တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိတပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။
This author has not written his bio yet.
But we are proud to say that webmaster contributed 1397 entries already.
ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိတပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။
ထောင်ထဲမှာ ခံစားရတဲ့စိတ်ဒဏ်ရာနဲ့ ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် ဦးနှောက်ရဲ့အစိတ်အပိုင်းကို ထိခိုက်စေတယ်။ ဒါတွေက မျိုးဆက်ပျံပွားတာကို ထိန်းချုပ်တဲ့ ဟော်မုန်းထုတ်တာကို ရပ်သွားစေတဲ့အတွက် ဓမ္မတာက ပျောက်သွားတာပေါ့။ ဒ ီတပတ် HIရဲ့ ပေါ့ကတ်အစီအစဉ်မှာတော့ “အကျဉ်းထောင်တွေထဲ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရတာကြောင့် နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အမျိုးသမီးတွေ “ဓမ္မတာထိန်းခြင်း” ဝေဒနာခံစားနေရတာနဲ့ပတ်သက်ပြီး အကျဉ်းသူဟောင်း၊ ဆရာဝန်နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ရဲ့ အတွေ့အကြုံနဲ့ သဘောထားအမြင်” တွေကို နားဆင်ရမှာပဲဖြစ်ပါတယ်။ “
//အက်ဆေး// နေအေး ကျွန်မ နိုင်ငံရေးပုဒ်မနဲ့ထောင်ထဲမှာ ၄နှစ်နီးပါးလောက် နေခဲ့ရတယ်။ ထောင်ထဲမှာ စာအုပ်၊ စာရွက်၊ ဘောပင်၊ ခဲတံတွေက တားမြစ်ပစ္စည်းတွေဖြစ်ပါတယ်။ ထောင်စာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်တွေဖတ်ခွင့်ရပါတယ်။ အိမ်ကနေသွင်းပေးတဲ့ စာအုပ်တွေကို ထောင်ကခွင့်ပြုရင် ကိုယ့်လက်ထဲ ရောက်လို့ ဖတ်ခွင့်ရတယ်။ ဒါပေမယ့် ကျွန်မတို့က မိသားစုဆီကို တရားဝင်စာရေးတဲ့အချိန်မှအပ ခွင့်ပြုချက်မရှိဘဲ စာရေးခွင့်၊ စာရေး ကိရိယာကိုင်ခွင့် မရှိပါဘူး။ ခွင့်ပြုချက်က ဘယ်သူတွေကို ပေးလဲဆိုတော့ ဘယ်သူ့ကိုမှ မပေးပါဘူး။ ဒုတိယထောင်ပိုင်ရဲ့ အဆောင်တွေစစ်ဆေးဖို့လာတဲ့လမ်းကြောင်းမှာ ဘာသာစကားသင်ကြားမှုတွေ လုပ်ချင်လို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ကိုယ်တိုင်မေးဖူးပါတယ်။ ထောင်မှာတော့ ပုံမှန်အားဖြင့် ခွင့်ပြုလေ့ မရှိပေ မယ့်၊ သက်ဆိုင်ရာအဆောင်မှူးတွေက တာဝန်ယူရင် လုပ်လို့ရကြောင်း ဖြေကြားဖူးပါတယ်။ အဲ့ဒါကြောင့် အဆောင်မှူးတယောက်ဆီကို ဘာသာစကားသင်ချင်လို့ ဆိုတာမျိုး ကိုယ်တိုင်ခွင့်တောင်းဖူးပါတယ်။ […]
အမျိုးသားတွေဟာ အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဒါမှမဟုတ် အိမ်ထောင်ဦးစီးယောကျ်ားဆိုတဲ့ ခေါင်းစဥ်အောက်မှာ အမျိုးသမီးတွေကို ချုပ်ချယ်ကန့်သတ်တာတွေကို ရုပ်ရှင်ထဲမှာပဲ မဟုတ်ဘဲနဲ့ အပြင်လူမှု ပတ်၀န်းကျင်မှာလည်း အများကြီးတွေ့မြင်နေရတာတွေ ရှိပါတယ်။ ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ ပြေတီဦးနဲ့ ပက်ထရစ်ရှာတို့ ပါ၀င် သရုပ်ဆောင် ထားတဲ့ “ဦးရဲ့အရုပ်”ဆိုတဲ့ ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးထားပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၂၀ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက် နှုတ်စုစည်းဖော်ပြအပ်ပါတယ်။
ဗမာအမျိုးသားကာကွယ်ရေးတပ်မတော်( BNRA ) အဖွဲ့ခေါင်းဆောင် ထင်လင်း(ခ)ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ ဝင် တချို့က ၂၀၂၄ မှ ၂၀၂၆ အတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုနှင့် ဆင်သတ်မှု၊ လူသတ်အလောင်းဖျောက်မှုအပါအဝင် ပြစ်မှု ၇ မှု ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
🚨 အများကြီးမမျှော်လင့်ပါဘူး။ သူတို့နိုင်ငံမှာနေပြီး ကျမရဲ့ကလေးလေးကို ပညာသင်ခွင့်ရရင်ကျေနပ်ပါပြီ။🚨 ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဘယ်နိုင်ငံသားကလေးငယ်မဆို အိမ်ထောင်စုစာရင်း အထောက်အထား ရှိရှိ မရှိရှိ၊ ပညာသင်ကြားခွင့် ရရှိမယ်လို့ ထိုင်းအစိုးရက ဥပဒေအသစ်တရပ်ထုတ်ပြန်ထားပြီး၊ အခုကျောင်းဖွင့်ရာသီမှာ ထိုင်းအစိုးရကျောင်းတက်ရောက်ခွင့်ရရှိဖို့ ကြိုးစားနေကြတဲ့ မြန်မာ မိခင်တွေရဲ့ အတွေ့အကြုံတချို့” ကို မေးမြန်းတင်ဆက်ထားပါတယ်။
ရပ်ကွက်တွေမှာ နာယကတို့၊ ဘာသာရေးခေါင်းဆောင်တို့က အများစုက အမျိုးသားတွေဖြစ်တယ်။ ဒီအမျိုးသားတွေကလည်း ဂျဲန်ဒါကိုမသိတဲ့အခါ လူ့အခွင့်အရေးစကားနဲ့ သွားပြောရင်လည်း ဒါငါတို့ရွာ၊ ငါပိုင်တယ်။ ငါတို့ထုတ်တဲ့စည်းကမ်းပဲ ဆိုတာမျိုးတွေရှိတော့ ဖိုဝါဒ ကြီးစိုးမှုတွေက ရှိနေဆဲဖြစ်တယ်။
“အရွယ်ရောက်ပြီးသား အမျိုးသမီးတိုင်းရဲ့ အိပ်မက်က အိမ်ထောင်ပြုဖို့ မဟုတ်ပါဘူး” ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ အဆိုတော် ဗျူဟာကိုယ်တိုင် ရေးစပ် သီဆိုထားတဲ့ “အပျိုကြီး” ဆိုတဲ့ လူသိများခဲ့တဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။
“အခုနောက်ပိုင်းက တခုခုဆို အကူအညီတောင်းဖို့ ခက်လာတယ်၊ လူတိုင်းက ပြဿနာမဖြစ်ချင်ကြတော့ တော်ရုံဆို မသိချင်ယောင်ဆောင်နေကြတော့ ဘယ်သူ့ကို အကူအညီတောင်းရမလဲ မသိဘူးပေါ့၊ ငယ်ရွယ်တဲ့ မိန်းကလေးတွေဆိုလည်း ဒီလိုအလုပ်ခံရရင် ရှက်တော့ တုန့်ပြန်ဖို့ ခက်မယ်ထင်တယ်”

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။