စစ်ဘေးနှင့်အငတ်ဘေးကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ကရင်နီစစ်ရှောင် အမျိုးသမီးများ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်သူတွေဟာ အခုဆိုရင် ၅နှစ်နီးပါး ကြာအောင် စစ်ရှောင်ဘဝနဲ့ ရှင်သန်နေကြရပါတယ်။ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ဆေးဝါးမလုံလောက်မှုနဲ့ ရာသီဥတုဒဏ်တွေအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုပါ ပြင်းပြင်းထန်ထန် ခံစားနေကြရတာပါ။
အထူးသဖြင့် စစ်ရှောင်မိခင်တွေဟာ သူတို့ရဲ့ ရင်သွေးငယ်တွေ အငတ်ဘေးကြုံမှာကို စစ်ရေးအန္တရာယ်ထက် တောင် ပိုပြီး စိုးရိမ်နေကြရပါတယ်။ ဒါပေမဲ့ ဒီလို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြိုလဲလုနီးပါး အခြေ အနေမျိုးမှာတောင် စစ်ကော်မရှင်ရဲ့ ငွေကြေးနဲ့ စည်းရုံးသိမ်းသွင်းမှုတွေကို လုံးဝလက်မခံဘဲ ‘တော်လှန်ရေး မအောင်မချင်း နေရပ်မပြန်ဘူး’ ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချထားကြပါတယ်။
ဒုက္ခပေါင်းစုံကြားက ကရင်နီစစ်ရှောင်မိခင်တွေရဲ့ ရင်ဖွင့်သံနဲ့ သူတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်တွေကို စုစည်း တင်ဆက်ပေးထားပါတယ်။
💢 HI – Honest Information နှင့် NMG တို့ ပူးပေါင်း တင်ဆက်သည်။ 💢






