လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု – consent ဆိုတာဘာလဲ
အခုတလော လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို နေ့စဉ်လူမှုပတ်ဝန်းကျင်မှာရော အွန်လိုင်းပေါ်မှာပါ ခပ်စိတ်စိတ်ကြုံနေကြရတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ အရင်တုန်းက ကျေနပ်နေပြီးမှ ဒါမှမဟုတ် ငြိမ်နေခဲ့ပြီးမှ အခုမှဘာဖြစ်တာလဲဆိုပြီး ပြောနေကြတဲ့သူတွေ၊ မှတ်ချက်ပေးတဲ့သူတွေ တော်တော်များပါတယ်။ ဒါကြောင့် ဒီနေ့မှာတေ့ာ သဘောတူညီချက် consentနဲ့ပတ်သက်တဲ့အကြောင်းအရာကို ဆွေးနွေးဖလှယ်ကြရအောင်။






