သျှန်ကီခမ်း ။ ။ တောင်ကြီးမြို့ဟာ ရှမ်းတိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား အများစု နေထိုင်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။ တောင်ကြီးမြို့ကို ၁၈၉၀ ခုနှစ်မှာ မြို့တည်ခဲ့ပြီး တောင်ကြီးမြို့လို့ခေါ်တွင်စေခဲ့ပါတယ်။ တောင်ကြီးဟာ အေးချမ်းသာယာလှပတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ မြို့လို့ပြောရင်လည်း မမှားပါဘူး။ တောင်ကြီးမြို့က အေးချမ်းသာယာလှပသလို စီးပွားရေးအချက်အချာကြတဲ့ နေရာတစ်ခုဖြစ်တယ်လို့ဆိုရမှာပါ။ စီးပွားရေး အချက်အချာလည်းကျသလို လူဦးရေလည်းထူထပ်တာကြောင့် အနီးအနားမှာရှိတဲ့ ပအိုဝ်းကျေးရွာရှိ ဒေသခံများဟာ တောင်ကြီးမြို့ကို လာရောက်ဈေးရောင်းတာ၊ စီးပွားရှာတာ၊ အလုပ်လုပ်ကြတာတွေရှိပါတယ်။ ဒီလိုမျိုးထဲမှ တောင်ကြီးမြို့ကို လာရောက်ပြီး စားဝတ်နေရေးအတွက် စီးပွားရှာကြတဲ့ ပအိုဝ်းတိုင်းရင်းသားဈေးသည်များရဲ့ လှုပ်ရှားပုံတွေကို Hi က မှတ်တမ်းတင်ခဲ့ပါတယ်။ တောင်ကြီးမြို့နားက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပအိုဝ်းအမျိုးသမီးတွေဟာ ကျေးရွာက ထွက်ရှိတဲ့ ဟင်းသီး ဟင်းရွက် တွေကို ခူးယူလာပြီး […]