Entries by webmaster

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် အမျိုးသမီးများရဲ့အသံ

“ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်း လိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှ မယှဉ်နိုင်တာမျိုးရရှိတယ်။ ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။”

ခွဲခြားဆက်ဆံမှုကင်းသောနေ့ရက်များဆီသို့

“အမျိုးသမီးတွေက တော်လှန်ရေးနှစ်ခု တစ်ပြိုင်တည်း လုပ်နေရတာဖြစ်တယ်။ အာဏာရှင်ကိုလည်း ဖြုတ်ချနိုင်ရမယ်။ အနာဂတ်နိုင်ငံသစ်မှာ ခေတ်အဆက်ဆက်က ခံခဲ့ရတဲ့ ဖိုဝါဒကြီးစိုးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မရှိတော့အောင်လည်း လုပ်ရမယ်”

လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရတဲ့ လူငယ်တွေအနာဂါတ်

“ညီမတို့ဆိုဒုတိယနှစ်ဖြေပြီးကျောင်းတွေပိတ်ခဲ့ရတာ အခုဆို အသက်နှစ်နှစ်ထပ်ကြီးလာပြီး ဘာမှလည်းလုပ်စရာမရှိတော့ စိတ်ညစ်မိတယ် ရှေ့လျှောက်လည်း ဘယ်လိုလာဦးမလဲမသိတော့ ကျောင်းတွေတက်ဖို့ဆိုတာ လမ်းမမြင်ဘူး။ ဘာလုပ်ရ မလဲဆိုတာလည်းမသိဘူး”

စစ်ဘေးရှောင်မိန်းကလေးငယ်တစ်ဦးရဲ့ဇွဲလုံ့လများ

“ဝမ်းနည်းလို့ငိုလိုက်တိုင်း မျက်ရည်တဖက်ပဲ ကျရလို့ နာကျင်တဲ့ ခံစားချက်ကို ဘယ်သူမှ နားလည်မှာမဟုတ်ပါဘူးလေ”

စစ်ရှောင်အမျိုးသမီးတွေ လစဉ်ကြုံနေရတဲ့ ကြီးစွာသောဒုက္ခ

“ ကျနော်တို့ ရှိတဲ့အဝတ်ကိုဖြဲသုံးတယ်။ သန့်ရှင်းမှုပိုင်းကတော့ အခြေအနေဆိုးတယ်။ လျှော်ရဖွတ်ရတာ ဆပ်ပြာမရှိတော့ ဒီတိုင်းလျှော်ဖွတ်သုံးရတယ်။ သုံးပြီးတာလည်း လွှင့်မပစ်ရဲဘူး။ ဒီတိုင်းနေလှန်း ပြန်သုံးရတယ်”

လွတ်မြောက်နယ်မြေက တော်လှန်ရေး လက်ခတ်သံ

” အခြေအနေကမကောင်းဘူးဆိုလည်း ဒီဟာကို ခဏရပ်ရင်လည်း ရပ်ရမှာပေါ့နော့် ဘယ်လိုဆက်ဖြစ်လာမလဲ မသိဘူး။ လုပ်လို့ရသလောက်လုပ်ပြီး ကူညီလို့ရသလောက်ကူညီမယ်လို့တော့တွေးထားတယ်”

တိုက်ပွဲရှောင်စာသင်ကျောင်းနဲ့စေတနာ့ဝန်ထမ်းဆရာများ

စေတနာ့ဝန်ထမ်းဆရာမတွေဟာ စစ်ရှောင်ကလေးတွေအတွက် ပညာရေးကွက်လပ်ကို ဖြည့်ပေးနိုင်ခဲ့ပေမယ့် ကလေးတွေစိတ်ထဲ စွဲကျန်နေတဲ့ စစ်ရဲ့အနိဌာရုံတွေကိုတော့ ဖယ်ရှားပေးဖို့ မစွမ်းနိုင်ခဲ့ပါဘူး။ စစ်ရှောင်စခန်းမှာ ရောက်လာတဲ့ သူအများစုဟာ ကြောက်စိတ်တွေ ရှိနေပြီး “ ရေပုံး ပြုတ်ကျ၊ တစ်ခုခု ပြုတ်ကျဖြစ်ဖြစ် လန့်ပြီး အော်ကြတယ်” လို့ ဆိုပါတယ်။

ကလေးတွေအချင်းချင်း ပြောကြတဲ့ သူတို့ကြုံတွေ့လာရတဲ့ ဇာတ်လမ်းတွေဟာလည်း တိုက်ပွဲ၊ ဗုံးကြဲလေယာဉ်၊ သေနတ် စတာတွေ ဖြစ်ကြတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့လည်း ဆိုပါတယ်။

လွယ်လွယ်နှင့် မေ့ပျောက်နိုင်ကြမည်မဟုတ်သည့် ဖြစ်ရပ်ဆိုး

” တော်တော်ကို ဒုက္ခများပါတယ်ဗျာ။ ဘယ်ပါတီဝင်မှလည်းမဟုတ်၊ ဘယ်အဖွဲ့မှလည်းမပတ်သက်၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေကို ဒီလိုလုပ်တာ အတော်ကိုရက်စက်လွန်းပါတယ်”

တပို့တွဲလပြည့်နေ့ သျှားမီးပူဇော်ခြင်းပွဲတော် မြင်ကွင်းများ

ဓါတ်ပုံ – သျှန်ကီခမ်း တပို့တွဲလပြည့်ညဆိုရင် ရှမ်းပြည်နယ်မှာ နှစ်စဉ်ပြုလုပ်ကျင်းပလျှက်ရှိတဲ့ ရိုးဓလေ့တစ်ခုရှိပါတယ်။ အဲ့ဒီပွဲတော်ကတော့ သျှားမီးပူဇော်တဲ့ပွဲပဲ ဖြစ်ပါတယ်။  တပို့တွဲလဟာ ဆောင်းရာသီကာလမှာ အအေးဆုံးဖြစ်တာကြောင့်  မြတ်စွာဘုရားရှင်ကို ရည်စူးပြီး အနွေး ဓာတ်ပေး ပူဇော်တဲ့အနေနဲ့ ရှားမီးကို မျိုးစုံကပ်လှူကြလေ့ ရှိပါတယ်။  ဟိုပုံးမြို့နယ်ရှိ ထမ်းစမ်းလှိုဏ်ဂူတော် ဟိုပုံးကိုရင်လေးကျောင်းမှာလည်း နှစ်စဉ် နှစ်တိုင်း ဆီမီးတစ်ထောင် ကျင်းပပြီး အနီး အနားရှိ တိုင်းရင်းသားများကလည်း လာရောက် ပူဇော်လေ့ရှိကြပါတယ်။ ထိုအနီးနားမှာရှိတဲ့ ကျေးရွာတွေ အများစု ဟာလည်း  တပို့တွဲ လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုမှာ  ယာဂုတွေ ကြိုချက်လေ့ရှိကြပါတယ်။ အနီးနားမှာ ပအိုဝ်းကျေးရွာတစ်ရွာကတော့ လပြည့်နေ့မှာ ယာဂု၊ အလှူစာ၊ ပိုက်ဆံစတဲ့ ပစ္စည်းတွေနဲ့ ကျေးရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို လိုက်ကန်တော့တာတွေ ဘုန်းကြီးကျောင်းတက်တာမျိုးတွေ ပြုလုပ်ကြပါတယ်။ ထိုလပြည့်နေ့မှာ […]