Entries by webmaster

လက်နက်ကိုင်တပ်ပွဲဝင်နေရသည့်ပုခက်လွှဲသောလက်ပိုင်ရှင်များ

“ပြာကျတဲ့ နေအိမ်တွေ၊ ဟာလာဟင်းလင်းဖြစ်တဲ့ ကွင်းပြင်ကို မြင်တိုင်း ပုခက်လွဲတဲ့ လက်တွေဟာ ပြင်းအားမိုင်းကို ထုတ်လုပ်ပြီး စစ်ကောင်စီကို တိုက်ဖျက်ဖို့ ကြိုးစားသွားမယ်လို့ M2W အဖွဲ့ဝင်တွေက ပြောပါတယ်။”

အမျိုးသမီးတွေ အကြမ်းဖက်သတ်ဖြတ်ခံရတာ ပိုများလာသလား

“အသတ်ခံရတဲ့အမျိုးသမီးတိုင်းဟာ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သတ်ဖြတ်မှုကို ကျူးလွန်တဲ့သူတွေကိုကြည့်ရင် စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်ကိုင်တုတ်တွေက ကျူးလွန်ခဲ့ကြ တာကို တွေ့ရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။”

မလုံခြုံမှုကို‌ဖြစ်စေခဲ့တဲ့လုံခြုံရေးစရိတ်

“စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းအပြင် မရှိတဲ့ကြားက ငွေကုန်မယ့်အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ ပအိုဝ်းအမျိုးသမီးတွေကတော့ သူတို့အကျပ်အတည်းအတွက် အဖြေရှာမတွေ့သေးပါဘူး။”

“ပုဂံမှာ မြင်းခွာသံတွေ တိတ်ဆိတ်သွားတာမျိုးတော့ မဖြစ်စေချင်ဘူး”

“ စစ်နဲ့ဆိုတော့ အလုပ်က ဘာလုပ်လုပ်အဆင်မပြေဘူး။ အဲ့တော့အဆင်ပြေတဲ့အလုပ်ဝင်လုပ်ရတာပေါ့။ မြင်းလှည်းဆွဲ တာကလည်း အဲ့လောက်ကြီးတော့မရပေမယ့် မြင်းစာဖိုးရရဆိုပြီး ဆွဲရတော့တာပဲ။”

ငယ်စဉ်က စိတ်ဒဏ်ရာခံစားခဲ့ရပေမယ့် စိတ်ပညာရှင်ဖြစ်လာခဲ့သူ

“ ခြောက်တန်းကလေးဘဝထဲက အဲဒီလို ဘတ်စ်ကားစီးပြီး ကျောင်းတက်ခဲ့ရတဲ့အချိန်မှာ အခုလို အမေရိကန်ပြည်ထောင် စုမှာ ပါရဂူဘွဲ့လာတက်နိုင်မယ်လို့ တခါမှမမျှော်လင့်ခဲ့မိဘူး။ ဒါပေမယ့်ကျွန်မတို့ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ဒါမှ မဟုတ် အနာဂတ်မှာမျှော်လင့်တာတစ်ခုခုပေါ့၊ ဒါကိုတိတိကျကျသိပြီဆိုရင် မဖြစ်ဖြစ်အောင် ကြိုးစားနိုင်စွမ်း၊ တစိုက်မတ် မတ် လုံ့လဝီရိယနဲ့ကြိုးစားနိုင်မယ်ဆိုရင် ရည်မှန်းချက်ကိုရောက်နိုင်စွမ်း လူတိုင်းမှာရှိပါတယ်။ ”

ရှေးရိုးစွဲဘောင်ထဲ အခတ်ခံထားရတဲ့ မြန်မာမိန်းမသားများ

“မြန်မာအမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကို လေးလေးနက်နက်ပြန်တွေးသင့်တယ်။ ကိုယ်ဟာကြီးကျယ်တဲ့ တာဝန်တွေကိုထမ်းဆောင်နေရတယ်ဆိုတာ သိထားသင့်တယ်။ အလုပ်တစ်ခုဝင်လုပ်၊ အချိန်တန်လခထုတ်ပိုက်ဆံရတာထက် ပိုမိုနက်နဲအလုပ်တွေကို ကိုယ်လုပ်နေရတယ်ဆိုတာ မမေ့ထားသင့်ဘူး”

တိုးသည်ထက်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်များနှင့် အမျိုးသမီးတွေရဲ့စိတ်ခန္ဓာ အနာတရများ

“ကျမ စစ်ရှောင်လိုက်ပြန်လာလိုက်နဲ့ ဘယ်နှစ် ခေါက်ရှိမှန်းတောင်မသိဘူး။ တစ်ပတ်ကို တခါတလေ နှစ်ခေါက်လောက် စစ်ပြေးရတယ်။ အနီးနားကရွာတွေလည်း စစ်ပြေးရတော့ ကျမတို့က အကူအညီမရဘူး။ စစ်ပြေးနေရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လိုအပ်တာကတော့ အများကြီးပဲ”

စွန့်လွှတ်စွန့်စား မြေအောက်တော်လှန်ရေးအမျိုးသမီးများ

” တောထဲမှာ အဖွဲ့အစည်းတွေကို မှီခိုပြီးအားကိုးနေရပေမယ့် သူတို့ကျတော့ ဘယ်သူ့အားကိုးမှလည်း မရှိဘူး။ တစ်ကိုယ်တော်ပဲပေါ့။ မြို့ပေါ်မှာ သတ္တိရှိရှိနဲ့လုပ်ရဲတယ်ဆိုတော့ လေးလည်းလေးစားတယ် ဂုဏ်လည်းယူတယ်”

ခွဲခြားမှုမရှိသည့်ပညာရေးဆီသို့

“ပညာသင်ခွင့်ဆိုတာ ပိတ်ပင်ထားလို့မရဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်။ ပညာသင်ခွင့်က လူမျိုးရေး၊ ဘာသာရေးနှင့် ဘာမှမဆိုင်ဘူး။ အဲဒီအခွင့်အရေးက ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးဖြစ်တယ်။”

ရပ်တည်ဖို့ ခက်ခဲလာတဲ့ ပုဂံဧည့်လမ်းညွှန်လေးများ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသဟာ ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရပ်တန့်သွားတာ နှစ်နှစ်ကျော်လာပြီး ဒီလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ ခက်ခဲကျပ်တည်းလာပါတယ်။

ဒီထဲမှာ ပုဂံဘုရားတွေမှာ သမိုင်းကြောင်းလိုက်လံ ရှင်းပြပေးနေတဲ့ ကလေးငယ်လေးတွေလည်းပါဝင်ပြီး လက်ရှိမှာ သူတို့ ဟာ အဆင်ပြေမယ့်လုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်နေကြပါတယ်။

ပုံမှန်ဘုရားသမိုင်း လိုက်လံရှင်းပြပေးနေတဲ့ကလေးငယ်တွေဟာ လက်ရှိမှာတော့ ဧည့်သည်လိုအပ်ချက်အပေါ်မူတည်ပြီး အလှ ဓါတ်ပုံရိုက်ပေးတာ၊ ဆံပင်ကျစ်ပေးတာ၊ သနပ်ခါးလိမ်းပေးတာ စတဲ့ လုပ်ငန်းတွေ ပြောင်းလုပ်လာတာပါ။

ဘုရားသမိုင်းကြောင်းကို ရှင်းပြသူတွေက ၁၀ ကျော်သက်ကလေးငယ်တွေများပါတယ်။ အခုနောက်ပိုင်းမှာတော့ မိဘတွေက အလုပ်မရှိ၊ ဝင်ငွေမရှိဖြစ်လာတဲ့အခါမှာ ကလေးငယ်တွေအလုပ်ထွက်လုပ်ရတော့တာပါ။