မိန်းမနိုင်သူကြီး
“အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်တယ်” ဆိုတဲ့ အကြမ်းဖက်တာကို အချစ်ဆိုတာနဲ့ မဆီမဆိုင် အတင်း ဆက်စပ်ထားတဲ့ ဆိုရိုးစကား၊ စကား ပုံတွေက အင်မတန်မှ အန္တရာယ်ရှိတဲ့ ဆိုရိုးစကားအမျိုးအစားထဲမှာ ပါဝင်နေတယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။
ဒီတပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “မိန်းမနိုင်သူကြီး”ဆိုတဲ့ ဟာသ ဇာတ်လမ်းတိုကို ဂျဲန်ဒါရှုထောင့်ကနေမှ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။











