စိုးရိမ်ရတာပေါ့
‼️ သင်္ကြန်သီချင်းအများစုမှာ အမျိုးသမီးတွေကို ကာယိအိန္ဒြေပျက်ပြားစေတဲ့၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မြောက်တဲ့ အသုံးအနှုန်းတွေကို စနောက်သလို၊ လူငယ်တွေကြားက ချစ်စရာ ဓလေ့လိုလို ရေးဆိုတတ် ကြပါတယ်။ အထူးသဖြင့် သင်္ကြန်ကာလတွေမှာ စနောက်သလိုနဲ့ ဒီလိုအသုံးအနှုန်းတွေသုံးပြီး အမျိုးသမီးတွေ စိတ်မလုံမခြုံဖြစ်အောင် ကျူးလွန်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ဘက်မှာ ဒီလိုမျိုး အမျိုးသမီးတွေကို ကာယိအိန္ဒြေပျက်ပြားစေတဲ့ လုပ်ရပ်တွေကို မလုပ်ဖို့ကို အမျိုးသားတွေကို တိုက်တွန်း ထားတာတွေကို သင်္ကြန်သီချင်း အများစုမှာတော့ မတွေ့ရပါဘူး။ ‼️
ဒီတစ်ပတ်က သင်္ကြန်လည်းနီးပြီဆိုတော့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာ သင်္ကြန်သီချင်းတစ်ပုဒ်ကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးဖို့ ရွေးထားပါတယ်။ သီချင်းက ဒီယံနဲ့ ၀ီလျှံတို့ သီဆိုထားတဲ့ “စိုးရိမ်ရတာပေါ့” ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။








