဲ ပုံချလိုက်ကြပြီး အမျိုးသားတွေရဲ့အမှားကိုတော့ ဖုံးကွယ်ထားပေးသလိုဖြစ်နေပါတယ်။ ဒါတွေ က လူမှုပတ်၀န်းကျင်မှာ အမျိုးသားတွေကို ဒီလိုအမှားမျိုးတွေ အမြဲတမ်းကျူးလွန်အောင် အားပေးနေတယ်ဆို တာကို လူအများက သတိမထားမိတတ်ပါဘူး။ 💢 🟧 ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ လူမင်းနဲ့ ၀တ်မှုန်ရွှေရည်တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ “မိစွာတေး “ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။

အာဏာရှင်ကြောင့် အထည်ချုပ်စက်ရုံထဲရောက်သွားတဲ့ ခွဲစိတ်ခန်းက လက်တစုံ

“ငါဒီပညာတတ်တာပဲ ဒါနဲ့ပဲလုပ်စားမယ်ဆိုပြီး ခေါင်းမာလို့မရဘူးလေ၊ တရားမဝင် ဆေးကုရင် ထောင်ကျပြီး မိသားစုဒုက္ခရောက်တာထက်စာရင် သန့်ရှင်းရေး ဝင်လုပ်ရတာက လိပ်ပြာသန့်ရတယ်”

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီ ၃၁ ရက်ကနေဖေဖော်ဝါရီ ၆ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

“စစ်အာဏာရှင်လိုပဲ တိုက်ဖျက်ရမယ့် တော်လှန်ရေးအဝန်းအဝိုင်းထဲက လိင်အကြမ်းဖက်မှု”

HI – Honest Information နှင့် မြေလတ်အသံ တို့ ပူးပေါင်း တင်ဆက်သည်။ တော်လှန်ရေးအဝန်းအဝိုင်းထဲက အမျိုးသမီးတပ်ဖွဲ့ဝင်တွေအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်တဲ့ ဖြစ်စဉ်တွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ နှစ်နဲ့ချီပြီး ကြန့်ကြာနေပါတယ်။ အဲ့ဒီလို ကြန့်ကြာနေတာဟာ ဘာကြောင့်ပါလဲ၊ ဒီလိုနှောင့်နှေးနေမှုတွေကြောင့် ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီရုပ်သံမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

၅နှစ်တာအမှောင်ကာလထဲ ရုန်းကန်နေရဆဲ အမျိုးသမီးတွေ

“ဒီ ၅နှစ်တာကာလမှာ အနာဂတ်ကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ ပြည်သူတွေက စစ်အာဏာသိမ်းပြီးနောက် ရည်မှန်းချက်တွေပျောက်ဆုံးခဲ့ရသလို မိသားစုအသိုက်အမြုံတွေလည်း ပျက်စီးခဲ့ရတယ်”

စစ်အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း CDM လုပ်ခဲ့ကြတဲ့ကျောင်းသူတွေရဲ့သဘောထားရပ်တည်ချက်

“သူတို့ပေးတဲ့ ပညာရေးစနစ်တွေ၊ သူတို့ပေးတဲ့ ဘွဲ့လက်မှတ်တွေက ဖိနှိပ်မှုတွေရှိတယ်၊ အခုဆိုရင် ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်တွေ ပြန်မပါလာတော့ဘူး”  ပေါ့ကတ်အစီအစဉ်မှာတော့ “စစ်အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း CDM လုပ်ခဲ့ကြတဲ့ကျောင်းသူတွေရဲ့သဘောထားရပ်တည်ချက်တွေ၊ စိန်ခေါ်မှုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေထိုင်နေလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့ရဲ့ ခံယူချက်စကားသံတွေကို နားဆင်ရမှာဖြစ်ပါတယ်။