“ရေမရှိတဲ့နွေအလယ်မှာစစ်ရှောင်ပြည်သူတွေဘယ်လိုရုန်းကန်နေကြရသလဲ”
🚨 အဝေးကြီးသွားသယ်ရတာထက် လမ်းမှာ စစ်တပ်နဲ့တွေ့ပြီး ဖမ်းခံရမလား၊ မုဒိမ်းကျင့် ခံရမလားဆိုတဲ့ ကြောက်စိတ်က ကျမတို့အတွက် အကြီးမားဆုံး ဝန်ထုတ်ဝန်ပိုးပဲ 🚨
ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “အပူရှိန် ပိုမိုမြင့်တက်လာတဲ့နွေရာသီ ကျရောက်လာတဲ့ အချိန်မှာ စက်သုံးဆီဈေးတွေက အဆမတန်မြင့်တက်နေတာကြောင့် တောတောင်တွေထဲ စစ်ရှောင်နေရ သူတွေ ရေချိုရရှိနိုင်ရေး ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နေရပါသလဲ၊ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုမျှော်လင့်ချက်တွေရှိနေသလဲ” ဆိုတဲ့ မြေပြင်က အသံတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်။











