ဖားအံမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး ၃ကြိမ်မြောက် ကွန်ကရက်မှာ အမျိုးသမီးခေါင်းဆောင် ၄ဦး ရွေးချယ်
ခင်ဘုန်းမို့ ဖားအံမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့ ၃ ကြိမ်မြောက် ကွန်ကရက်မှာ ခေါင်းဆောင်တွေအဖြစ် အမျိုးသမီး ၄ ဦးကို ရွေးချယ်ခဲ့တယ်လို့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးက မနေ့က သတင်းထုတ်ပြန် ပါတယ်။ ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ခေါင်းဆောင်တွေကတော့ ဥက္ကဋ္ဌ နေရာအဖြစ် နော်အဲ့ရှီး၊ ဒုဥက္ကဋ္ဌ နေရာအဖြစ် နော်ကမွီးမွီး၊ အတွင်းရေးမှူး နေရာအဖြစ် နော်သက်မူးနွယ်၊ တွဲဖက်အတွင်းရေးမှူးနေရာအဖြစ် နော်ဖောလား တို့ဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံခဲ့ရတဲ့ခေါင်းဆောင်တွေဟာ ၂နှစ်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေတိုးတက်ဖို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရဖို့ကတော့ သူတို့အစွမ်းကုန်ကြိုးစားမယ်လို့ ကတိရှိပါတယ်”လို့ နော်စေးစေးဟဲကပြောပါတယ်။ ကွန်ကရက်ကနေ ရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ကရင်အမျိုးသမီး အစည်းအရုံးရဲ့ စည်းရုံးရေးနဲ့အသိပညာပေးရေး၊ ပညာရေး ၊လူမှုရေး၊ ကျန်းမာရေးစတဲ့ […]


