စစ်ဘေးစစ်ဒဏ်နဲ့ ရေဘေးဒုက္ခအကြား သောကပိုနေရတဲ့ အညာသူတွေ

“စဉ်းစားလိုက်လို့ရှိရင် အိပ်လို့လည်းမပျော်ဘူး၊ စားလို့လည်းမဝင်တော့ဘူး။ ဒီကလေးတွေက ဒီနီတာရဲလေးက တစ်ယောက်၊ နှစ်တန်းကလေးကလည်း မကူးတတ်မခတ်တတ်ကလေးတစ်ယောက်နဲ့ ဆိုတော့ သက်ကြီးရွယ်အိုက နှစ်ယောက်နဲ့ဆိုတော့ ဘယ်လိုများ လုပ်ကြမလဲ၊ ရှေ့လျှောက်နဲ့ပေါ့၊  ရေကြီးလာလို့ စားဝတ်နေရေးကလည်း အဆင်မပြေဘူးလေ။”