အပင်း
💢အကြောင်းပြချက်မျိုးစုံနဲ့ဖောက်ပြန်နေတဲ့အမျိုးသားတွေရှိကြတယ်။ အမျိုးသမီးတွေကသူတို့ရဲ့လိုအင်ဆန္ဒကိုမဖြည့်ပေးလို့၊အမြဲဆူပူလို့၊ နားမလည်ပေးလို့ဆိုပြီးအပြစ်ရှာပြီးအမျိုးသားတွေအနေနဲ့ဖောက်ပြန်ကြတာတွေရှိကြပါတယ်။ ဒီလိုဖိုဝါဒကြီးစိုးတဲ့အပြုအမူတွေ၊ အလေ့အထတွေကိုဒီဇာတ်ကားထဲကနေတဆင့်ကျမတို့လူမှုအသိုင်းအဝိုင်းထဲကိုထပ်ဆင့်ပြန့်ပွားအောင်လုပ်နေတယ်ဆိုတာသတိပြုမိဖို့လိုပါတယ်။💢
ဒီတစ်ပတ်ဖျော်ဖြေရေးကဏ္ဍထဲကဂျဲန်ဒါအစီအစဉ်မှာတော့ထွန်းအိန္ဒြာဗိုလ်၊ထွန်းထွန်းနှင့်အခြားသရုပ်ဆောင်တွေပါဝင်တဲ့“အပင်း”ဆိုတဲ့ဇာတ်ကားကိုဂျဲန်ဒါရှုထောင့်ကနေဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။










