
တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

သတင်းမီဒီယာလောကထဲ ပထမဆုံးတစ်သက်တကျွန်းပြစ်ဒဏ်ချမှတ်ခံရသူ အမျိုးသမီးဒါရိုက်တာ ရှင်ဒေဝီ
“ဒရုန်းနဲ့မိလို့ တသက်တကျွန်းကျတယ်ဆိုတာကြီးက filmmaker တစ်ယောက်အနေနဲ့ရော ပြည်သူတစ်ယောက်အနေ နဲ့ရောဘယ်လိုအခြေအနေမျိုးမှာမဆိုလက်ခံနိုင်စရာအကြောင်းကိုမရှိဘူး။”လို့ filmmaker တစ်ဦးဖြစ်တဲ့ Can Dal က ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

အခက်အခဲတွေကြားက ရင်သားကင်ဆာကို တိုက်ပွဲဝင်ကုသသွားဖို့ ဆုံးဖြတ်ထားသူ အမျိုးသမီး
ရင်သားကင်ဆာရောဂါကအမျိုးသမီးတိုင်းမှာဖြစ်နိုင်ချေရှိပြီး အသက်အရွယ်၊ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံတွေနဲ့ သက်ဆိုင်နေပါတယ်။

ရခိုင်တိုက်ပွဲ လေးလကျော်အတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါးထိခိုက်ဒဏ်ရာရရှိ
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွါးခဲ့တဲ့ ရခိုင်တိုက်ပွဲလေးလကျော်ကာလအတွင်းမှာ အမျိုးသမီး ၆၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၉၈ ဦး) ၂၀၀ နီးပါးထိရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဧပြီလ ၃ ရက် နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေ အသိပညာပေး
ဒီကနေ့ရဲ့ “မှတ်သားစရာ အသိပညာ” အစီအစဉ်မှာတော့ ယနေ့ခေတ်လူငယ်တွေနဲ့ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်တဲ့စိန်ခေါ်မှုတွေကိုအသိပညာပေး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

လူမူဝန်းကျင်အကျိုးပြုတဲ့ ငှက်မျိုးစိတ်တွေ ထိန်းသိမ်းစေလိုတဲ့ အမျိုးသမီး
“ဒါထိန်းသိမ်းတာက ဘယ်သူ့ဘယ်သူအတွက်ရဲ့ကိုယ်ကျိုးမှမပါဘူး။ ဒါက ကိုယ့်နိုင်ငံအတွက် နောက်မျိုးဆက် ကလေး တွေအတွက် စိတ်မျိုးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ကျမတို့ဌက် မျိုးတုန်း ပျောက်ကွယ် တဲ့ အဆင့်က တဖြေးဖြေးလျော့ကျလာမယ်လို့ ကျမကယူဆပါတယ်။”

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
မတ် ၂၅ရက်ကနေ ၃၁ရက်အတွင်း…

အမျိုးသမီးများအခွင့်အရေး ကာကွယ်ဖို့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်စို့။
အမျိုးသမီးများအခွင့်အရေး ကာကွယ်ဖို့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်စို့။


