Entries by webmaster

လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု – consent ဆိုတာဘာလဲ

အခုတလော လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို နေ့စဉ်လူမှုပတ်ဝန်းကျင်မှာရော အွန်လိုင်းပေါ်မှာပါ ခပ်စိတ်စိတ်ကြုံနေကြရတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ အရင်တုန်းက ကျေနပ်နေပြီးမှ ဒါမှမဟုတ် ငြိမ်နေခဲ့ပြီးမှ အခုမှဘာဖြစ်တာလဲဆိုပြီး ပြောနေကြတဲ့သူတွေ၊ မှတ်ချက်ပေးတဲ့သူတွေ တော်တော်များပါတယ်။ ဒါကြောင့် ဒီနေ့မှာတေ့ာ သဘောတူညီချက် consentနဲ့ပတ်သက်တဲ့အကြောင်းအရာကို ဆွေးနွေးဖလှယ်ကြရအောင်။

စစ်ဘေးနှင့်အငတ်ဘေးကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ကရင်နီစစ်ရှောင် အမျိုးသမီးများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်သူတွေဟာ အခုဆိုရင် ၅နှစ်နီးပါး ကြာအောင် စစ်ရှောင်ဘဝနဲ့ ရှင်သန်နေကြရပါတယ်။ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ဆေးဝါးမလုံလောက်မှုနဲ့ ရာသီဥတုဒဏ်တွေအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုပါ ပြင်းပြင်းထန်ထန် ခံစားနေကြရတာပါ။  အထူးသဖြင့် စစ်ရှောင်မိခင်တွေဟာ သူတို့ရဲ့ ရင်သွေးငယ်တွေ အငတ်ဘေးကြုံမှာကို စစ်ရေးအန္တရာယ်ထက် တောင် ပိုပြီး စိုးရိမ်နေကြရပါတယ်။ ဒါပေမဲ့ ဒီလို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြိုလဲလုနီးပါး အခြေ အနေမျိုးမှာတောင် စစ်ကော်မရှင်ရဲ့ ငွေကြေးနဲ့ စည်းရုံးသိမ်းသွင်းမှုတွေကို လုံးဝလက်မခံဘဲ ‘တော်လှန်ရေး မအောင်မချင်း နေရပ်မပြန်ဘူး’ ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချထားကြပါတယ်။  ဒုက္ခပေါင်းစုံကြားက ကရင်နီစစ်ရှောင်မိခင်တွေရဲ့ ရင်ဖွင့်သံနဲ့ သူတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်တွေကို စုစည်း တင်ဆက်ပေးထားပါတယ်။  💢 HI […]

ဆုံးရှုံးမှုကြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး တနှစ်ပြည့်ပြီ

‼️ မိသားစုဝင်တွေ တပြိုင်နက်တည်း ဆုံးရှုးလိုက်ရတော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ နာကျင်မှုပါပဲ။ ငလျင်ကြောင့် အိမ်ခြေရာမဲ့ဖြစ်ခဲ့ရသလို၊ ကိုယ့်ဘဝရဲ့အရေးပါတဲ့သူတွေဆုံးရှုးရတော့ ဒီ ၁ နှစ်လုံး ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ တွေးကြည့်ရင်တောင် အသက်ရှုကျပ်တယ် ‼️ ဒီတပတ်ပေါ့ကတ်အစီအစဉ်မှာတော့ “မြန်မာ့သမိုင်းရဲ့ ထိခိုက်ပျက်စီးမှုအများဆုံးစာရင်းဝင်ခဲ့တဲ့ စစ်ကိုင်းငလျင် ၁ နှစ်ပြည့်နှစ်ပတ်လည်မှာ ဒီတနှစ်တာကလအတွင်း ဒဒေသခံပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအခြေအနေ” တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မတူခြင်းက အပြစ်တခုလား

ဒေဝီ ပြီးခဲ့တဲ့လပိုင်းက အင်တာနက်လူမှုကွန်ရက် TitTok မှာ နာမည်ကြီးလူသိများတဲ့ လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူ LGBT တဦးဟာ ထိုင်း-မြန်မာနယ်စပ်မြို့၊  မဲဆောက်ရဲ့ မြို့ပြင်တနေရာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဧရာဝတီမ လို့ လူသိများတဲ့ သူရဲ့ စိတ်မကောင်းစရာသတင်းက လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တယ်။ အဲ့ဒီသတင်းအောက်က မှတ်ချက်အချို့မှာတော့ ကိုယ်ချင်းစာနာမှုထက် ခွဲခြားမှုတွေ ပိုမြင်တွေ့ခဲ့ရပါတယ်။ သေဆုံးသူကို  သနားဂရုဏာသက်ကြတာ၊ လုံခြုံရေးကို ဦးစားပေးပြီး သွားလာနေထိုင်ဖို့ သတိပေးကြတာ စတဲ့ အပြုသဘောဆောင်မှတ်ချက်တွေလည်းရှိသလို လိင်စိတ်ခံယူမှုအပေါ်အခြေခံပြီး ဝေဖန်ပြောဆိုတာနဲ့ လှောင်ပြောင်တဲ့ အရေးအသားတွေ အများအပြားရှိခဲ့တာကို သတိပြုမိတယ်။ ကိုယ်ချင်းစာနာတရားခေါင်းပါးတဲ့မှတ်ချက်တချို့ထဲမှာ ကျူးလွန်သူတရားခံထက်၊ ခံရသူ(နစ်နာသူ)ရဲ့ ဖြစ်တည်မှုအပေါ် မူတည်ပြီး အကြမ်းဖက်ခံရတာထိုက်တန်သလိုပြောဆိုမှုတွေဟာ လူ့အဖွဲ့အစည်းကြား လိင်စိတ်ခံယူမှုကွဲပြား ခြားနားသူတွေအပေါ်  ခွဲခြားမှုတွေ ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြနေတယ်။   ဒီအခြေအနေမျိုးကို […]

အိမ်ဖော်မလေး

အိမ်ထောင်မကျသေးတဲ့ မိန်းကလေးက ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ အကြောင်းအရင်းကို မမေးဘဲ၊ မသိဘဲ အမျိုးသမီးတွေကိုပဲ လက်ညှိုးထိုး အပြစ်တင်နေကြတုန်းလား?

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ် ၇ ရက်မှ ၁၃ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်းဖော်ပြအပ်ပါတယ်။

“ဖြစ်တည်မှုကြောင့် ထပ်ဆင့် ဖိနှိပ်ခံရတဲ့ LGBT နိုင်ကျဉ်းတွေ”

“လူအယောက် လေး၊ ငါးရာလောက်ရှိနေတဲ့ ပတ်ချာလည်ကြီးမှာ ထောင်သားတွေ လည်း သွားလာနေတဲ့နေရာမှာ အကျီကျွတ်ကြီးနဲ့ ရင်သားကြီးနဲ့ ဆံပင်ဖားလျားကြီးနဲ့ရှိခဲ့ရတာ”

တန်းတူညီမျှရေးကို ရှေးရှုမှ လူထုတော်လှန်ရေးအောင်မြင်မယ်

“ခွဲခြားဆက်ဆံမှု၊ အုပ်စုဖွဲ့ဗိုလ်ကျမှု၊ ငါနှင့်မတူငါ့ရန်သူသတ်မှတ်မှုများမှ တဆင့် လူထုတော်လှန်ရေး၏တန်ဖိုးနှင့် အရှိန်အဟုန်ကို ထိခိုက်ပျက်ပြားစေသော အောက်ခြေတပ်ဖွဲ့ အချို့၏ လုပ်ဟန်များကို အမြန်ဆုံးပြုပြင်ရမည်”

မပြောချင်လို့ကြည့်နေတာကြာပြီ

ရတဲ့ဝင်ငွေနဲ့ အဆင်ပြေအောင် အိမ်ထောင်မှု စီမံတာတွေက ဇနီးတယောက်တည်း၊ မိခင်တယောက်တည်းရဲ့ တာဝန်ဆိုပြီး ပုံဖော်တာတွေက အမျိုးသမီးတွေအပေါ်ကို အိမ်ထောင်တခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးတွေ အကုန်လုံးကို ပစ်တင်ထားသလိုဖြစ်နေပါတယ်။ 

ရခိုင်ပြည်နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့ 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာဖြစ်ပွားခဲ့တဲ့ လေကြောင်းကနေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၃ဦး သေဆုံးမှုအပါအဝင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။