“ပဋိပက္ခကာလလိင်အကြမ်းဖက်မှုများအပေါ်ဘယ်လိုတုန့်ပြန်ဆောင်ရွက်ကြမလဲ” စကားဝိုင်းဆွေးနွေးပွဲ

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တခုလိုမျိုး အာဏာရှင်စစ်တပ်က တောက်လျှောက်သုံးလာခဲ့တာရှိပါတယ်။ အခုဆိုရင် တော်လှန်ရေးကာလက ၅ နှစ် ထဲမှာ ရောက်လာပါပြီ။ 

တော်လှန်ရေး ၅ နှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အချက်အလက်စုဆောင်းတာတွေ၊ တရားမျှတမှတွေ ရဖို့အတွက် ကျူးလွန်ခံရသူတွေက အရဲစွန့်အသံတွေ ထုတ်ဖော်ကြရတာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကလည်း သက်ဆိုင်ရာယန္တရားတွေက ထိထိရောက်ရောက် အရေးယူပေးအောင် ကြိုးပမ်းလုပ် ဆောင်နေကြတာတွေလဲ မြင်ရ၊ ကြားရပါတယ်။

 ဒီစကားဝိုင်းကတော့ အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ အခြေအနေတွေ၊ ဖြေရှင်းပေးတဲ့ အခြေအနေတွေနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။