ဖိနှိပ်မှုကြားက အာဂအမျိုးသမီးတွေရဲ့ သမိုင်းစာမျက်နှာ
စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ရဲရဲတောက် အာဂ အမျိုးသမီးတွေဟာ ဖိနှိပ်မှု၊ အခက်အခဲ၊ အကြမ်းဖက် နှိမ်နင်းမှုတွေကြားကနေ ပါဝင်နေကြသလို လက်နက်ကိုင် တော်လှန်ရေးမှာပါ ရွပ်ရွပ်ချွံချွံ ပါဝင်နေတာ တွေ့မြင်ရပါတယ်။
ဒါကြောင့်လည်း ဒီလို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ဂုဏ်ယူထိုက်တဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သမိုင်းထင်ကျန်ရစ်ဖို့ အမျိုးသမီးများအသံကို တစိုက်မတ်မတ် ရေးသားနေတဲ့ ဟိုင်းသတင်းဌာနကနေ ၂၀၂၂ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်) ၄ လအတွင်း အမျိုးသမီးများ ပါဝင်ခဲ့ကြတဲ့ သမိုင်း စာမျက်နှာများကို တစုတစည်း ဖော်ပြပေးလိုက်ပါတယ်။


