Split image showing two male actors from the drama “Hmattapar Akyarmarshipyi” on the left and HI presenter smiling on the right, for a gender-analysis entertainment segment

မှတစ်ပါး အခြားမရှိပြီ

“မိန်းကလေးတွေ တော်တော်များများက အိမ်ထဲမှာပဲနေပြီး အချိန်တန်ရင် ယောင်္ကျားယူ၊  ယောင်္ကျားကို လုပ်ကျွေးပြုစုရမှာ အတန်းပညာတတ်စရာမလိုဘူးဆိုတဲ့ အတွေးအခေါ်တွေက 

ယောင်္ကျားတွေကို ဦးစားပေးတဲ့ ဖို၀ါဒကြီးစိုးတဲ့ လူ့အသိုင်းဝိုင်းတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။”

ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ စာရေး ဆရာမ မိုးမိုး(အင်းလျား)ရဲ့ နာမည်ကြီး၀တ္ထုကို ပြန်ပြီးတော့ ပုံဖော်ရိုက်ကူးထားတဲ့ အခုလက်ရှိမှာလဲ ပြနေဆဲဖြစ်တဲ့ “မှတစ်ပါး အခြားမရှိပြီ” ဆိုတဲ့ ဇာတ်ကားလေးကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။