Entries by webmaster

ချူဆီ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

အခကြေးငွေယူပြီး ၀န်ဆောင်မှုပေးတဲ့ အမျိုးသမီးတွေကို နှုတ်နဲ့ဖြစ်ဖြစ်၊ ကိုယ်ထိလက် ရောက်ဖြစ်ဖြစ်၊ စော်ကားပိုင်ခွင့် မရှိဘူးဆိုတာနဲ့ ဒီအမျိုးသမီးတွေဟာလည်း အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံခံရသင့်တယ်ဆိုတာကို ဒီဇာတ်၀င်ခန်းကတဆင့် အသိအမြင်ဖွင့်ပေးတာဖြစ်လို့ ဒီလိုရိုက်ကူးတင် ဆက်မှုတွေဆိုရင်တော့ အားပေးရမှာဖြစ်ပါတယ်။ ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မယ်လိုဒီ၊ အိချောပို၊ အေးမြတ်သူ၊ ကျော်ထက်အောင်နဲ့ တခြားသရုပ်ဆောင်တွေ ပါ၀င်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်တဲ့ “ချူဆီ” ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။

ARSA အဖွဲ့က ဖမ်းဆီးသွားတဲ့ NGO ဝန်ထမ်းအမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ဦး ပျောက်နေဆဲ              

မြန်မာ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ  လွန်ခဲ့တဲ့ ၂ရက်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(ARSA)ဆီမှာ ဖမ်းဆီးခံလိုက်ရတဲ့ NGO ဝန်ထမ်း အမျိုးသမီး၂ဦးနဲ့ ကလေး၁ဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ အတူဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ၂ဦးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ လွတ်မြောက်လာသူတဦးရဲ့ မိသားစုဝင်တဦးဆီက သိရှိရပါတယ်။ “ကျမအမျိုးသားနဲ့ ဖုန်းအဆက်သွယ်ရတယ်၊ ထွက်ပြေးလာလို့ အခု ဘင်္ဂလားဒေ့ရှ်ဘက်က အိမ်ကို ရောက်နေ တယ်၊ ရိုက်နှက်ခံထားရလို့ မစိုးရိမ်ရ ဒဏ်ရာတချို့ ရထားတယ်လို့ ပြောပါတယ်”လို့ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကိုရန်နောင်စိုးရဲ့ ဇနီးက HI – Honest Information ကို  ပြောပါတယ်။ ဇန်နဝါရီလ ၄ ရက်က မောင်တောမြို့ကနေ မိုင် ၅၀ လောက်ကွာဝေးတဲ့ မြောက်ပိုင်းဘော်ဒူလာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆေးကုသဖို့ သွားခဲ့ကြတဲ့ အမျိုးသား ၂ဦး၊ […]

“ဖဲကြိုးဖြူနဲ့ ကတိပြုဖို့ မီဒီယာတွေရဲ့အခန်းကဏ္ဍ” ဆွေးနွေးပွဲ စကားဝိုင်း

Moderator – တိုးတိုး (BWU) Speakers ငြိမ်းငြိမ်း (အမှုဆောင် အယ်ဒီတာ၊ ဧရာ၀တီသတင်းဌာန) မိုင်အနိုင် (အယ်ဒီတာအဖွဲ့ဝင်၊ ရွှေဖီမြေသတင်းအေဂျင်စီ) နန်းဖော့ဂေ (ဒါရိုက်တာ/အယ်ဒီတာချုပ်၊ ကေအိုင်စီသတင်းဌာန) အကြမ်းဖက်မှုကျူးလွန်သူများအပေါ် ပြစ်ဒဏ်ကင်းလွတ်နေမှုရပ်တန့်ဖို့ တိတ်ဆိတ်မှုကိုဖြိုခွင်းစို့

မိန်းမတွေ ပလ္လင်ပေါ်တက်ထိုင်တော့ ဘာဖြစ်လဲ

လင်းဆက်ငြိမ်းချမ်း မြန်မာအဘိဓာန်ကို ကောက်လှန်လိုက်တော့ ပလ္လင်ဆိုတာ “မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့ထိုင်ဖို့ပြုလုပ်ထားတဲ့ခုံမြင့်” လို့  ဖွင့်ဆိုတယ်။ အဲဒီဖွင့်ဆိုချက်ကို နောက်တမျိုးလှည့်တွေးကြည့်လိုက်ရင် ပလ္လင်ပေါ် ထိုင်တဲ့သူဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ထွက်ပါမယ်။ ဆိုတော့ ပလ္လင်ပေါ်တက်ထိုင်နိုင်ရင်ကို မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရ တော့မလား ဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာတယ်။ စစ်အာဏာရှင်တွေက ပြည်သူ့အလောင်းတွေပေါ်မှာ အာဏာထူထောင်ဖို့ရာ အကြံကြီးကြံ၊ ပြည်သူမပေးတဲ့ ပလ္လင်ပေါ် အငြိမ့်သား။ ဘာပဲဖြစ်ဖြစ် ပလ္လင်ပေါ်ရောက်ရင် မြင့်မြတ်သွားပြီလားလို့လည်း မေးရပါမယ်။ နောက်ထပ် မဖြစ်မနေထပ်မေးရမှာက ဒီပလ္လင်ဆိုတဲ့ ခုံမြင့်ကြီးပေါ် သာမန်ပြည်သူတွေကရော တက်ထိုင်လို့ မရဘူးလား ဆိုတာပါပဲ။ ကျနော်ငယ်ငယ်က မန္တလေးနန်းတွင်းထဲကို အလည်တခေါက်ရောက်တော့ ဘုရင်တွေထိုင်တဲ့ ရွှေ ရောင်တလက်လက်နဲ့ ပလ္လင်ဆိုတာကြီးကိုတွေ့ရှိ၊ အများပြည်သူ တက်ထိုင်ကြည့်လို့မရအောင် ကန့်သတ်ထားတာမို့ ဘာလို့လဲလို့ မေးကြည့်မိတယ်။ ဧည့်လိုက်ပို့တဲ့ ဒေသခံဦးကြီးတယောက်က “ပလ္လင်ဆိုတာ […]

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာလ ၂၈ ရက်ကနေ ဇန်နဝါရီလ ၃ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်း အရာတွေကို HI – Honest Information က စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၂၀၂၅ခုနှစ် ကုန်ခါနီးရက်ပိုင်းအလို၊ စစ်အုပ်စုက ပြုလုပ်နေတဲ့ ရွေးကောက်ပွဲအပြီး နောက်ရက်မှာပဲ ရွေးကောက်ပွဲလုပ်ခွင့် မရတဲ့ ရခိုင်ပြည် တောင်ဘက်ခြမ်းက သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၊ လင်းသာရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးတွေ အပါအဝင် ဒေသခံတွေသေဆုံးခဲ့တဲ့သတင်းဟာ နှစ်သစ်ကူးကာလအတွင်း လူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေရတဲ့ သတင်းတွေထဲက တပုဒ်ပါ။ စစ်တပ်ရဲ့ သူရဲဘောကြောင်တဲ့ ဒီလိုစစ်ရာဇဝတ်မှုတွေကြောင့် အမျိုးသမီးနဲ့ကလေးသူငယ်တွေ၊ အရပ်သား သေဆုံး ထိခိုက် ဒဏ်ရာရရှိမှုတွေဟာ မြန်မာလူထုအဖို့ နေ့စဉ်နဲ့အမျှ မနက်ခင်းသတင်းလိုဖြစ်နေတာ နှစ်ကာလတာရှည်လာပြီဖြစ်ပါတယ်။ မြန်မာပြည်မှာ […]

ရခိုင်တိုက်ပွဲကြားက မမြင်ရတဲ့ ဒဏ်ရာတွေ

သန့်ရှင်းထွန်း ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၅ သန်းလောက်ဟာ ကျား-မ အခြေပြု အကြမ်းဖက်မှုဒဏ်ခံနေရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ၉ သန်းနီးပါး ပါဝင်တယ်လို့ ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ (UNFPA)  အာရှနဲ့ ပစိဖိတ်ဒေသရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြားမှာ အမျိုးသမီးနဲ့ မိန်းကလေး ၈သန်း၈သိန်း (၈,၈၀၀,၀၀၀)လောက်ဟာ အရေးပေါ် အကာအကွယ်တွေ လိုအပ်နေတယ်လို့ UNFPA က ထောက်ပြထားပါတယ်။ ဒါဟာ  ဆက်သွယ်ရေးကောင်းမွန်ပြီး စစ်တမ်းတွေ၊ သုတေသနတွေကောက်လို့ရတဲ့ အရပ်ဒေသတွေကနေလာတဲ့ ကိန်းဂဏာန်းတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လျှပ်စစ်မီးမရှိ၊ အင်တာနက်မရ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကာကွယ်စောင့်ရှောက်မှုတစုံတရာ ပေးနိုင်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေပါ မရှိနိုင်တော့တဲ့ မြန်မာပြည်ထဲက အချို့ဒေသတွေမှာ လူမသိသူမသိ အကြမ်းဖက်ခံရမှုပေါင်းများစွာ ရှိနေကြပါတယ်။ မြန်မာပြည်တဝှမ်း […]

ကျွန်မအချစ်ဆုံး ယောင်္ကျားသုံးယောက် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့အပါအ၀င် နာမည်ကြီး သရုပ်ဆောင်တွေ ပါ၀င်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ “ကျွန်မအချစ်ဆုံး ယောင်္ကျားသုံးယောက်” ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်တဲ့အခါမှာလည်း မိခင်စိတ်ရှိကြတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ တကိုယ်ရည်ဖြစ်တည်မှုတွေ၊ ခံစားချက်နဲ့ အိပ်မက်တွေကို နောက်တန်းမှာပစ်ပယ်ထားပြီး သူတို့ရဲ့ ဖခင်၊ ခင်ပွန်းနဲ့ သားဖြစ်သူတွေကို ဖြည့်ဆည်းပေးဖို့ အစဉ်အမြဲအဆင်သင့်ဖြစ်နေမှသာ ကြီးမြတ်တယ်လို့ အမျိုးသမီးတွေ ကိုယ်တိုင်က ယုံကြည်နေအောင် ခေတ်စကားနဲ့ ပြောရရင် ဂျင်းထည့်ခံထားရတာဖြစ်ပါတယ်။

ဆယ်ကျော်သက်တယောက်၏ ငရဲခန်း

ဒီရုပ်သံဆောင်းပါးမှာတော့ အာဏာရှင်စနစ်ကိုဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေကို ရည်ရွယ်တဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ အနိုင်ကျင့်မှုတွေအကြောင်း ထုတ်ဖော်ပြောပြထားပါတယ်။

၂၀၂၅ ခုနှစ်ကို မြန်မာအမျိုးသမီးတွေ ဘယ်လိုကျော်ဖြတ်ခဲ့ကြရသလဲ

HI – Honest Information မြန်မာနိုင်ငံမှာ အာဏာရှင်တော်လှန်ရေးနောက်ဆက်တွဲဖြစ်တဲ့ စစ်ရေးပဋိပက္ခတွေအပြင် သဘာဝဘေး၊  စီးပွားရေးကြပ်တည်းမှုတွေနဲ့ လူနေမှုဘဝမလုံခြုံမှုတွေ ထပ်ဆင့်ထပ်ဆင့်ကျရောက်ခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ မြန်မာအမျိုးသမီးတွေဟာ ကိုယ့်ဂုဏ်သိက္ခာနဲ့ အသက်ရှင်ကျန်ရစ်ဖို့အတွက်ပါ တိုက်ပွဲဝင်ခဲ့ရပါတယ်။ စစ်ဘေးရှောင်စခန်းထဲက အမျိုးသမီးတွေ၊ သားသည်မိခင်တွေ၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက် ခံရမှုအောက်က ကလေးမိခင်တွေ၊ ထောင်နံရံအပြင်ဘက်ကို ထွက်လာပြီး အပြင်လောကကို ရောက်ရှိလာပြီး နောက်တောင် ရောဂါဝေဒနာတွေကို ဆက်ပြီးသယ်ဆောင်နေရဆဲ နိုင်ငံရေး အကျဉ်းသူတွေရဲ့ အသံတွေနဲ့ တော်လှန်ရေးနယ်မြေတွေထဲက လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ ဖြစ်ရပ်တွေက ၂၀၂၅ ခုနှစ်ကို အမျိုးသမီးတွေ အထိအခိုက်အနာအဆာအများဆုံး ခံစားခဲ့ရတဲ့ နှစ်တနှစ်အဖြစ် မှတ်တမ်းတင်စေခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်ကို ပြန်လှည့်ကြည့်မယ်ဆိုရင် မြန်မာအမျိုးသမီးတွေ ဘာတွေကို ကျော်ဖြတ်ခဲ့ရသလဲ၊ ခေတ်ဆိုးခေတ်ပျက်ကို ဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ တော်လှန်ရေးနယ်မြေထဲက […]

CDM ဆရာမ ဇနီးမောင်နှံ သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရသူတွေထွက်ဆိုချက်ဟာ မြေပြင်အချက်အလက်နဲ့ ကွဲလွဲနေကြောင်း TCSN ထုတ်ပြန်

ဒေဝီ တနင်္သာရီတိုင်း ပုလောမြို့နယ်မှ CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့ဖြစ်ဉ်မှာ တရားခံတွေကို ဖမ်းဆီးရမိပြီလို့ KNU က မကြာသေးခင်က ထုတ်ပြန်ထားပေမယ့် တနင်္သာရီတိုင်း CDM နိုင်ငံဝန်ထမ်းများစည်းလုံးညီညွတ်မှုကွန်ယက်(TCSN)ကတော့ အမှုဖြစ်စဉ်က မြေပြင်အချက်အလက်နဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ မနေ့က ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တော်လှန်‌ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ပုလောမြို့နယ်၊ ဒူးရင်ပင်ရှောင် ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာရှိနေအိမ်မှာ ဒီဇင်ဘာ ၁၆ရက်၊ နံနက် ၁နာရီလောက်က CDM ဆရာမ ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့က ဓားဒဏ်ရာတွေနဲ့ သတ်ဖြတ်ထားတာကို ခံခဲ့ရတာဖြစ်ပါတယ်။ လူသတ်မှုကျူးလွန်သူတွေဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်( KNDO) တပ်ရင်း ၇၊ တပ်ခွဲ ၅ အချုပ်က ထွက်ပြေးသွားသူတွေဖြစ်ပြီး ထွက်ပြေးစဉ် ပုလောမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ CDM ဆရာမ […]