သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုကိုကျားကန်ပေးဖို့ ကြိုးစားနေရတဲ့အမျိုးသမီးပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ
“တိုင်းပြည်ရှုပ်ထွေးနေချိန်မှာ ထိန်းသိမ်းရေးကို ဦးစားပေးရမယ်လို့ မပြောရဲဘူးလေ။ ပြည်သူတစ်ဦးအနေနဲ့ အသက်ရှင်ရပ်တည်ဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုတဲ့အတိုင်း မသမာသူတွေက လွယ်လွယ်နဲ့ ချိုးဖောက်နေတာ၊ ဒို့မှာဘယ်အချိန် ရိုက်သတ်ခံရမလဲမသိဘူး။ ခိုးနေတာမြင်လည်း သွားမတားရဲဘူး”


