အဆုံးထိပါဝင်သွားမည့် ပြောက်ကျားသပိတ်တိုက်ပွဲဝင်အမျိုးသမီးများ
ခင်ဘုန်းမို့။ ။ စစ်အာဏာသိမ်းမှုတစ်နှစ်ခွဲခန့်ရှိလာခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ပြလှုပ်ရှားမှုတွေက ယနေ့တိုင်ရှိနေဆဲပါ။ အာဏာသိမ်းခါစ ကာလလောက်ကလို အင်နဲ့အားနဲ့မဟုတ်တော့ပေမယ့် ပြောက်ကျားသပိတ်တွေက ခပ်စိပ်စိပ်ရှိနေတုန်း ပါပဲ။ စစ်ကောင်စီဘက်ကလည်း ပြောက်ကျားလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ သပိတ်တွေကိုကားနဲ့တိုက်ဖြိုခွင်းတာ၊ အကြမ်းဖက် ဖမ်းဆီးတာတွေအပြင် ဧည့်စာရင်းအကြောင်းပြဖမ်းဆီးတာတွေပြုလုပ်လာပါတယ်။ သပိတ်တိုက်ပွဲဝင်လူငယ်တွေအနေနဲ့လည်း ဒလန်သတင်းပေးတွေကိုသတိထားရတာ၊ ရှောင်တိမ်းနေထိုင်ဖို့ အိမ်ငှားရ ခက်ခဲတာစတဲ့ အထွေထွေအခက်အခဲတွေရှိလာပါတယ်။ ပြီးခဲ့တဲ့ဇွန်လလယ်ခန့်က မြို့ပြပြောက်ကျားသပိတ်မှာပါဝင်တဲ့ လူငယ်တွေအများဆုံးအသုံးပြုငှားစီးတဲ့ အငှားယာဉ်မောင်း ကို စစ်ကောင်စီကဖမ်းဆီးပြီးတဲ့နောက် ရန်ကုန်ကသပိတ်တိုက်ပွဲဝင် လူငယ်အယောက် ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရတဲ့ အခြေ အနေတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုအထွေထွေအကျပ်အတည်းတွေကကြားကပဲ မြို့ပြပြောက်ကျားသပိတ်မှာပါဝင်တဲ့ လူငယ်တွေဟာ လူထုကို နိူးဆော်ဖို့ စစ်ကောင်စီကို ဆက်လှန်တွန်းလှန်ဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ သပိတ်တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတုန်းပါပဲ။ ဒီအထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပါတယ်။ စစ်ကောင်စီဘက် နည်းလမ်းမျိုးစုံပုံစံမျိုးစုံနဲ့ […]


